သတင်းတို
ရန်ကုန်တွင် နိုင်ငံတကာအဆင်မီ ညဈေးဖွင့်ရန် စီစဉ်
This article has been converted from Zawgyi One to Unicode
ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရန် ရန်ကုန်စီးပွားရေးမြို့တော်၌ နိုင်ငံတကာ အဆင့်မီ ဆိုင်ခန်းပေါင်း ၁၅၀ ညဈေးကို မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီး လသာလမ်းနှင့် အနီးတဝိုက် လသာမြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ၊ ဈေးဖွင့်ချိန်မှာ ညနေ ၆နာရီမှ ၁၀နာရီအထိဖြစ်နိုင်ကြောင်း၊မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူများကို ကိုးကားပြီး အစိုးရသတင်းစာတွင်ရေးသားထားသည်၊ အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်နှင့်အခြားမြို့ကြီးများတွင် ညဈေး ( လမ်းလျှောက်ညဈေး) များဖွင့်လှစ်ထားပြီး ကမ္ဘာလှည့်ခရီးသွားများအား နှစ်ပေါင်းများစွာကတည်းကပဲ ဆွဲဆောင်ထားသည်။