Automobile

ယာဉ်တိမ်းမှောက်၍ ကားကြုံလိုက်စီးသည့် ဆရာမ ၂ ဦးသေဆုံး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း၊ ပြည်မြို့နယ် ကန်ကလေးကျေးရွာ မြောက်နဝင်း အ.ထ.က ကျောင်းမှ ပြန်လာသည့် ဆရာမ ၈ ဦးနှင့် သံဃာတော်တပါးကို ကားဖြင့် လမ်းကြုံတင်လာရာမှ ကားတိမ်းမှောက်သဖြင့် ဆရာမ ၂ ဦးသေဆုံးပြီး ၃ ဦး အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်က ပြည်-အောင်လံ အဝေးပြေးလမ်းမ ပြည်မြို့မှ ၉ မိုင်အကွာ  မိုင်တိုင်အမှတ် ၁၈၉/၁ နှင့် ၁၈၉/၂ တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ကုသနေရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့်ကားမှာ ပြည်မြို့နယ်အတွင်းပြေးဆွဲနေသည့် မာဇဒါ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်း မိုးကျော် မောင်းနှင်လာသည့် ကားဖြစ်ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေရာတွင် ဆရာမ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသူ ဆရာမ ၄ ဦးထဲမှ တဦးမှာ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း၊ ကျန် ၃ ဦးမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ် ကုသမှု ခံယူနေရကြောင်း ပြည်မြို့ အမှတ် (၃) ရဲစခန်းမှ စခန်းမှူးက ဧရာဝတီသို့ ပြောသည်။

“ပွဲချင်းပြီးဆုံးသွားတဲ့ ဆရာမဆို ပထမဆုံး အလုပ်ခန့်စာရလို့ ကျောင်းလာတက်တဲ့နေ့ အပြန်မှာ ဖြစ်တာပဲ။ ကျန်တဲ့ တယောက်ကတော့ ဆေးရုံရောက်မှ ဆုံးတာ။ ရန်ကုန်ပို့ထားတဲ့ ဆရာမ ၃ ယောက်ကတော့ နိုင်ငံခြားကလာတဲ့ ဆရာဝန်ကြီးတွေ ရောက်တာနဲ့ ကြုံလို့ ဝင်ကုပေးလို့ မစိုးရိမ်ရတော့ဘူးလို့ သိရတယ်။ ကားသမားကတော့ အောင်လံဘက်ကို အော်ဒါလိုက်သွားပြီးအပြန် ဆရာမတွေနဲ့ ဘုန်းကြီးကို လမ်းကြုံတင်ခေါ်လာတာ။ ပိုက်ဆံလည်းမရဘဲ ဒုက္ခတော့ရောက်တာပေါ့။ အခု ပြည်ထောင်ကြီးကို ပို့ပြီး ပုဒ်မ ၃၀၄(က)/၃၈၈ နဲ့ ကားသမားကို အရေးယူထားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပွဲချင်းပြီး သေဆုံးသူမှာ ပြည်မြို့နယ်၊ မိမ္မရဲကျေးရွာမှါ အသက် ၁၉ နှစ်အရွယ် ဆရာမဖြစ်ပြီး ကျန်သေဆုံးသူ တဦးမှာ ဝက်ထီးကန်မြို့နယ်တွင် နေထိုင်သူ အသက် ၅၃ နှစ်အရွယ် ဆရာမတဦးဖြစ်ကြောင်း သိရသည်။

အရေးပေါ် ကုသရသည့် ဆရာမ ၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း၊ ကျန်ဆရာမ ၃ ဦးနှင့် သံဃာတော်တပါးမှာ ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading