• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အယ်လ်ကိုင်းဒါး စိန်ခေါ်မှု စိုးရိမ်စရာ မရှိဟု သမ္မတရုံး ထုတ်ပြန်

by ဧရာဝတီ
4 September 2014
in သတင်း
A A
အယ်လ်ကိုင်းဒါး စိန်ခေါ်မှု စိုးရိမ်စရာ မရှိဟု သမ္မတရုံး ထုတ်ပြန်

အွန်လိုင်းတွင် ဖြန့်ချိသော ဗီဒီယိုတွင် မြင်ရသော အယ်လ်ကိုင်းဒါး၏ ခေါင်းဆောင် Ayman al Zawahri (ဓာတ်ပုံ - Reuters)

12.4k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အကြမ်းဖက်အဖွဲ့ Al Qaeda အယ်လ်ကိုင်းဒါး၏ ခေါင်းဆောင် Ayman al Zawahri က အိန္ဒိယတွင် ၎င်း၏ စစ်သွေးကြွအဖွဲ့၏ ဌာနခွဲတခု ဖွဲ့စည်းလိုက်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ကို ပစ်မှတ်ထားမည်ဟု ကြေညာလိုက်ခြင်းနှင့် ပတ်သက်၍ နေပြည်တော်ရှိ သမ္မတရုံးက စိုးရိမ်စရာ မရှိဟု ထုတ်ပြန်သည်။

စက်တင်ဘာလ ၃ ရက်နေ့ အွန်လိုင်းတွင် ဖြန့်ချီခဲ့သော ၅၅ မိနစ်ကြာ ဗီဒီယိုဖိုင်တွင် အိန္ဒိယတိုက်ငယ်တွင် Al Qaeda အဖွဲ့ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အာသံ၊ ဂူဂျာရတ်၊ အာမက်ဒါဘတ် နှင့် ကက်ရှ်မီးယားမှ မွတ်ဆလင်များအတွက် ဂုဏ်ယူဖွယ်ရာ သတင်းကောင်းတခု ဖြစ်ပြီး တပ်ဖွဲ့ သစ်က မွတ်ဆလင်များကို မမျှတခြင်းနှင့် ဖိနှိပ်ခံရခြင်းတို့မှ ကယ်တင်မည်ဟု Ayman al Zawahriက ဆိုသည်။

RelatedPosts

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

18 July 2025
66
လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
1.7k
မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
47

“ဒီသတင်းကြောင့် အချင်းချင်းအကြား သံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီ ပြန်လည်ဦးတည်မသွားအောင် သတိရှိကြဖို့ လိုပါတယ်။ သိပ်ပြီးလည်း စိုးရိမ်တကြီး ဖြစ်နေစရာ အကြောင်းမရှိပါဘူး။ စိုးရိမ်လွန်ကဲတာမျိုး မဖြစ်အောင်လည်း ပြောလိုပါတယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ရေးသားထားသည်။

Ayman al Zawahri က ဆီးရီးယားနှင့် အီရတ်တွင် အင်အားကြီးထွားလာနေသည့် အစ္စလမ်မစ်နိုင်ငံအဖွဲ့ (IS) က အစ္စလမ်မစ် စစ်ရေးလုပ်ငန်းများတွင် Al Qaeda အဖွဲ့၏ ခေါင်းဆောင်မှု အပေါ် စိန်ခေါ်လာခြင်းကိုလည်း လုံး၀ သဘော မတူကြောင်း ပြောကြားခဲ့သလို အာဖဂန်နစ္စတန်မှ တာလီဘန်ခေါင်းဆောင် Mullah Omar အပေါ် ကာလရှည်ကြာစွာ သစ္စာစောင့်သိမှုကိုလည်း ထပ်မံအတည်ပြုပြောဆိုသွားသည်။

နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေး ကျွမ်းကျင်သူများကမူ အယ်လ်ကိုင်းဒါး၏ သက်ကြီးရွယ်အို ခေါင်းဆောင်များသည် လူသစ် စုဆောင်းရာတွင် IS အဖွဲ့နှင့် ယှဉ်ပြိုင်နေရ၍ အကြပ်အတည်းများ ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။ IS အဖွဲ့က ကမ္ဘာ အနှံ့အပြားမှာ လူငယ်နောက်လိုက်များကို အီရတ် နှင့် ဆီးရီးယားနယ်စပ်ရှိ နယ်မြေများမှ နေ၍ သွေးဆောင် စည်းရုံးလျှက် ရှိသည်။

IS အဖွဲ့၏ ခေါင်းဆောင် Abu Abu Bakr al-Baghdadi က ၎င်းကိုယ်၎င်း ကာလိဖ် (caliph) သို့မဟုတ် အကြီးအကဲဟု ခေါ်ဝေါ်သုံးစွဲပြီး မွတ်ဆလင်အားလုံးက သစ္စာခံကြရန် တောင်းဆိုခဲ့သည်။

IS အဖွဲ့သည် ၂၀၁၃ ခုနှစ်တွင် Ayman al Zawahri ၏ အဖွဲ့မှ ခွဲထွက်လာပြီး ဆီးရီးယား နိုင်ငံတွင်းသို့ ဝင်ရောက်ကာ Abu Abu Bakr al-Baghdadi ၏ နောက်လိုက်များက ခေါင်းဖြတ်ခြင်း၊ ဘာသာရေးကို အကြောင်းပြု တိုက်ခိုက်ခြင်းနှင့် အကြီးအကျယ်သတ်ဖြတ် သုတ်သင်ခြင်းများပြုလုပ်ခဲ့သည်။

IS အဖွဲ့ကို သွယ်ဝိုက်၍ ငြင်းပယ်ခြင်း အပါအဝင် Ayman al Zawahri ၏ ကြေညာချက်သည် အိန္ဒိယနိုင်ငံ ၏ ဝန်ကြီးချုပ် အသစ် နေရိန်ဒြာမိုဒီအတွက် စိန်ခေါ်မှုတခုဖြစ်လာနိုင်သည်။  နေရိန်ဒြာမိုဒီသည် မွတ်ဆလင်ဆန့်ကျင်ရေးဟု ယူဆနိုင်သည့် တိုက်ခိုက်မှု အမြောက်အမြားနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သဖြင့် ဝေဖန်ခြင်းခံနေရသည်။

ထိုနည်းတူ မွတ်ဆလင် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများအပေါ် ဖိနှိပ်ရက်စက်မှုများ ရှိသည်ဟု ဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရအတွက်လည်း စိန်ခေါ်မှုတရပ်ဖြစ်သည်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှု၏ ပစ်မှတ် ဖြစ်လာနိုင်သည်ကို လွန်ခဲ့သည့် နှစ်အနည်းကတည်းက ကြိုတင်သိရှိထားကြောင်း၊ သို့အတွက် လိုအပ်သည့် လုံခြုံရေး ကိစ္စများ ပြင်ဆင် ထား ကြောင်း၊ အယ်လ်ကိုင်ဒါး ကွန်ရက် ပြန့်နှံ့စီးဆင်း လည်ပတ်မှုများအား လေ့လာပြီး ဝင်ရောက်လာနိုင်မည့် လမ်း ကြောင်းများကို ကြိုတင်သတ်မှတ် ဆောင်ရွက်ထားရှိကြောင်းလည်း ဆိုသည်။

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နယ်စပ်တွင်သာ အများအားဖြင့် အခြေပြုထားသည့် အယ်လ်ကိုင်းဒါးအဖွဲ့သည် ဒေသတွင်း စစ်သွေးကြွအဖွဲ့များနှင့် နှိုင်းစာလျှင် လူအင်အားရော နယ်မြေကျွမ်းကျင်မှုပါ အင်အားနည်းနေသည်။

၂၀၁၁ ခုနှစ်တွင် အမေရိကန် လက်ရွေးစင်တပ်ဖွဲ့များ လက်ချက်ကြောင့် သေဆုံးခဲ့ရသည့် ခေါင်းဆောင် Osama bin Laden နှင့် ၎င်းကို ဆက်ခံသူ Ayman al Zawahri တို့က တာလီဘန်ခေါင်းