• English
Saturday, September 30, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

    ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

    အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

    အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

    တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

    တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

    ကလေးတောင်ပိုင်း၌ လက်နက်ကြီးကြောင့် မိသားစုဝင် ၅ ဦး ပွဲချင်းပြီးသေဆုံး

    ကလေးတောင်ပိုင်း၌ လက်နက်ကြီးကြောင့် မိသားစုဝင် ၅ ဦး ပွဲချင်းပြီးသေဆုံး

    တရုတ်-မြန်မာ နယ်စပ်ဖြတ်ခွင့် စာအုပ်အနီ သိန်း ၅၀ ကျော် ဈေးပေါက်နေ

    တရုတ်-မြန်မာ နယ်စပ်ဖြတ်ခွင့် စာအုပ်အနီ သိန်း ၅၀ ကျော် ဈေးပေါက်နေ

    အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

    အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

    ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

    ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

    နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

    နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

    မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

    မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မုန်လာဥ

      မုန်လာဥ

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း Obituary

          လူတွေကို ပြုံးရယ်စေခဲ့တဲ့ ရော်ဘင်ဝီလျံ ဘာကြောင့် စိတ်ကျဝေဒနာနဲ့ နိဂုံးချုပ်ခဲ့တာလဲ

          by သုရီလင်း
          22 August 2014
          in Obituary
          Reading Time: 1 min read
          A A
          ရော်ဘင်ဝီလျံ

          ရော်ဘင် ဝီလျံ ဓာတ်ပုံ (ဓာတ်ပုံ - celebdaily12.wordpress.com)

          6.1k
          VIEWS
          Share on FacebookShare on Twitter

          သြဂုတ် ၁၁ ရက် မွန်းမတည့်ခင် အချိန်ပိုင်းလေးဟာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အတွက် တော့ ပုံမှန်ရာသီဥတုနဲ့ သာမန်နေ့ခင်း တခုသာ ဖြစ်ပါလိမ့်မယ်။ ပုံမှန်ပတ်ဝန်းကျင်၊ ပုံမှန်ကျင်လည် နေကျ လောက ကမ္ဘာ။

          သိပ်မကြာခင် အချိန်အတွင်းမှာ ဝမ်းနည်း ကြေကွဲဖွယ် သတင်းတရပ် ထွက်ပေါ်လာတော့မယ် လို့လည်း ဘယ်သူမှ တွေးမိခဲ့ကြမှာ မဟုတ်ပါဘူး။ အဲဒီလို ဘယ်သူမှထင်မှတ်မထားခဲ့တဲ့ သတင်း၊ အနုပညာ ငွေကြယ် တစ်ပွင့် မထင်မှတ်ဘဲ ကြွေကျခဲ့ပြီ ဆိုတဲ့ သတင်းတရပ်ဟာ မွန်းလွဲပြီးစ ၁၂ နာရီ ၂ မိနစ်မှာ အတည်ပြု ထုတ်ပြန် ပေါ်ထွက် လာခဲ့ပါတော့တယ်။ ကယ်လီဖိုးနီးယား ဝန်းကျင်သာမက အမေရိကန် ပြည်ထောင်စုတခုလုံး၊ ဒါ့အပြင် တကမ္ဘာလုံးက အားပေး ချစ်ခင်ကြသူတွေကို ထိတ်လန့် တုန်လှုပ်သွားစေတဲ့ သတင်းပါ။ လူတွေကို ပြုံးစေ၊ ရယ်စေခဲ့သူ အနုပညာရှင် ရော်ဘင်ဝီလျံ ကွယ်လွန်ခဲ့ပါပြီ။

          RelatedPosts

          ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

          ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

          29 September 2023
          5.6k
          အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

          အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

          29 September 2023
          5.1k
          တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

          တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

          28 September 2023
          2.3k

          လူရယ်လို့ မွေးဖွားလာရင် အဆုံးသတ်က သေခြင်းသာ ဖြစ်တာမို့ မဆန်းပါဘူး လို့တော့ ဆိုကောင်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရော်ဘင်ဝီလျံရဲ့ သေဆုံးခြင်းကတော့  သေခြင်းတရားဆီကို  ကိုယ်တိုင် အရောက်လှမ်းခဲ့ တာမျိုးပါ။ သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံးခဲ့တာလို့ နောက်ဆုံး သတင်းတွေအရ သိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ် ရှိပြီ ဖြစ်တဲ့ ရော်ဘင်ဝီလျံဟာ မသေဆုံးခင်အချိန်အထိ စိတ်ကျ ရောဂါကို ခံစားနေရတယ်လို့ သူရဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို နှစ်သက်ကြတဲ့ သူတွေကတော့ လူတွေကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့သူ တယောက်ရဲ့ စိတ်ကျ ဝေဒနာကို နားမလည်နိုင်ကြသလို နှမြောတသ ဝမ်းနည်း မဆုံးလည်း ဖြစ်နေကြပါတယ်။

          ကယ်လီဖိုးနီးယား ပြည်နယ်က နေအိမ်မှာ ရော်ဘင်ဝီလျံ တယောက် သေဆုံးပြီ ဆိုတဲ့ သတင်း ထွက်ပေါ် လာတာနဲ့ တပြိုင်နက်၊ သတင်း စာမျက်နှာတွေ ထက် သူ့သတင်းတွေက နေရာယူခဲ့သလိုTwitter ၊ Facebook  အစရှိတဲ့ ဆိုရှယ် မီဒီယာတွေ မှာလည်း ပရိသတ်တွေက ဝမ်းနည်းကြောင်း စာသားတွေ ရေးသားခဲ့ကြပါတယ်။ သူ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းတချို့ကို  Youtube မှာ တင်တာ၊ မိမိစာမျက်နှာမှာ ဝေမျှတာမျိုး တွေကိုလည်း လုပ်ခဲ့ကြပါတယ်။ ဝမ်းနည်းခြင်း ကွန်ရက်ဟာ ကမ္ဘာတလွှား ကျယ်ပြန့်ခဲ့ပြီ။ တကြိမ်တခါမှ ပြင်ပမှာ မတွေ့မဆုံဖူး သူတွေကိုပါ မျက်ရည်ရစ်ဝဲ ဝမ်းနည်းစေတဲ့ ရော်ဘင်ဝီလျံဟာ ဘယ်လိုလူမျိုးပါလဲ။

          သူ့မျိုးဆက်မှာတော့ ထူးကဲတဲ့ ပါရမီရှင် အနုပညာရှင်ရယ်လို့ ပြောစမှတ် ပြုကြရတဲ့ ရော်ဘင်ဝီလျံကို ၁၉၅၁ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှာ အီလီနွိုက် ပြည်နယ် ချီကာဂိုမှာ ဖွားမြင်ခဲ့ပါတယ်။ ငယ်ရွယ်စဉ်က တိတ်တိတ်ဆိတ်ဆိတ် ရှိတတ်တဲ့ ကလေးတယောက်ပါ လို့ သူ့ကိုယ်သူ ညွှန်းဆိုခဲ့တဲ့ ရော်ဘင်ဝီလျံက အထက်တန်းကျောင်း အနုပညာ အသင်းမှာ မပါဝင်ခင် အထိ ရှက်တတ် ကြောက်တတ်သူလည်း ဖြစ်ပါတယ်။

          ၁၉၇၃ ခုနှစ်မှာတော့ အောင်မြင်တဲ့ အနုပညာရှင်ဖြစ်လာဖို့ရာ လမ်းစလို့ ဆိုနိုင်တဲ့ နယူးယောက်မြို့က အနုပညာ သင်တန်းကျောင်း  Julliard School မှာ တက်ရောက်ခွင့် ရပါတယ်။ တကယ်တော့  Julliard School ကကျောင်းသား သစ် ၂၀ ပဲ လက်ခံတာပါ။ အဲဒီလို ကျောင်းသားသစ် ၂၀ ထဲ ပါခဲ့ရုံမကဘဲ ကျောင်းသား နှစ်ဦးကိုသာ ရွေးချယ်တဲ့ အဆင့်မြင့် အနုပညာ အစီအစဉ်မှာ ပါဝင်တက်ရောက်ခွင့် ရပြန်ပါတယ်။

          ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်များကတော့ ရော်ဘင်ဝီလျံအတွက် ရွှေရောင်ခေတ် အစပြုတဲ့ အချိန်ပါ။ ပရိသတ် ရှေ့မှောက် တိုက်ရိုက် တင်ဆက်ရတဲ့ Stand-up Comedian အဖြစ် အားပေး နှစ်သက်သူ တိုးလာခဲ့ ပါတယ်။ သူ့ကို အောင်မြင် ထင်ရှားသူ တယောက်အဖြစ် တွန်းပို့ခဲ့တာကတော့ Happy Days ရုပ်သံ ဇာတ်လမ်းတွဲပါ။ အူကြောင်ကြောင်နိုင်တဲ့ ဂြိုဟ်သား Mork ဇာတ်ရုပ် ဘယ်လောက်များ အောင်မြင်လိုက်သလဲ ဆိုရင် ပိုစတာတွေ၊ စာအုပ်တွေ၊ ထမင်းဘူးတွေ မှာပါ နေရာယူသွားတဲ့ အထိပါပဲ။

          သရုပ်ဆောင်၊ Stand up-Comedian၊ အသံ သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်ရေးသူ စတဲ့ အညွှန်း နာမတွေစုံလှတဲ့ ရော်ဘင်ဝီလျံအတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားတော့ Can I Do It –“Till I Need Glasses ဖြစ်ပါတယ်။ သူရဲ့ အောင်မြင်ထင်ရှားခဲ့တဲ့ ရုပ်ရှင်တွေကတော့   The World According to Grap (၁၉၈၂)၊ Good Morning, Vietnam (၁၉၈၇)၊ Dead Poets Society (၁၉၈၉)၊ Awakenings (၁၉၉၀)၊  The Fisher King (၁၉၉၁)၊ Good Will Hunting (၁၉၉၇) စတဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။

          ရော်ဘင်ဝီလျံရဲ့ ဇာတ်ရုပ်တွေဟာ ဟာသဇာတ်ရုပ်တွေ များပေမယ့် ကရုဏာရသကိုလည်း ပေးစွမ်းတဲ့ ဇာတ်ရုပ်တွေ ပါ။ သက်ဝင်ပီပြင်လှတဲ့ အသံနဲ့ သရုပ်ဆောင်ရာ မှာလည်း ပရိသတ်အကြား ရေပန်းစားခဲ့တဲ့ Aladdin (၁၉၉၂)၊ Happy Feet (၂၀ဝ၆) စတဲ့ ဇာတ်ကားတွေ ပါဝင်ပါတယ်။ ပြတိုက်ထဲ ပြသထားတဲ့ ရုပ်တုတွေ၊ ပြကွက်တွေက အသက် ဝင်လာတာကို စိတ်ဝင်စား ဖွယ် တင်ဆက်ခဲ့တဲ့ Night at the Museum (၂၀ဝ၆) မှာ အမေရိကန်ရဲ့ ၂၆ ဦးမြောက် သမ္မတ ရုစဗဲ့အဖြစ် သရုပ်ဆောင်ခဲ့တာကိုလည်း မှတ်မိကြ မှာပါ။

          သူဟာ အမေရိကန် သမ္မတဘုရှ် ကိုလည်း ပြောင်လှောင်သရော် ခဲ့ပါသေးတယ်။ Robin Williams Destory President Bush ဆိုတဲ့ ခေါင်းစဉ်နဲ့ Youtube မှာ ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ သမ္မတကို ပြောင်လှောင်သရော်တဲ့ ဗီဒီယိုရိုက်ကူးမှုမျိုးကို ဘယ်လိုပုဒ်မမျိုး တပ်မလဲ မပြောနိုင်ပါဘူး။

          ရော်ဘင်ဝီလျံရဲ့ ပြောင်မြောင်လှတဲ့ အနုပညာ အရည်အသွေးဟာ အော်စကာ ကြိုတင်ခန့်မှန်းမှု လေးကြိမ် အထိ မှတ်ကျောက် တင်နိုင်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့ကို Armed Forces Radio  ရဲ့ DJ တာဝန် ထမ်းဆောင်ဖို့ ရောက်လာတဲ့ လေတပ်တပ်သားအဖြစ် သရုပ်ဆောင်ခဲ့တဲ့  Good Morning,Vietnam (၁၉၈၇)၊ ပြဋ္ဌာန်းစာအုပ် တွေရဲ့ အပြင်ဘက်လောကအထိ တပည့်တွေကို မြင်စေချင်တဲ့ အင်္ဂလိပ်ဘာသာပြ ဆရာအဖြစ် သရုပ် ဆောင်ခဲ့တဲ့ Dead Poets Society  (၁၉၈၉)၊ အိမ်ခြေရာခြေမဲ့ တယောက်အဖြစ် ပီပြင်ခဲ့တဲ့  The Fisher King (၁၉၉၁) ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်း ဝင်ခဲ့သလို Bunker Hill Community Collage  မှာ စိတ်ပညာဘာသာရပ် သင်ကြားသူ စိတ်ပညာရှင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Good Will Hunting (၁၉၉၇) နဲ့လည်း ဇာတ်ပို့ဆု စာရင်းဝင်ခဲ့ပါ တယ်။ Good Will Hunting ကတော့ ရော်ဘင် ဝီလျံကို အော်စကာဆုရှင် ဖြစ်စေခဲ့တဲ့ ရုပ်ရှင်ပါ။

          သူ့ရဲ့ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲက တကားဖြစ်တဲ့ The Angriest Man in Brooklyn ကလည်း သူ့ အတွက် နိမိတ်ပြခဲ့သလို ကြည့်ရှု ရတဲ့ ပရိသတ်ကို ခံစားရစေပါတယ်။ ဇာတ်လမ်းအရ ရောဂါဝေဒနာ တခုကြောင့် သေဆုံးဖို့ နာရီ ၉၀ ခန့်သာ ကျန်တော့တဲ့ လူတယောက်၊ နောက်ဆုံး အချိန်မှာ သူမျှော်လင့်ပေမယ့် မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ နွေးထွေးဂရုစိုက်မှုကို မခံစားရတဲ့ အတွက် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တဲ့ အထိ စိတ်ကျ ဝေဒနာ ခံစားခဲ့သူ နေရာမှာ ရော်ဘင်ဝီလျံက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဆရာဝန်က ကယ်တင်ခဲ့တဲ့ အတွက် သူ့ရဲ့ သတ်သေမှုဟာ မအောင်မြင်ခဲ့ပါဘူး။

          တကယ့် ပြင်ပကမ္ဘာရဲ့ သူ့ဘဝ တသက်တာ မှာတော့ ရော်ဘင်ဝီလျံဟာ အော်စကာအပြင် ဂရမ်မီလို ဆုတွေလည်း ရခဲ့ပါရဲ့။ အောင်မြင်မှု၊ ကြွယ်ဝ ချမ်းသာမှုတွေ ပိုင်ဆိုင်သူ၊ အားပေး ချစ်ခင်သူ များလှတဲ့သူ စသဖြင့် ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်တဲ့သူ တယောက်ဟာ တခြားသော တဘက်မှာတော့ စိတ်ထွက်ပေါက် ကင်းမဲ့သလို ခံစားရတယ်လို့ ဆိုရင် အံ့အားသင့်စရာ။

          ရော်ဘင်ဝီလျံဟာ ၁၉၈၀ ကျော် နှစ်ကာလများ ကတည်းက ကိုကင်းလို မူးယစ်ဆေး မျိုးနဲ့ ဆက်နွှယ်နေ ခဲ့ပါသတဲ့။ “ကိုကင်းဟာ ပုန်းကွယ်စရာ နေရာတခု ဖြစ်ခဲ့ပါတယ်” လို့ ၁၉၈၈ ခုနှစ်က People Magazine ကို ဖြေကြားခဲ့ဖူးပါ တယ်။ မိတ်ဆွေရင်းချာ  John Belushi  သေဆုံးမှုရယ်၊ သားကြီး မွေးဖွားလာမှုရယ်ဟာ သူ့ကို ဆေးဝါးတွေ၊ အရက်တွေနဲ့ အဆက်ပြတ်စေခဲ့ ပေမယ့် ၂၀ဝ၃ မှာတော့ အရက်ဆီ ခြေဦးပြန်လှည့် ပါတယ်။

          ကျန်းမာရေး အနေနဲ့ ၂၀ဝ၉ ခုနှစ်မှာ နှလုံးရောဂါနဲ့ ဆေးရုံတက်ဖူးသူ၊ ခွဲစိတ်မှု ခံယူဖူးသူ၊ မိသားစုဘဝမှာ အိမ်ထောင်သုံးဆက် ပြောင်းပြီး သားသမီး ထွန်းကားခဲ့သူ၊ လူမှုရေး လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ရှိခဲ့သူ၊ အာဖဂန်နစ္စတန်၊ အီရတ်၊ ကူဝိတ်မှာ အခြေစိုက်တဲ့ အမေရိကန် တပ်သားတွေ အတွက် ခရီးလှည့်လည်ပြီး စိတ်ဓာတ် မြှင့်တင်ပေးခဲ့သူ၊ အပြုံးရိပ်တောက်တဲ့ မျက်ဝန်း၊ တဖက်သား စိတ်ကြည်လင် ရွှင်ပျစေတဲ့ မျက်နှာကို ပိုင်ဆိုင် သူဟာ ဩဂုတ် ၁၁ ရက်နေ့ကတော့ လောက ကမ္ဘာကို နှုတ်ဆက်ခဲ့ပါပြီ။

          မကွယ်လွန်ခင် နာရီပိုင်း၊ မိနစ်ပိုင်း အလိုမှာ သူ ဘာတွေများ တွေးနေခဲ့ ပါသလဲ။ လူတကာကို ရွှင်ပြုံးစေခဲ့ သူရဲ့ ရင်တွင်းမှာ ဘယ်လို စိတ်ဝေဒနာ တွေကို သိုဝှက်ခဲ့ပါသလဲ။ သူ ကိုယ်တိုင်သာ သိနိုင်တော့မယ့် မေးခွန်းတွေကတော့ သူ့ သတင်းကို စုတ်တသပ်သပ် ဖြစ်ရသူတွေဆီမှာ ကျန်နေရစ်ပါပြီ။

          သူ သေဆုံးပြီး ၃ ရက်အကြာ ဩဂုတ် ၁၄ ရက်နေ့မှာတော့ သူ့ဇနီးဖြစ်သူက သူဟာ ပါကင်ဆန် ရောဂါနဲ့ ကနဦး အဆင့်ကို စတင်ခံစား နေရပြီလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

          ၂၀၁၁ ခုနှစ်ကမှ လက်ထပ်ခဲ့တဲ့ သူ့ရဲ့တတိယ ဇနီး ဂရပ်ဖစ်ဒီဇိုင်နာ Susan Schneider က ရော် ဘင်ဝီလျံ သေဆုံးမှုနဲ့ ပတ်သက်ပြီး “ဒီနံနက် လူချစ် လူခင်များတဲ့ အနုပညာရှင် တွေထဲက တယောက်ကို  ကမ္ဘာကြီးက ဆုံးရှုံးခဲ့ သလို ကျမလည်း ကျမ ခင်ပွန်း၊ မိတ်ဆွေကို ဆုံးရှုံးလိုက်ရပါပြီ” လို့ ပြောခဲ့ပါတယ်။

          သမီးလေး Zelda အတွက်ကတော့ ပိုပြီး လွမ်းစရာ ကောင်းလှပါတယ်။ သူ့ဖခင် မသေဆုံးမီ နှစ်ပတ်လောက် အလိုမှာ ဆိုရှယ် မီဒီယာထက် နောက်ဆုံး ဝေမျှခဲ့တာဟာ Zelda  ငယ်ဘဝက ဓာတ်ပုံလေးပါ။ ဇူလိုင် ၃၁ ရက်မှာ ကျရောက်တဲ့ သမီးလေးရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ အတွက် မျှဝေခဲ့တာလို့ ဆိုပါတယ်။

          ၂၀၁၄ မှာ ကြွေလွင့်ခဲ့တဲ့ ဂီတ၊ စာပေ၊ အား ကစား၊ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်က ထင်ရှား သူတွေအနက် ရော်ဘင်ဝီလျံဟာ ၉၆ ဦးမြောက် ဖြစ်ပါတယ်လို့ Chicago Tribune က ဖော်ပြခဲ့ပါတယ်။

          တပွင့်ပြီးတပွင့်  ကြွေသက်တဲ့  ကြယ်တွေ။ ကောင်းကင်က ကြယ်တွေ ကြွေတဲ့နောက် အဲဒီ ကြယ်တွေ ခြေရာ ကျန်ရစ် သလား၊ မကျန်ရစ်ဘူးလား၊ ကျမတို့ မသိနိုင်ပေမယ့် လူ့လောက ကောင်းကျိုးကို တထောင့်တနေရာက ပါဝင်ပံ့ပိုး ခဲ့သူတွေ ကတော့ ကြယ်တွေလို ကြွေတဲ့ နောက်မှာလည်း လှပတဲ့ ခြေရာတွေကို ချန်ထားနိုင် ခဲ့ကြပါတယ်။      ။

          Your Thoughts …
          Tags: Entertainment
          သုရီလင်း

          သုရီလင်း

          Contributor

          Similar Picks:

          No Content Available
          Next Post
          ကလေး လုပ်သားတွေကို စာသင်ခန်း ပြန်ပို့ပါ

          ကလေး လုပ်သားတွေကို စာသင်ခန်း ပြန်ပို့ပါ

          အားကစားအဖွဲ့ချုပ်များ၊ အားကစားနည်းများ၊ အိုလံပစ်အားကစားနည်းများ၊ ဘောလုံး အဖွဲ့ချုပ်

          အားကစား အဖွဲ့ချုပ်များနှင့် လူထုပါဝင်သည့် အားကစား သို့

          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          5 days ago
          14.9k
          နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

          နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

          2 days ago
          5.6k

          Most Read

          • ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

            ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

            shares
            Share 0 Tweet 0
          • အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

            shares
            Share 0 Tweet 0
          • နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved