တာချီလိတ်မြို့ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အခုလ ၃ ရက်နေ့က ကာလတန်ကြေး ကျပ် ၂၄ သိန်းတန်ဖိုးရှိ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား အပြား ၉၆၀ ပြား ကို မူးယစ်တပ်ဖွဲ့စု (၃၀) က ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့တယ်လို့ တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖမ်ဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေဟာ တာလေဘက်က မောင်းနှင်လာတဲ့ ဟွန်ဒါ ဝေ့ဖ် ၁၁၀ အမျိုးအစား ဆိုင်ကယ်တစီးကို ရှာဖွေရာမှာ မောင်းနှင်လာသူတွေရဲ့ ဘောင်းဘီအိတ်နဲ့ ဆိုင်ကယ်နောက်ဖုံးတွေထဲတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပြီး ဆေးပြားတွေ သယ်ဆောင်လာသူနှစ်ဦးကို တာချီလိတ် မြို့မရဲစခန်းမယ(ပ)၁၁၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရအမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။