• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ အိမ်ခြေ ၃၀၀ ကျော်ရေလွှမ်း

by နန်းဆိုင်နွမ်
25 August 2014
in သတင်း
A A
ဖားကန့်, ကချင်ပြည်နယ် , ရေလွှမ်းမိုးမှု

ရေလွှမ်းမိုးမှု ကြုံနေသော ဖားကန့်မြို့ကို သြဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

1.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ကျော် ရေလွှမ်းမိုး ခံနေရကြောင်း သိရသည်။

အဆိုပါ ရေလွှမ်းမိုးမှုခံနေရသည့် ရပ်ကွက်များမှာ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနှင့် မရှီကထောင် တို့ဖြစ်ကြောင်း၊ ရေလွှမ်း မိုးမှုသည် ကျောက်တူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ချောင်းများ ပိတ်ဆို့မှုဖြစ်ပေါ် နေ ကြောင်းလည်း ဖားကန့် ဒေသခံ ကိုလှဆန်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
104
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.3k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
407

“နှစ်ထပ်အိမ်ရှိတဲ့လူတွေက အပေါ်မှာနေကြတယ်။ တချို့ကတော့ ကုန်းမြင့်တဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာနေကြ တယ်။ ဒီနှစ်ကတော့ ရေတက်မှုက စိုးရိမ်မှတ်ကို ရောက်တယ်”ဟု ကိုလှဆန်းက ဆိုသည်။

ရေ လွှမ်းမိုးမှုကြောင့် ဒေသခံ ၁၀၀၀ ကျော် ပြောင်းရွှေ့ရကြောင်းလည်း သိရသည်။

လက်ရှိအခြေအနေတွင် စားဝတ်နေရေးအတွက် အဆင်ပြေနေသော်လည်း၊ မြစ်ချောင်းရေကြောင့် ဒေသခံများ ဝမ်းရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းမှလည်း သောက်ရေသန့်များ လာရောက် ဝေပေးကြပြီး ကယ်ဆယ်ရေး အနေဖြင့်လည်း ဌာနဆိုင်ရာမှ စက်လှေဖြင့် ပြောင်းရွှေ့ပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ရပ်ကွက်ထဲက ကိုယ်ထူကိုယ်ထ ထမင်းထုတ်တွေ ဝေပေးနေတာတွေ ရှိပါတယ်။ ဥရုချောင်းရဲ့ စိုးရိမ်မှတ်က ၆ ပေ၊ ၈ ပေလို့သတ် မှတ်ထားတာ၊ မနေ့ကတော့ ၁၂ ပေ၊ ၁၄ ပေ ဆိုတော့ စိုးရိမ်မှတ် ကျော်တက်ခဲ့တယ်”ဟု ဖားကန့်ဒေသခံ ဦးလှဆန်းက ပြော သည်။

ကချင်ပြည်နယ်ရှိ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်ရာ ဂျေယန်း ဒုက္ခသည် စခန်းမှာလည်း ဇူလိုင်၂၂ ရက်က မိုးရွာသွန်း မှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ပြီး လူ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ရှမ်းပြည်နယ် မူဆယ်မြို့တွင်လည်း ရေကြီးမှုကြောင့် အမျိုးသားတဦး ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရသေ့တောင် ကားလမ်းအနီးတွင်လည်း သြဂုတ် ၅ ရက်က မိုးရွာသွန်း၍ မြေပြိုမှုကြောင့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦး မြေပိသေဆုံးခဲ့သည်။

သြဂုတ်လ ၅ ရက်နေ့ နာဆာဂြိုဟ်တု တိုင်းတာချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီအရှေ့ပိုင်း၊ ရန်ကုန်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် လာမည့် ၃ လအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး တောင်ပိုင်း၊ ရခိုင်ပြည်နယ် တောင်ပိုင်း၊ မန္တလေးတောင်ပိုင်းစွန်း၊ ရှမ်းပြည်နယ် အနောက်တောင်ပိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် မြောက်ပိုင်းတို့တွင် ရွာသွန်းနေကျ မိုးရေချိန်ထက် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ ပိုနိုင်သည်ဟု ၎င်းက သုံးသပ်ထားသည်။

