ဝေဖန်ခံနေရသော ရန်ကုန်မြို့သစ် စီမံကိန်းကို မကြာမီကာလအတွင်း ပွင့်လင်းမြင်သာစွာဖြင့် Developer တင်ဒါ ခေါ်ယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး “ဒေသခံပြည်သူများအပြင် လူတန်းစားအလွှာအသီးသီးနှင့် ရင်းနှီးမြှုပ်နှံလိုသူများ အားလုံး” ပူးပေါင်းပါဝင်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။ ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့ စေတနာ အများပိုင် ကုမ္ပဏီအား တဦးတည်း လုပ်ပိုင်ခွင့်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် စီးပွားရေးသမားများက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။