ကျပ်သိန်းပေါင်း ၆ သောင်းခွဲခန့်ရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီး
This article has been converted from Zawgyi One to Unicode
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်ဆတ်ခရိုင် မယ်ကြုတ် (၂) ကျေးရွာအနီးက လျှိုမြောင်တောင်ကြောတွေကြားမှာ မြေမြှုပ် သိုဝှက် ထားတဲ့ ကျပ်သိန်းပေါင်း (၆၄၁၇၇) ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို အခုလ ၁၀ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းဖော်ထုတ်ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဖော်ထုတ်ဖမ်းဆီးရမိတဲ့ အထဲမှာ ကာလတန်ဖိုး ကျပ်သန်းပေါင်း ၄၈၁၀ ကျော်ဖိုးရှိ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၆၇၂၀၀၀)ပြား၊ ကျပ်သိန်း (၁၁၂၀) တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၂၀ (အလေးချိန် ၇ ကီလို)၊ ကျပ်သိန်းပေါင်း (၁၀၅၀၀) တန်ဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြားအမှုန့် (၄၂) ကီလို၊ ကျပ်သိန်းပေါင်း (၁၀၅၀၀) တန်ဖိုးရှိ ပန်းရောင် စိတ်ကြွဆေးပြားအမှုန့် (၄၂) ကီလို၊ ကျပ် သိန်းပေါင်း (၂၆.၆၂၅) တန်ဖိုးရှိ ကဖင်း (၂) အိတ် (အလေးချိန် ၃၅.၅) ကီလို၊ ကျပ်သိန်းပေါင်း (၁၈၀) တန်ဖိုးရှိ ဘိန်းစိမ်း (၁၈) ကီလို၊ ကျပ်သိန်းပေါင်း (၅၀) တန်ဖိုးရှိ ကော်မှုန့် (၁၀၀) ကီလို၊ ကျပ် (၆၆၀၀၀) တန်ဖိုးရှိ အနံ့ဆေးရည် (၁၁) လီတာ၊ အမွှေးရည် (၃) ပုလင်းနဲ့ ချစ်ကြည်ရေး တံဆိပ်တုံးမျိုးစုံ (၉) ခုတို့နဲ့ အတူ မူးယစ်ဆေးဝါးပြုလုပ်ရာအသုံးပြုတဲ့ ပစ္စည်းတချို့ကိုဖမ်းဆီးရမိကြောင်းထုတ်ပြန်ထားပါတယ်။