လက်ရှိတွင် သံလွင်မြစ်ရေနှင့် ငဝန်မြစ်ရေတို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်နေပြီး ယင်းရေမှတ်အတိုင်း ဆက်လက် ရှိနိုင်ကြောင်း၊ ပဲခူးမြစ်ရေ၊ စစ်တောင်းမြစ်ရေ၊ ရွှေကျင်မြစ်ရေတို့မှာ စိုးရိမ်ရေမှတ်အောက်တွင် ရှိနေသော်လည်း စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Your Thoughts …
Tags: Flood
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

သာပေါင်းမြို့နယ်ရှိ ကျေးရွာ ၂၀၀ ကျော် ရေဘေးဒုက္ခရောက်နေ

by သန့်စင်ငြိမ်းချမ်း
14 August 2012
2.3k

မိုးသည်ထန်စွာ ရွာသွန်းပြီး မြစ်ရေ မြင့်တက်လာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့ အပါအ၀င် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀၀ ထက် မနည်း ရေနစ်မြုပ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း, ကောလင်း, ဘုတလင်, ရေကြီးရေလျှံ

စစ်ကိုင်းတိုင်း ၇ မြို့နယ် ရေကြီးရေလျှံဖြစ်ပွားမှု အိမ်ခြေ ၁၀၀၀၀ ကျော် ရေဝင်ပျက်စီး

by တင်ထက်ပိုင်
20 July 2015
14.5k

စစ်ကိုင်းတိုင်း မြို့နယ် ၇ မြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် အိမ် ၂၄ လုံး ရေထဲမျောပါသွားပြီး အိမ်ခြေ ၁၃,၀၀၀ သည် ရေ ဝင် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ...

ရေဘေး, ရေကြီးရေလျှံ, မြေပြိုမှု

မြန်မာ့ရေဘေး ရတက်မအေး

by ထက်နိုင်ဇော်
6 August 2015
9.3k

အစိုးရရဲ့ သဘာဝဘေး အန္တရယ်ကယ်ဆယ်ရေး ဗဟိုကော်မတီ ဆိုတာ အမည်သာရှိပြီး ဘာမှအလုပ် မဖြစ်တဲ့ အဲဒီအဖွဲ့ဟာ သဘာဝဘေး အန္တရယ် တခုခု ထဖြစ်မှ အစည်းအဝေး ထခေါ်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဧရာဝတီ, မြစ်ရေ, သွားလာခွင့်ပိတ်

မြစ်ရေတိုးမှုကြောင့် ဧရာဝတီတံတား အောက်မှ သင်္ဘောများ သွားလာခွင့်ပိတ်ပင်

by မန်းသားလေး
18 September 2013
2.7k

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင် တည်ရှိနေပြီး ဧရာဝတီမြစ်ရေ နှင့် ဧရာဝတီမြစ်ကူး တံတား ထိစပ်ရန် ၃၆ ပေသာ ကွာဟမှုရှိတော့သဖြင့် သင်္ဘောသွားလာခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်

ရေကြီး ရေလျှံ, မုန်တိုင်း

ရေကြီး ရေလျှံမှုများကြောင့် သေဆုံးသူ လူ ၂၀ အထိ ရှိလာ

by သူဇာ
28 July 2015
7.6k

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းအပါအ၀င် နိုင်ငံတဝန်း နီးပါး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုး မှုများကြောင့် ဒေသတချို့တွင် လူသေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိရာ ဇူလိုင်၂၇ ရက် စာရင်းအရ သေဆုံးသူ လူ...

ရခိုင်ဒေသ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ် ဒေသခံများ ရင်ဆိုင်နေရဆဲဖြစ်

ရခိုင်ဒေသ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ် ဒေသခံများ ရင်ဆိုင်နေရဆဲဖြစ်

by ခင်ဦးသာ
3 July 2015
2.9k

“အလောင်း ၅ လောင်းကိုတော့ နာမည်နဲ့တကွ အတည်ပြုလို့ ရပါပြီ။ တခြားပျောက်ဆုံးသူတွေ ရှိတယ်လို့ ကြားပေမယ့် ရှာဖွေဆဲဖြစ်လို့ အတည်ပြုလို့ မရသေးပါဘူး”

Next Post

သမ္မတနှင့် အရှေ့မြောက်ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ

တရုတ်- မြန်မာ စီးပွားရေးပူးပေါင်းရန် သဘောတူစာချုပ်ချုပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate