သတင်းတို

ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာ ဝန်ကြီးချုပ်သစ်ဖြစ်လာ

This article has been converted from Zawgyi One to Unicode

ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာကို ထိုင်းအမျိုးသားလွှတ်တော်မှ ဝန်ကြီးချုပ်သစ် အဖြစ်  ယမန်နေ့က အတည်ပြုပေးလိုက်သည်၊ ရှေ့လတွင် စစ်တပ်ရာထူးမှ အနားယူတော့မည့်  ဗိုလ်ချုပ်ကြီး ပရာယွဒ်ကို ဝန်ကြီးချုပ်အဖြစ် ထိုင်းဘုရင်က အတည်ပြုပေးရမည်ဖြစ်ပြီး၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအသစ် စတင်သည့်အထိ ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်မည်ဟု သိရသည်။

Loading