မြန်မာ့ဆန် တရုတ်သို့ တရားဝင်တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် တရုတ်နိုင်ငံမှ အရည် အသွေး စံချိန် စံညွှန်း ထိန်းချုပ်ရေးဌာန (AQSIQ) တို့ လာမည့် စက်တင်ဘာလအတွင်း သဘောတူလက်မှတ်ရေးထိုး နိုင်ဖွယ် ရှိကြောင်း သိရသည်၊ ပြီးခဲ့သည့်လကတည်းက တရုတ်သို့ တင်ပို့သည့် မြန်မာ့ဆန်များ ဆက်တိုက် ဖမ်းဆီးခံရသည့်အတွက်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှ စီးပွားရေးသံမှုးတို့ ပြီးခဲ့သည့် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးပြီးနောက်၊ ထိုသို့ AQSIQ နှင့်လက်မှတ်ရေးထိုးမည့် အစီအစဉ်ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။