• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

အလှမယ်တို့ရဲ့ သရဖူ ပြဿနာ

by မစပ်စု
13 August 2014
in Women
A A
အလှမယ်

Miss Globe International 2014 ကို သွားရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ဘဲ သရဖူ ရုပ်သိမ်းခံလိုက်ရသူ ဂျူးစံသာ Miss Globe Myanmar သရဖူ ရခဲ့စဉ်က မြင်ကွင်း (ဓာတ်ပုံ - ဂျေပိုင်/ ဧရာဝတီ)

8.3k
VIEWS
Share on FacebookShare on Twitter

ပြဿနာပေါင်း သောင်းခြောက်ထောင်၊ အရှုပ်တော်ပုံပေါင်း သောင်းခြောက်ထောက်နဲ့ နေ့စဉ် ကျင်လည်ကျက်စားနေရလို့ နေသားတကျဖြစ်နေတဲ့ မစပ်စုတို့ ရွှေပြည်ကြီးမှာ ဟိုး ကြီးကြီးမားမား ကိစ္စကအစ၊ သေးသေးမွှားမွှားအရာပါ မကျန် ပြောမဆုံး နိုင်အောင်ပါ။ မစပ်စုတို့ ရွှေပြည်ကြီးက ရှိသမျှ ပြဿနာ အကုန်လုံး ပြန်ချရေးပြရမယ် ဆိုရင်တော့ တထောင့် တည ပုံပြင်လောက်ကတော့ နည်းတောင် နည်းသေးတယ်လို့ ဆိုရမလိုပါပဲ။ မစပ်စုက များသောအားဖြင့် အနုပညာပိုင်း၊ Celebrities တွေရဲ့ အကြောင်းကိုပဲ အဓိကထား ရေးဖြစ်နေတော့ လက်တလောမှာ Celebrities တွေ ဘာပြဿနာ ဖြစ်နေကြလဲ ဆိုတာကိုပဲ ပြောရပါဦးမယ်။

အားလုံးလည်း သိကြမှာပါ။ နှစ်ပေါင်းငါးဆယ်ကျော် နောက်ပိုင်းကျမှ ပြန်လည်ခေါင်းထောင်စ ပြုလာလို့ ပြည်သူတွေလည်း တခဲနက် ထောက်ခံအားပေးကြ၊ အွန်လိုင်းကနေ အကြီးအကျယ် Vote လိုက်ကြတဲ့ မြန်မာ့အလှမယ်တွေနဲ့ သူတို့ရဲ့ Organization ၊ National Director တို့အကြားက ပွစိပွစိလေးတွေ ဖြစ်နေကြခြင်းပါ။ တဘက်နဲ့တဘက် အပြန်အလှန် ဖေ့ဘုတ်တွေက တဆင့် ပြည်တွင်းမီဒီယာ ဂျာနယ်တွေကတဆင့် ပြောဆို တုန့်ပြန်နေကြလို့ ဘယ်သူ့ဘယ်သူတွေ ဘက်ကတော့ မှန်နေလဲမသိ၊ ပြောတော့ ပြောနေကြတာပါပဲ။ တော်ကြာနေ ဘယ်အလှမယ်ကိုတော့ သရဖူ သိမ်းလိုက် ပြီတို့၊ တော်ကြာနေ ဘယ်အလှမယ်တွေကိုတော့ နောက်နှစ်အတွက် သရဖူလွှဲပြောင်းခွင့် မပေးတော့ဘူးတို့နဲ့ တမျိုးပြီး တမျိုး မရိုးနိုင်အောင် ကြားနေရခြင်းပါ။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
6
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
971
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
238

လက်ငါးချောင်းတောင် မပြည့်သေးတဲ့ ၂ နှစ်ဆိုတဲ့ ကာလအတောအတွင်းမှာ Miss Asia Pacific ဆိုတဲ့ အလှမယ် သရဖူဆု တဆုကို ဆွတ်ခူးလာနိုင်သလို Internet ဆုဆိုတာကတော့ မယ်မြန်မာတွေအတွက် သီးသန့်လုပ်ထားသလား လို့တောင် ထင်ရပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြည်သူတွေအကြား စိတ်ဝင်တစား ထိုးဖောက် ဆွဲဆောင် ယူနိုင်လာခဲ့ကာ ဒီအချိန်တိုအတွင်းမှာပဲ ပြဿနာတွေနဲ့ အသံဗလံတွေလည်း ဆူဆူညံညံ ဖြစ်အောင် လုပ်နိုင်လာခဲ့တယ်လို့ ဆိုရမလိုပါပဲ။

ဒီ ပြသနာတွေ ဘာကြောင့်ဖြစ်ခဲ့ကြသလဲ။ ဘယ်သူ့ ဘယ်သူတွေဘက်က အားနည်းချက် အားသာချက်တွေ ရှိနေကြလို့လဲ ဆိုတာကို ပြန်လည်သုံးသပ်ကြဖို့ လိုမယ်လို့ထင်ပါတယ်။ ဒီလိုပြဿနာတွေဟာ နိုင်ငံတကာက အလှမယ်တွေ အကြားမှာလည်း မကြာခဏဆိုသလို ဖြစ်နေကြလို့ ထူးဆန်းတဲ့အရာလို့ မဆိုနိုင်ပေမယ့် နှစ်ပေါင်း ၅၀ ကျော် ငြိမ်သက်နေခဲ့ရတဲ့ နိုင်ငံကိုယ်စားပြုမယ့် မြန်မာ့ အလှမယ်လေးတွေကို မစပ်စုအနေနဲ့ ဒီလို ပြဿနာတွေရဲ့ အဝေးမှာ ရှိနေစေချင်တာတော့ အမှန်ပါပဲ။ နိုင်ငံတကာကလည်း အခုမှ ခေါင်းထောင်လာတဲ့ မြန်မာ့အလှမယ်တွေကို အထူး အာရုံမစိုက်ထားဘူးလို့ မဆိုနိုင်ဘူးလေ။ ဒီတော့ ဒီပြဿနာတွေ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ သုံးသပ်ချက် အမြင်တွေကို မစပ်စု စပ်စုကြည့်လိုက် မိပါတော့တယ်။

ဒါဟာ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရပြီးမှ စမ်းတဝါးဝါးနဲ့ ပြန်လည် လုပ်ကိုင်လာခဲ့ရတာမို့ ဒီလို အားနည်းချက်တွေ ပြဿနာတွေ ဖြစ်လာတာလို့ Miss Supranational Myanmar2013 ခင်ဝင့်ဝါ နဲ့ Miss Grand International Myanmar 2013 ထားထက်ထက်တို့ကို သရဖူလွှဲပြောင်းခွင့် ရုပ်သိမ်းခဲ့တဲ့ Miss Golden Land Myanmar Organization မှ CEO ကိုဝေယံအောင်က Organization တွေဘက်က အားနည်းချက်ကို ထောက်ပြဝေဖန်ပါတယ်။

“ကျနော်တို့က နိုင်ငံတကာပွဲတွေ စေလွှတ်ဖို့အတွက် နှစ်ပေါင်း ၅၀ ကျော်လောက် အလှမ်းဝေးကွာ ခဲ့ရတဲ့အတွက် အခုမှ အဖွဲ့အစည်း အနေနဲ့ စထောင်ပြီး လုပ်တာဆိုရင် ၁ နှစ် ၂ နှစ်လောက်ပဲ ရှိကြသေးတယ်ဆိုတော့ အဲဒီအခါမှာ လုပ်ငန်း သဘောတရားကို တချို့ အဖွဲ့အစည်းတွေက နားမလည်ဘဲနဲ့ စာချုပ် စည်းမျဉ်းစည်းကမ်းတွေ ရေးတာတို့၊ ဥပမာ – သုံးနှစ် စာချုပ်ချုပ်ရမယ်တို့ ဒါတွေက မရှိဘူး။ နိုင်ငံတကာ မယ်ပြိုင်ပွဲတွေရဲ့ စည်းမျဉ်း စည်းကမ်းကို နားမလည်ဘဲ လုပ်တယ်လို့ ထင်ပါတယ်။ လူတယောက်ကို Miss အဖြစ် တာဝန် ထမ်းဆောင်ချိန်က တနှစ်ပဲ ဖြစ်သင့်ပါတယ်။ တနှစ်ပြီးလို့ နောက် တယောက်ကို သရဖူလွှဲပေးပြီဆိုရင် သူ့ရဲ့ တာဝန် ကျေပွန်သွားပြီဆိုရင် လွတ်လပ်စွာ အလှမယ်တယောက်ရဲ့ လမ်းကြောင်းကို လုပ်ဆောင်ခွင့် ပေးသင့်ပါတယ်။ သုံးနှစ်တို့ နှစ်နှစ်တို့ဆိုတာ မဖြစ်သင့်ပါဘူး။ နောက်ပြီးတော့ Organization တွေ ကိုယ်တိုင်က နိုင်ငံတကာပွဲတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်မှု လေ့လာလိုက်စားမှု အားနည်းတယ်လို့ ထင်ပါတယ်။ မယ်ပြိုင်ပွဲတွေ တအား ခေတ်စားလာတဲ့အတွက် National Director ကောက်လုပ် သလိုမျိုးတွေ ဖြစ်နေကြတယ်။ ဒါကတော့ ကျနော်တို့ Organization တွေဘက်က National Director တွေဘက်က လိုအပ်ချက်တွေကို ပြောတာပေါ့။ ဒါကလည်း အချိန် ၁ နှစ် ၂ နှစ် အတွင်းမှာ လေ့လာမှု အားနည်းတာရယ် နောက်ပြီးတော့ အလှမ်းဝေးကွာပြီးကာမှ အခုကျမှ အစကနဦး စမ်းတဝါးဝါးနဲ့ လျှောက်နေရပြီးတော့ အားလုံးကတော့ ပထမဦးဆုံး Pioneer တွေပေါ့၊ စွန့်လွှတ်စွန့်စားပြီး လုပ်တဲ့သူတွေမိုလို့ ဒီလိုမျိုး အခက်အခဲတွေ တွေ့ကြုံရတယ်လို့ ထင်ပါတယ်” လို့ သူကဆိုပါတယ်။

ဒီလို အလှမယ်တွေနဲ့ National Director တွေကြား တချို့သော ပြဿနာတွေကို ပြဿနာတရပ်လို့ မမြင်ဘဲ စိန်ခေါ်မှု တရပ်လို့သာ မြင်တယ်လို့ Miss Asia Pacific International မှ National Diretor ကိုဖြိုးပိုင်ဦးက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ ဘက်ကလည်း သဘောအရမ်းကောင်းလွန်တယ်၊ လူတွေကို ယုံလွယ်တာပေါ့။ ယုံတတ်တယ်၊ သနား တတ်တယ်။ ဒါတွေက ကျနော်တို့ရဲ့ အားနည်ချက်လို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် ဒါကို အားနည်းချက်လို့ မဆိုချင်ဘူး။ ကျနော်တို့ကတော့ ဒီအတိုင်းဆက်သွားမှာပဲ။ လူတွေအပေါ်ကို ကောင်းမှာပဲ။ မကောင်းတဲ့သူတွေ ရှိတိုင်း လူတွေကို ကျနော်တို့ မကောင်းဘူးလို့ သတ်မှတ်လို့မရဘူး။ ကျနော်တို့နဲ့ Background တူပြီး အလုပ်လုပ်လို့ရမယ့် သူတွေ၊ စကား အများကြီး ပြောစရာမလိုဘဲ အလုပ်အများကြီး လုပ်လို့ရမယ့်သူတွေ လာမှာပါ။ ဒါကို ပြဿနာလို့ မမြင်ဘူးဗျ။ Challenge ပေါ့။ ဒါတွေက အမြဲတမ်းရှိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ အလုပ်တကယ် လုပ်နေလို့ပါ။ အလုပ်တကယ် လုပ်နေတဲ့ သူတွေဆီမှာ စိန်ခေါ်မှုဆိုတာ ရှိနေစမြဲပါ။ ပြီးတော့ ကျနော်တို့ Industry က အသစ်လည်းဖြစ်တယ်။ ဘယ်လို လုပ်ငန်းမှာ မဆို ဒီလို ပြဿနာဆိုတာ၊ ပွတ်တိုက်မှုဆိုတာ ရှိနေမြဲပါ” လို့ သူက သုံးသပ်ပါတယ်။

