ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ ဝင်အဖြစ်မှ ရပ်ဆိုင်းကြောင်း ယနေ့နံနက်က ကြေညာ လိုက်ပြီဖြစ်သည်၊ ဥက္ကဌ စောမူတူးစေဖိုး လက်မှတ် ထိုးထုတ်ပြန်သည့် ကြေ ညာ ချက်တွင် UNFC အနေဖြင့် လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက် စေနိုင်သည်ဟု KNUက ယူဆသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုအင်အားတောင့်တင်းစွာဖြင့် မှန်ကန်သည့် အခြေခံပေါ်တွင် ပူးပေါင်းလုပ်ဆောင်မည့် အကြုံပြုချက်များပါသည့် စာတမ်းတစောင်ကို ပထမအကြိမ်ကျင်းပသည့် UNFC အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း၊ ယင်းကိစ္စကို အကြေ အလည် ဆွေးနွေးနိုင်ခြင်း မရှိသည့် အတွက် KNU အနေဖြင့် ညီလာခံကို ဆက်လက်မတက်ရောက်တော့ခြင်းဖြစ်ကြောင်း ၊ထို့အတွက် ရှေ့ညီလာခံအတွက် KNUမှ ကိုယ်စားလှယ်များ စေလွှတ်ခြင်း ပြုလုပ်မည် မဟုတ်တော့ဟုလည်းပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။