ဂျာမနီနိုင်ငံတွင် ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်က ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ် တွေ့ဆုံ ပြီးနောက်၊နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံ မှုများ ပြုလုပ်ရန် တိုက်တွန်းပြောကြားပြီး၊ စီးပွားရေး မိတ်ဖက် အဓိက နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံသူ အဖြစ် ကမ်းလှမ်းလိုကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးပြီး၊ နည်းပညာများကို ယူဆောင်လာမည့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာတွင် ဂျာမနီအနေဖြင့် မြန်မာကုမ္ပဏီများနှင့် ပူးပေါင်းသင့်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောဆိုသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာ တွင်ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။