Orgnanization တွေ National Director တွေအနေနဲ့ ပြဿနာတခု စဖြစ်ပြီဆိုရင် မီဒီယာတွေပေါ် အကုန်လုံးချပြ ပြောဆိုတာမျိုး မဟုတ်ဘဲ ကိုယ့်မိသားစုပြဿနာလို အချင်းချင်း နားလည်မှုအရင်ရယူ ညှိနှိုင်းသင့်ကာ ဒီလို ပြဿနာ တွေကြောင့် နောက်တက်လာမယ့် အလှမယ်တွေအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ Miss Grand International Myanmar 2014 အတွက် သရဖူလွှဲပြောင်းခွင့် မရတော့တဲ့ Miss Grand International Myanmar 2013 အလှမယ် ထားထက်ထက်က ဆိုပါတယ်။

“Organization ဘက်ကရော၊ National Director ဘက်ကရော လုပ်ငန်းဆန်ဆန်တွေ လုပ်ကြတယ်။ တခုခု ပြဿနာ ဖြစ်ပြီဆိုရင် အချင်းချင်း နားလည်မှုတွေ ရယူကြမယ်ဆိုရင် အကောင်းဆုံးဖြစ်မှာပါ။ မီဒီယာပေါ်မှာ အကုန်လုံး သိသွားအောင် ချပြလိုက်ခြင်းမျိုး မဟုတ်ဘဲနဲ့ ကိုယ့်အချင်းချင်း အရင်နားလည်မှု ရယူသင့်တယ်လို့ ထင်တယ်။ အဖွဲ့အစည်း ဘက်ကလည်း လူကြီးဆန်ဆန်လေး ဖြစ်စေချင်ပါတယ်။ မယ်တွေ ဘက်ကလည်း အဖွဲ့အစည်းနဲ့ စာချုပ် ချုပ်ထားတယ်ဆိုရင် စာချုပ်အတိုင်း အကောင်းဆုံး လိုက်နာပြီး နေကြပါတယ်။ လုပ်စရာရှိတာ အကုန်လုံး လုပ်ကြတယ်။ အဲဒီအပေါ်မှာ ဥပမာတခု ပြောရရင် မယ်တွေက မဂ္ဂဇင်း တစောင်စောင် အတွက်ပဲ ဖြစ်ဖြစ် ပွဲတခုခု တက်ရတာရှိမယ်။ အဲဒီလို ပွဲသွားတက်မယ်ဆိုရင် အဲဒီပွဲက ပွဲစီစဉ်သူနဲ့ Organization ဘက်က လူတွေ၊ National Director တွေနဲ့ မတည့်ရင် မယ်တွေကို မတက်ခိုင်းတာတွေ ရှိပါတယ်။ မယ်တွေ ဘက်ကလည်း ကိုယ့်ရဲ့လှုပ်ရှားမှုအရ ဖိတ်ကြားခြင်း ခံရတဲ့အတွက်၊ ဂုဏ်ပြုချင်တဲ့အတွက် တက်ချင်တာတွေလည်း ရှိပါတယ်။ အဲလိုမျိုးပြဿနာတွေက များလာတဲ့ အခါကျတော့ နားလည်မှုတွေက လွဲကုန်ပါတယ်။ နှစ်ဘက်စလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ နားလည်မှု ရယူမယ် ဆိုရင်တော့ အဆင်ပြေမှာပါ။ အဲဒီလို မရှိတဲ့အတွက် ကိုယ့်ရဲ့ ပြည်တွင်းမှာသာမက နိုင်ငံတကာကပါ မြန်မာနိုင်ငံက နှစ်နှစ်အတွင်းမှာ အောင်မြင်မှု ရလာတဲ့အတွက် စိတ်ဝင်တစားနဲ့ စောင့်ကြည့် နေကြပါတယ်။ အဲဒီအချိန်မှာ ဒီလို ပြဿနာတွေ ဖြစ်လာပြီဆိုရင် နောက်ထပ်လာမယ့် မယ်တွေအတွက် ထိခိုက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်” လို့ Organization တွေအပေါ် ထားထက်ထက်က သူ့ရဲ့အမြင်ကို ပြောပါတယ်။

National Director တွေနဲ့ အလှမယ်တွေကြားမှာ သူ့ဟာနဲ့သူ အကြောင်းပြချက်တွေ ရှိနေတဲ့အတွက် ဘယ်လိုမှ မသုံးသပ်ချင်ပါဘူးလို့ အဇာဘိုင်ဂျန်နိုင်ငံမှာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာကျင်းပတော့မယ့် Miss Globe International 2014 ကိုသွားရောက်ယှဉ်ပြိုင်ခွင့် မရတော့ဘဲ မယ်မြန်မာသရဖူဆုကို အသိမ်းခံခဲ့ရတဲ့ ဂျူးစံသာက ဆိုပါတယ်။

“အဲဒါကိုတော့ ဘယ်လိုမှ မသုံးသပ်ချင်ပါဘူး။ National Director နဲ့ မယ်တွေကြားမှာ အကြောင်းအမျိုးမျိုး ရှိကြပါတယ်။ ကျမမှာလည်း ကျမအကြောင်းပြချက်နဲ့ကျမ ရှိသလို တခြားသူတွေမှာလည်း တခြားအကြောင်းပြချက်တွေ ရှိမှာပါ” လို့ သူက ပြောပါတယ်။

ဂျူးစံသာဟာ အပစ် ၃ ခု ကျူးလွန်ခဲ့တဲ့အတွက် သရဖူရုပ်သိမ်းခံရခြင်း ဖြစ်တယ်လို့ Miss Globe Myanmar ရဲ့ National Director ဖြစ်သူ မလှနုထွန်းက သူ့ရဲ့ facebook စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။ ဂျူးစံသာအစား Miss Globe International 2014 ကို သွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရသူ ကတော့ 4th – Runner up ရခဲ့တဲ့ အေးချမ်းမြေ့လို့ သိရပါတယ်။

အခုလို မယ်ပြိုင်ပွဲတွေကို အချိန်ယူ ကြီးကြီးကျယ်ကျယ် ကျင်းပ၊ သရဖူအပ်ပြီးမှ ပြန်ရုပ်သိမ်းတယ် ဆိုတာကတော့ Organization တွေ အတွက်ကော၊ မယ်တွေ အတွက်ပါ နှစ်ဦးနှစ်ဘက် အဆင်မပြေ၊ မျက်နှာမလှတဲ့ အနေအထားပါ။ ဒီတော့ နှစ်ဘက်စလုံး လိုအပ်ချက်တွေ ရှိနေတယ်လို့ ယူဆရပါမယ်။

“နံပတ်တစ်အနေနဲ့ Organization တွေရဲ့ Background တွေကို အရင်ကြည့်ရပါမယ်။ Miss တယောက်ဖြစ်ပြီးသွားရင် ဘယ်လို တာဝန်တွေကို ထမ်းဆောင်ရမလဲ၊ နာမည်ကြီးရုံ သက်သက်ပဲ ဝင်ပြိုင်တာမျိုးဆိုရင်တော့ မဖြစ်သင့်ဘူး။ ဥပမာ မင်းသမီး ဖြစ်ချင်တယ်ဆိုရင် ဒါရိုက်တာတွေဆီမှာ ပညာသင်လို့ရတယ်။ ရုပ်ရှင်သင်တန်းတွေ တက်လို့ရတယ်။ မော်ဒယ်လ်ဖြစ်ချင်တယ်ဆိုရင် မော်ဒယ်လ် အေဂျင်စီတွေ အများကြီးရှိတယ်။ နောက်တခုက ကိုယ့်ရှေ့ကမယ်တွေ ဘယ်လိုလုပ်သွားသလဲ၊ ဘယ်လို ပြသနာတွေဖြစ်ခဲ့ကြသလဲ ဘယ်လို အောင်မြင်မှုတွေ ရခဲ့ကြသလဲ ဒါတွေကို သင်ခန်းစာ ယူသင့်ပါတယ်။ နောက်တခုက နိုင်ငံတကာ ပြိုင်ပွဲတွေအကြောင်းကို လေ့လာပြီးမှ နိုင်ငံတကာပြိုင်ပွဲတွေရဲ့ ကျင်းပပုံတွေ နိုင်ငံတကာက အလှမယ်တွေ သူတို့ Organization နဲ့ပူးပေါင်းပြီးတော့ နိုင်ငံ့အကျိုးပြုတွေကို ဘယ်လိုလုပ်ဆောင်ခဲ့သလဲ ဒါတွေကို လေ့လာသင့်ပါတယ်။ စင်ပေါ်တက်ပြီးတော့ အကောင်းဆုံး လမ်းလျှောက်တတ်ရုံ၊ Performance လုပ်တတ်ရုံနဲ့ Miss တယောက် ဖြစ်ခဲ့မယ်ဆိုရင်တောင် Miss တယောက်အဖြစ် ထိုက်တန်မှာ မဟုတ်ပါဘူး။ နာမည်ကြီးချင်ရုံ၊ ပေါ်ပြူလာ ဖြစ်ချင်ရုံမျိုးနဲ့ မယ်ပြိုင်ပွဲတွေ ဝင်ပြိုင်မယ်ဆိုရင် နောက်ပိုင်းမှာ အခုလို ပြဿနာမျိုးတွေ ဖြစ်လာ နိုင်တယ်လို့ ကျနော့် အနေနဲ့ ထင်ပါတယ်” လို့ Miss Golden Land Myanmar Organization က ကိုဝေယံအောင်က ပြောပါတယ်။

ဒါ့အပြင် အလှမယ်တွေနဲ့ အဖွဲ့အစည်းအကြား စာချုပ်ချုပ်ဆိုတဲ့ နေရာမှာလည်း မီဒီယာတွေရှေ့ ပွင့်လင်းမြင်သာစွာ ချုပ်ဆိုခြင်းဟာ အလှမယ်တွေအနေနဲ့ စည်းကမ်းဖောက်ဖျက်ဖို့ ခက်ခဲနိုင်ကြောင်းနဲ့ အရင်က အလှမယ်တွေနဲ့ ၎င်းတို့ အကြား စာချုပ်ချုပ်ဆိုတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု နည်းခဲ့လို့ အခုအချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပွား ခဲ့ရတာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မယ်မြန်မာ တယောက်အနေနဲ့ မယ်တယောက်မှာ ထားရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိသင့်ပြီး အဲဒါတွေကို လိုက်နာပြီးတော့ အဖွဲ့အစည်းနဲ့လည်း ညှိညှိနှိုင်းနှိုင်းနေမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်လို့ အလှမယ် ဂျူးစံသာက အကြံပေးပါတယ်။

