• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ထိုင်းနိုင်ငံတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်လာ

by လင်းသန့်
22 August 2014
in Politics
A A
ထိုင်းနိုင်ငံ , အာဏာသိမ်း စစ်ခေါင်းဆောင် , NCPO , NLA , ဝန်ကြီးချုပ်

ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင်ရှိ အမှတ် ၂ ခြေလျင် တပ်ရင်းတွင် တွေ့ရသော ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ (ဓာတ်ပုံ - Reuters)

1.9k
VIEWS
Share on FacebookShare on Twitter

ထိုင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာအား ထိုင်း အမျိုးသား ဥပဒေပြုလွှတ်တော်(NLA)က ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အတည်ပြုလိုက်သည်။

ယမန်နေ့က ကျင်းပခဲ့သော ထိုင်း အမျိုးသား ဥပဒေပြုလွှတ်တော်၏ အတွင်းရေးမှူးက အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုး ရေး ကောင်စီ(NCPO) အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာကို ပြိုင်ဘက်မရှိဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင် သွင်းခဲ့ရာ ထောက်ခံမဲ ၁၉၁ မဲ၊ ကန့်ကွက်မဲ မရှိ၊ ပျက်ကွက်မဲ ၃ မဲနှင့် ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ် သည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
0
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
6
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
499

ယင်း NLA ကိုယ်စားလှယ်များသည် NCPO က ခန့်အပ်ထားခြင်းဖြစ်ပြီး ထိုင်းစစ်တပ် ကိုယ်စားလှယ် အများစု ပါဝင်ကြောင်း သိရ သည်။

ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာကလည်း ၎င်းအနေဖြင့် ဝန်ကြီးချုပ် တာဝန်ယူသည့်အခါ NCPO က ချမှတ်ထားသော လုပ်ငန်းစဉ်များ ကို ဆက်လက်အကောင် အထည်ဖော်မည်ဖြစ်ပြီး လာမည့် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ အသစ်ကျင်းပ ပေးကာ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုများကို ပြုလုပ်သွားမည်ဟု ပြောဆိုသည်။

အသက် ၆ဝ အရွယ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာသည် လာမည့် စက်တင်ဘာလတွင် စစ်တပ်မှ အငြိမ်းစားယူမည်ဖြစ်သော် လည်း NCPO ၏ အကြီးအကဲအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ထိုင်းဘုရင့်နန်းတော်၏ အတည်ပြုချက်ရပြီးလျှင် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာသည် ထိုင်းနိုင်ငံ၏ ၂၉ ဦးမြောက် ဝန် ကြီးချုပ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ပရာယု ဝန်ကြီးချုပ်ခန့်အပ်ခံရခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ မဟိဒေါ တက္ကသိုလ်ရှိ လူ့အခွင့်အရေး လေ့လာရေးဌာန နည်းပြ ဆရာ Gothom Arya က“ဒါက ဥပဒေအရ တိုင်းပြည်ကို အုပ်ချုပ်ဖို့ သူ့ကို အာဏာပေးတာပဲ။ ထိုင်းအုပ်ချုပ်ရေး စနစ်မှာ ဝန်ကြီးချုပ် ရာထူးနဲ့ သူ့ကို တရားဝင် လုပ်ပိုင်ခွင့် ပေးလိုက်တဲ့ သဘောပဲ”ဟု ပြောသည်။

၎င်းက ဆက်လက်၍“ပြုပြင်ပြောင်းလဲရေး၊ ကြားဖြတ်အစိုးရ၊ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး အချိန်အတိုင်း အတာတခုပဲ ဖြစ်သင့် တယ် ဆိုတာကို သူက လေးစား လိုက်နာမှု မရှိရင်တော့ ကျနော်တို့ ဒုက္ခတွေ့ရလိမ့်မယ်”ဟု ပြောဆိုကြောင်းလည်း Reuters သတင်း တပုဒ်တွင် ဖော်ပြထားသည်။

အမည်မဖော်လိုသူ အနောက်တိုင်း သံတမန်တဦးကလည်း ဝန်ကြီးချုပ်ဆိုသည့် ခေါင်းစဉ်မှာ အပေါ်ယံ အပြောင်းအလဲတခုသာ ဖြစ် သည် ဟု ပြောဆိုကြောင်း သတင်းတွင် ပါရှိသည်။

ဗိုလ်ချုပ်ကြီး ပရာယုသည် စစ်သားတဦးဖြစ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ နိုင်ငံရေးသမားတဦး မဟုတ်ကြောင်း၊ အနောက်နိုင်ငံများအနေဖြင့် ထိုင်းနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ်လာရန်၊ တိုးတက်မှုများ ရှိလာစေရန် အတွက် ဆက်လက် ဖိအားပေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများကိုလည်း စိုးရိမ်ကြောင်း အနောက်တိုင်း သံတမန်က ဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မေလ ၂ ရက်တွင် ယခင် ဝန်ကြီးချုပ်ဟောင်း မစ္စ ယင့်လတ် ထံမှ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ ခေါင်း ဆောင်သည့် NCPO အဖွဲ့က နိုင်ငံတော် အာဏာ အရပ်ရပ်ကို သိမ်းယူခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စစ်အာဏာသိမ်းခဲ့သည့် အတွက် ကုလသမ္ဂနှင့် နိုင်ငံတကာက စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းနိုင်ငံကို အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနှင့် သြစတြေးလျ နိုင်ငံများက သံတမန် ဆက်ဆံရေး အဆင့်နှိမ့်ခဲ့သည်။

Your Thoughts …
Tags: Thai
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
ရော်ဘင်ဝီလျံ

လူတွေကို ပြုံးရယ်စေခဲ့တဲ့ ရော်ဘင်ဝီလျံ ဘာကြောင့် စိတ်ကျဝေဒနာနဲ့ နိဂုံးချုပ်ခဲ့တာလဲ

ကလေး လုပ်သားတွေကို စာသင်ခန်း ပြန်ပို့ပါ

ကလေး လုပ်သားတွေကို စာသင်ခန်း ပြန်ပို့ပါ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.5k

Most Read

  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate