သတင်းတို
အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း ကွဲလွဲချက်အများစု သဘောတူနိုင်ခဲ့
This article has been converted from Zawgyi One to Unicode
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ဆွေးနွေးရာတွင် သဘောကွဲလွဲနေသည့် အချက် ၃၁ ချက် အနက် ၂၆ ချက်ကို သဘောတူညီနိုင်ခဲ့ပြီး၊ တိုက်ခိုက်မှု ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်၊ စသည့် အချက်များ သာကျန်တော့ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုလျှင် အစိုးရ ဘက်မှ သမ္မတ သို့မဟုတ် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးဖို့ လိုလားကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT)မှ တာဝန်ရှိသူများကို ကိုးကားကာ ယနေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။