ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင်၌ ကျဆုံးသွားခဲ့ရသည့် တရုတ်ဖြူစစ်သားများအား ဂုဏ်ပြုသောအားဖြင့် ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ယန်မင်းက ယမန်နေ့ ပထမဆုံးအကြိမ် လွမ်းသူပန်းခွေချကာ ဂုဏ်ပြုခဲ့ကြောင်းသိရသည်၊ ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာပြည်သို့ ဂျပန်များဝင်ရောက်လာသည့်အခါ ဗြိတိသျှတပ်များကို ကူညီရန် အမေရိကန်ဦးဆောင်သည့် တရုတ် တပ်အများအပြားဝင်ရောက်ခဲ့ပြီး၊ မြန်မာပြည်အလယ်ပိုင်း ရေနံချောင်း၊ တောင်ငူ စသည့် ဒေသများတွင် တိုက်ပွဲ အကြီး အကျယ်ဖြစ်ပွားခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။