သမ္မတကို ဆန္ဒပြသည့် သတင်းထောက်များ အပေါ် အမှုဖွင့်ထားခြင်းအား ရုတ်သိမ်း
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်ကို ဆန္ဒထုတ်ဖော် ခဲ့သည့် အတွက် ကမာရွတ်ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ “ဟုတ်ပါတယ်။ အမှုကို ရုတ်သိမ်းလိုက်ပါပြီ။ ကျနော်တို့ လုပ်ထုံးလုပ်နည်းအရပဲ အမှုကို ရုတ်သိမ်းတာပါ။ သက်ဆိုင်ရာ အစိုးရတွေက ညွှန်ကြားတာမျိုး မဟုတ်ပါဘူး။ အားလုံးအဆင်ပြေအောင် လုပ်လိုက်တဲ့သဘောပါပဲ” ဟု ကမာရွတ်ရဲစခန်း မှ စခန်းမှူး ဦးမောင်မောင်ဦးက ဧရာဝတီသို့ပြောသည်။ ယူနတီသတင်းထောက်များအား နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု၊ မွန်းတည့်နေ သတင်းဂျာနယ်မှ အယ်ဒီတာနှင့် သတင်း ထောက်များအား ဖမ်းဆီးအရေးယူမှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) တွင် ကျင်းပခဲ့သော အနုပညာရှင်များနှင့် တွေ့ဆုံပွဲကို တက်ရောက်လာသော သမ္မတ ဦးသိန်းစိန်ကို သတင်း ထောက်များက အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။