သတင်းတို
မန္တလေးတက္ကသိုလ်နှင့် ဂျပန်တက္ကသိုလ်အကြား ပညာရေး ပူးပေါင်းဆောင်ရွက်မည်
This article has been converted from Zawgyi One to Unicode
မန္တလေး တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ Gifu University တို့အကြား ပညားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြီးခဲ့သည့် ရက်ပိုင်းက ရေးထိုးလိုက်ပြီး၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် ကျောင်းသား ဖလှယ်ခြင်း၊ ဆရာဖလှယ်ခြင်း၊ သတင်းအချက် အလက်ဖလှယ်ခြင်း၊ သုတေသနဆိုင်ရာ သိပ္ပံပစ္စည်းများ၊ ဘာသာရပ်ဆိုင်ရာစာတမ်းများ ပုံနိုပ်ထုတ်ဝေမှု၊ သိပ္ပံနှင့် လူမှုရေးဆိုင်ရာ အချက်အလက် များ ဖလှယ်ခြင်း၊ သုတေသနဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ သင်ရိုးညွှန်းတမ်းများ ပူးပေါင်းဖလှယ်ခြင်းတို့ကို ဆောင်ရွက်မည်ဟု သိရသည်။