သတင်းတို
ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်
This article has been converted from Zawgyi One to Unicode
အမေရိကန် စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ချားလ်စ် ရစ်ဗ်ကင် (Charles H. Rivkin)သည် သြဂုတ်လ ၂၇မှ ၂၉ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် အမေရိကန်- အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ရန် လာရောက်မည်ဖြစ်ပြီး၊ အမေရိကန်ကုန်သည်ကြီးများ အဖွဲ့နှင့် အာဆီယံနိုင်ငံများအကြား ၂ ဦး ၂ ဖက်အကျိုးများစေမည့် စီးပွား ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ဆွေး နွေးမည်ဖြစ်ကြောင်း၊ ထိုအပြင် ရန်ကုန်မြို့တွင် မြန်မာ့စီးပွားရေး နယ်ပယ်မှ ထင်ရှားသူများနှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။