သတင်းတို

မြန်မာနိုင်ငံ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်း

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် ငွေမဲမှ ငွေဖြူဖြစ်လာစေရေး ခဝါချနေမှုများကို ထိထိရောက် တိုက်ဖျက်သွားနိုင်ရေး ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး (ဗဟို ) ဘုတ်အဖွဲ့ကို  အဖွဲ့ဝင် ၁၅ ဦးနှင့် ဖွဲ့စည်းလိုက်ပြီး၊ ပြည်ထဲရေး ဝန်ကြီးက ဥက္ကဋ္ဌ၊  ရဲချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ငွေကြေးခဝါချမှု ဆိုင်ရာ ထောက်လှမ်း ရေးသတင်းအချက် အလက် အပြန်အလှန် ဖလှယ်ခြင်းများလည်း လုပ်ဆောင်သွားမည်ဟု သိရသည်။

Loading