တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံ ယမန်နေ့က ပြီးစီးသွားပြီဖြစ်ရာ၊ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ (KIO)၊ ဒုဥက္ကဋ္ဌ နိုင်ဟံသာ (MNSP)၊ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ် (KNPP)၊ အတွင်းရေးမှူး (၁) ဦးခွန်ဥက္ကာ (PNLO)၊ အတွင်းရေးမှူး (၂) ဆလိုင်း ထလာဟေး (CNF)တို့ကို ရွေးချယ်ခဲ့ သည်။ အဆိုပါ ပထမဆုံးအကြိမ် ကျင်းပသည့် UNFC အစည်းအဝေးတွင် ကရင်အမျိုး သား အစည်းအရုံး (KNU) အဖွဲ့ တင်ပြသည့် စာတမ်းနှင့် ပတ်သက်၍ သဘောတူညီမှုမရသည့်အတွက် ဥက္ကဋ္ဌ မူတူးစေဖိုး ကိုယ်တိုင် အစည်းအဝေးခန်းမမှ ထွက်ခွာခဲ့ပြီး၊ KNU အနေဖြင့်လည်း အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။