မြန်မာနိုင်ငံတွင် ငွေမဲမှ ငွေဖြူဖြစ်လာစေရေး ခဝါချနေမှုများကို ထိထိရောက် တိုက်ဖျက်သွားနိုင်ရေး ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး (ဗဟို ) ဘုတ်အဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးနှင့် ဖွဲ့စည်းလိုက်ပြီး၊ ပြည်ထဲရေး ဝန်ကြီးက ဥက္ကဋ္ဌ၊ ရဲချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ငွေကြေးခဝါချမှု ဆိုင်ရာ ထောက်လှမ်း ရေးသတင်းအချက် အလက် အပြန်အလှန် ဖလှယ်ခြင်းများလည်း လုပ်ဆောင်သွားမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။