သတင်းတို

ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်အခန်းကဏ္ဍအရေးပါဟု နော်ဝေနိုင်ငံက ဆို

This article has been converted from Zawgyi One to Unicode

မြန်မာ့ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၌ တပ်မတော်၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး H.E Ms Ann Ollestad က ယမန်နေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေဆုံစဉ် ပြောကြား ခဲ့သည်ဟု ယနေ့ထုတ် အစိုးရသတင်းများတွင် ဖော်ပြထားသည်။ နော်ဝေနိုင်ငံသည် လက်ရှိပြုလုပ်နေသည့် ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကူအညီပေးလျှက်ရှိပြီး၊ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တွင်လည်း ရင်းနှီးမြုပ်နှံလျှက်ရှိသည်။

Loading