Miss Asia Pacific International က National Diretor ကိုဖြိုးပိုင်ဦးက “အဓိကကတော့ Attitude ပဲဗျ။ လှတယ် မလှဘူး ဆိုတာကတော့ ကျနော့်အမြင်တော့ အသားအရမ်းမည်းနေတဲ့ လူမျိုးလည်း လှတာပဲ၊ အရပ်ပုလည်း လှတာပဲ၊ ရှည်လည်း လှတာပဲ။ ပိန်တာ၊ ဝတာ ဒါတွေက အဲဒီလောက် အရေးမကြီးပါဘူး။ ဒါတွေက အပေါ်ယံတွေပါ။ တကယ့် အလှက လူတွေက ကိုယ့်ဘာသာကိုယ် သိတယ်။ မဟုတ်ပါဘူး၊ မလုပ်ပါဘူးဆိုပြီး အားလုံးကိုတော့ လိမ်လို့ရတယ်။ သူ့အထဲထဲမှာ ကိုယ်ဟာ ကျေးဇူးကန်းတဲ့သူလား ကျေးဇူးသိတတ်တဲ့သူလား ကောက်ကျစ်တဲ့သူလား ဖြောင့်မှန်တဲ့ သူလားဆိုတာ တခြားသူတွေသိတာထက် ကိုယ့်ဘာသာကိုယ် အသိဆုံးပါ။ အဲဒီလို အထဲမှာ မမှန်မကန် ညစ်နောက်နေရင် အပြင်က အကြည်ဓာတ်က မရှိတော့ဘူး။ ဒီလိုလူတယောက်က ဘယ်လိုမှ ကျက်သရေလည်း မရှိတော့ဘူး။ လှလည်း မလှတော့ဘူး။ တကယ့် အလှအစစ်က အထဲမှာ သန့်စင်နေမှ ကြည်လင် အေးချမ်းနေမှ လူတွေအားလုံးရဲ့ စိတ်ကို ချမ်းမြေ့စေ မှာပါ။ အဲဒါဟာ အလှပါ။ တခြားကိစ္စတွေက အားလုံးပြင်ယူလို့ရတယ်။ အဲဒီစိတ်ဓာတ်ကတော့ တော်တော့ကို ပြင်ယူဖို့ခက်ခဲပါတယ်” လို့ သူက သုံးသပ်ပါတယ်။

ကဲ နိုင်ငံတကာကို လက်ရှိကာလမှာရော၊ နောက်ပိုင်းကာလတွေမှာပါ အများအပြား သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ တာစူနေတဲ့ မြန်မာ့ အလှမယ်လောကကြီး ပြဿနာအပေါင်းက ကင်းဝေးပါစေလို့ပဲ မစပ်စု ဆန္ဒပြုလိုက်ပါရစေတော့။

Your Thoughts …
Tags: EntertainmentWomen Right
မစပ်စု

မစပ်စု

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

“ယောက်ျားတွေကျ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ”

by ဧရာဝတီ
29 July 2013
19.9k

တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား...

တုမ်ယမ်ချဉ်စပ်, ဟင်းချက်နည်း

တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင်

by ဝင်းနိုင်သိန်း
12 July 2014
31.9k

တုမ်ယမ် ဟင်းရည်ဟာ ကမ္ဘာတလွှား နာမည် ကျော်ကြား လာတာနဲ့ အမျှ ဆန်းသစ် တီထွင်သူတွေ အပေါ် မူတည်ပြီး အရသာ၊ အနံ့ အမျိုးမျိုး ပြောင်းလဲ သွားပါတယ် ...။ အခြေခံဖြစ်တဲ့ တုမ်ယမ် အနှစ်၊...

Next Post
အပစ်အခတ်ရပ်စဲရေး, NLD , တိုင်းရင်းသား , မြန်မာ့ငြိမ်းချမ်းရေးစင်တာ, လက်နက်ကိုင်, ငြိမ်းချမ်းရေး

အပစ်ရပ် အမြန်လက်မှတ်ထိုးရေး MPC ကြေညာချက် NLD နှင့် ပါတီများကို ကိုယ်စားမပြု

KNU ဗဟို ကော်မတီဝင်, လူငယ် အရပ်ဘက် အဖွဲ့အစည်းများ

KNU ခေါင်းဆောင်များနှင့် လူငယ် အဖွဲ့အစည်းများ ပထမဆုံး အကြိမ် တွေ့ဆုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate