ရန်ကုန် ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံကြီးတွင် တက်ရောက်နေသည့် အီဘိုလာရောဂါပိုး ကူးစက် ခံရသည်ဟု ယူဆခြင်းခံခဲ့ရသည့် လူနာအပါအဝင် အနီးကပ်ပြုစုစောင့်ရှောက်ခဲ့သူ ၄ဦးကို ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း အစိုးရက သတင်းထုတ်ပြန်လိုက်သည်၊ အဆိုပါ လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၄ဦး၏ ဓာတ်ခွဲနမူနာများကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ ပေးပို့စစ်ဆေးခဲ့ရာ၊ အီဘိုလာရောဂါ ပိုး မတွေ့ရှိဟု ပြီးခဲ့သည့် အင်္ဂါနေ့က အကြောင်းပြန်ကြားလာသည့်အတွက် ယခုကဲ့သို့ ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။