• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကလေးငယ် ထောင်ချီ၍ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရ

by လင်းသန့်
3 September 2014
in သတင်း
A A
ထိုင်းနိုင်ငံ, ကလေးသူငယ် ဖမ်းဆီးထိန်းသိမ်း, HRW , လဝက , ရွှေ့ပြောင်း အခြေချသူများ

ထိုင်း လဝက အချုပ်ခန်းတွင် တွေ့ရသော အရွယ်မရောက်သေးသည့် ကလေး တဦး (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)

3.8k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ကလေးငယ်များသည် စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်နာကျင်မှုများ ရှိနေကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ထုတ်ပြန် ပြောဆို လိုက်သည်။

ထိုင်း အာဏာပိုင်များက တရားမဝင် ဝင်ရောက်သူများကို နှစ်စဉ် ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် မိဘများနှင့် အတူ ဖမ်းဆီးထား သည့် ကလေးငယ် ထောင်ချီ ရှိကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသူများ၌ မြန်မာ ကလေးငယ်များလည်း ပါဝင်ကြောင်း လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့(HRW) က ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
24
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
53
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
289

HRW ၏ စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ရွှေ့ပြောင်း မိသားစုများနှင့် နိုင်ငံရေး ခိုလှုံရန် ကြိုးစားသူများအား ထိုင်း ရဲနှင့် လူဝင်မှု ကြီးကြပ်ရေး(လဝက) တာဝန်ရှိသူများက တရားမဝင် နိုင်ငံဝင်ရောက်မှု လဝက ဥပဒေ ဖြင့် ဖမ်းဆီးထိန်းသိမ်းရာတွင် ကလေး သူငယ်များကိုပါ မလိုအပ်ဘဲ ထိန်းသိမ်းထားသည်ဟု ထောက်ပြထားသည်။

Two Years with No Moon : Immigration Detention of Children in Thailand (နေမမြင် လမမြင် ၂ နှစ်တာ ထိုင်း အကျဉ်း ခန်းထဲက ကလေးငယ်များ) အမည်ရှိ စာမျက်နှာ ၆၇ မျက်နှာ ပါသည့် HRW ၏ အစီရင်ခံစာ၌ ထိုင်း နိုင်ငံတွင် ထိန်းသိမ်း ခံရသော အရွယ် မရောက်သေးသည့် ကလေးသူငယ်များအား ထိန်းသိမ်းရေးစခန်းတွင်းရှိ အချုပ်ခန်းများတွင် ရှိသင့်သည့် လူ ပမာဏထက် ပို၍ အများအပြား ထည့်သွင်း ထားသည်ဟုလည်း ဖော်ပြထားသည်။

ဖမ်းဆီးထားသော ကလေးငယ်များထားသည့် ထိန်းသိမ်းရေး အချုပ်ခန်းသည် သန့်ရှင်းမှု မရှိကြောင်း၊ အာဟာရ ပြည့်မီသည့် အစားအသောက်များလည်း ကျွေးမွေးမှုမရှိကြောင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းနှင့် ပညာသင်ကြားရေး အစီအစဉ်လည်း မရှိကြောင်း၊ ထိုလုပ်ရပ်များသည် ကလေးသူငယ် ဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်နေခြင်းပင် ဖြစ်ကြောင်း HRW ၏ သုတေသနမှူး အဲလစ် ဖာမာ က ပြောဆိုသည်။

အဲလစ် ဖာမာသည် HRW အဖွဲ့၏ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ သုတေသနမှူး ဖြစ်ပြီး ယခု အစီရင်ခံစာ ရေးသားသူ လည်း ဖြစ်ကြောင်း သိရသည်။

HRW အဖွဲ့သည် အစီရင်ခံစာ အတွက် ထိုင်းရဲနှင့် လဝက တို့၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ လူကြီး ၆၄ ဦး နှင့် ကလေး ၄၁ ဦးတို့ကို တွေ့ဆုံ မေးမြန်းခဲ့သည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ရွှေ့ပြောင်း အခြေချသူများ၏ ခေါင်းဆောင်များနှင့် ရှေ့နေများကိုလည်း တွေ့ဆုံမေးမြန်းခဲ့ကြောင်း HRW က ပြောဆိုထားသည်။

ရွှေ့ပြောင်း အခြေချသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်သည့် International Organization for Migration – IOM အစီရင်ခံစာများအရ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အခြေချသူများ၏ ကလေးသူငယ် ခန့်မှန်းခြေ ၃၇၅၀၀၀ ခန့်ရှိကြောင်း၊ အများစုမှာ မြန်မာနိုင်ငံမှဖြစ်ပြီး အိမ်နီးချင်း လာအို၊ ကမ္ဘောဒီယားနှင့် တခြားသော ပါကစ္စတန်၊ သီရိလင်္ကာ၊ ဆိုမာလီယာနှင့် ဆီးရီးယား နိုင်ငံများမှလည်း ပါဝင်ကြောင်း၊ အဆိုပါကလေး များမှာ ဒုက္ခသည်များ၊ နိုင်ငံရေး ခိုလှုံခွင့်ရရန် ကြိုးစားနေသူများ၏ ကလေးများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံက ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံမှ ကလေး သူငယ်အများစုသည် မြန်မာ အစိုးရ စစ်တပ်၏ ထိုးစစ်များကြောင့် နိုင်ငံ စွန့်ခွာ ထွက်ပြေးလာကြရသော ဒုက္ခသည်များဖြစ်ပြီး အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသများမှ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်စလင်များအား အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ထွက်ပြေးလာသူများလည်း ပါဝင်ကြောင်း HRW အစီရင်ခံစာက ဆိုသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား မိဘ ၂ ပါးတွင် တရားဝင် နိုင်ငံကူးလက်မှတ် ရှိပါက ၎င်းတို့၏ ကလေးများကိုလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးထားကြောင်း၊ ထိုင်း လဝက အကျဉ်းခန်းများတွင် မြန်မာ ကလေးငယ်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဘန်ကောက် မြန်မာသံရုံးအား အကြောင်းကြားပါက မြန်မာသံရုံးမှ လိုက်ပါကူညီ ဆောင်ရွက်ပေးနေကြောင်း ဧရာဝတီကို ပြောသည်။

မိဘများ အနေဖြင့် လဝက ဥပဒေနှင့် အပြစ်ရှိ၍ ထိုင်း အာဏာပိုင်များက ထိန်းသိမ်းသည်ဆိုပါက အပြစ်မရှိသော ၎င်းတို့၏ ကလေးငယ်များအား ထိုင်းနိုင်ငံရှိ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ရွှေ့ပြောင်း အလုပ်သမားများ စောင့်ရှောက်ရေး ကော်မတီ အနေဖြင့် ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုများရစေရန် ခေတ္တ အပ်နှံပေးကြောင်း မြန်မာ သံအမတ်ကြီး က ဆက်ပြောသည်။

“လဝက မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာကလေးတွေ ကိစ္စတော့ ကျနော့်လက်ထက်မှာ အကြောင်းကြားလာတာ မရှိသေးဘူး၊ အကြောင်းကြားလာရင်လည်း လုပ်ထုံးလုပ်နည်းအတိုင်း ထိုင်းအစိုးရနဲ့သွားပြီးတော့ ပြောရမှာပေါ့။ ဆွေးနွေးညှိနှိုင်းပြီးတော့ တကယ့် အခွင့်အရေးအတိုင်း ရအောင်တော့ လုပ်ပေးရမှာပေါ့”ဟုလည်း မြန်မာ သံအမတ် ကြီး ဦးဝင်းမောင်က ပြောဆိုသည်။

Your Thoughts …
Tags: Child AbuseThai
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
ပအို့ဝ်, RCSS/SSA , တိုက်ပွဲ , PNLO , ရှမ်းပြည် တပ်မတော် တောင်ပိုင်း

ပအို့ဝ် အဖွဲ့နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း တိုက်ပွဲ ဖြစ်ပွား

သူခိုးရေးတဲ့ သူခိုးဝတ္ထု

သူခိုးရေးတဲ့ သူခိုးဝတ္ထု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate