Politics

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး မျက်ခြည်မပြတ် စောင့်ကြည့်မည်ဟု ဂျွန်ကယ်ရီပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမေရိကန်အစိုးရ အနေဖြင့် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံကြောင်း ထပ်မံ အတည်ပြု ပေးခဲ့ သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှု အပါအဝင် မြန်မာနိုင်ငံမှ ပြဿနာများကို လျစ်လျူမရှုဘဲ မျက်ခြေမပြတ် စောင့်ကြည့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုလိုက်သည်။

ဂျွန်ကယ်ရီ၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ၂ ရက်ကြာခရီးစဉ်တွင် နေပြည်တော်၌ ကျင်းပသည့် အာဆီယံနှင့် ဒေသတွင်း အစည်းအဝေး များသို့တက်ရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

“သမ္မတနဲ့ သူ့ရဲ့ အစိုးရအဖွဲ့နဲ့ ကျနော်တို့ အလွန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။ လူ့အခွင့်အရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲ အကြောင်းနဲ့ ပွင့်လင်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ လိုအပ်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့ ပြောခဲ့ပါတယ်။ လတ်လောမှာ စာနယ်ဇင်းသမားတွေ ဖမ်းဆီး ခံ နေရတဲ့ အကြောင်းလည်း ပြောခဲ့ပါတယ်” ဟု ဂျွန်ကယ်ရီက  နေပြည်တော် တွင် သြဂုတ်လ ၁၀ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဂျွန်ကယ်ရီက  ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်များခွဲခြားဆက်ဆံခြင်းခံနေရသည့် ကိစ္စနှင့် ပတ်သက်သည့် စိုးရိမ်ပူ ပန်မှုများ ကိုလည်း သမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အမေရိကန်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို ဖြေလျှော့ထားပြီးဖြစ်သော်လည်း မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ် ဆောင်ချက်များကို မျက်ခြေမပြတ်စောင့်ကြည့်သွားမည်ဟု ဂျွန်ကယ်ရီက ဆိုသည်။

“ခုချိန်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ယခင်စစ်အစိုးရ အဖွဲ့ဝင်တွေနဲ့ ပြုပြင်ပြောင်းလဲရေးကို အခုအချိန်အထိ ဆန့်ကျင်နေသူ တွေကိုပဲ အဓိက ဦးတည်ထားပါတယ်။ အားလုံး အဆင်ပြေနေပြီလားဆိုရင်တော့၊ ခုထိမပြေ သေးပါဘူး။ လုံး၀ ပါပဲ။ တရားမျှ တမှု၊ တာဝန်ယူမှု၊ လူ့အခွင့်အရေးနဲ့ အမေရိကန်က အမြဲတမ်း ကိုင်စွဲခဲ့တဲ့ စံချိန်စံညွှန်းတွေကို ချိုးဖောက်မှုတွေ ရှိ နေတာကိုလည်း လျစ်လျူရှု မထားဘဲနဲ့ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်” ဟု ဂျွန်ကယ်ရီက ဆက်လက် ပြော ဆိုသည်။

ဂျွန်ကယ်ရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ပြုလုပ်နေ သည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုကို ထောက် ခံသည်ဟု ပြောဆိုကြောင်း သိရှိရသည်။

စစ်တပ်က ဦးဆောင်ရေးဆွဲထားသည့် အခြေခံဥပဒေတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ရာထူး အတွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိအောင် တားမြစ်ပိတ်ပင်ထားခြင်းများ ပါဝင်နေပြီး မြန်မာစစ်တပ် ကို နိုင်ငံရေး တွင် အဓိကကျသည့်နေရာပေးထားသည့် အချက်များလည်းပါဝင်နေသည်။

မြန်မာနိုင်ငံကို Burma နှင့် Myanmar ဟူ၍ ရောထွေးသုံးစွဲသွားသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက  မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အပြည့်အ၀ အသွင်ကူးပြောင်းနိုင်ရေးက အချိန်ယူရလိမ့်မည်ဟု ပြောသည်။

“ဘယ်နေရာမှာမှ တညတည်းနဲ့ ဖြစ်မလာနိုင်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာလည်း တညတည်းနဲ့ဖြစ်မလာခဲ့ပါဘူး။ ကျနော်တို့တွေဟာ ကျေးကျွန်စနစ်ကို ထည့်သွင်းထားတဲ့ အခြေခံ ဥပဒေနဲ့ စတင်ခဲ့ရပါတယ်။ နောက်ဆုံးတော့ လွန်ခဲ့တဲ့ နှစ် ၁၀၀ မတိုင်မီကမှ ဒါကို ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ တခါတလေမှာ အပြောင်းအလဲ အတွက် အချိန်လိုပါတယ်” ဟု ဂျွန်ကယ်ရီက ပြောဆိုသည်။

အမေရိကန်အစိုးရသည် ဦးသိန်းစိန်ဦးဆောင်သည့် ပြုပြင်ပြောင်းလဲ အစိုးရ၏ အစောပိုင်း တိုးတက်မှု လက္ခဏာများကို အသိအမှတ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ ပေးခဲ့သော်လည်း ပိတ်ဆို့မှုများကို အပြီးသတ် ရုပ်သိမ်းခြင်းမရှိသေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading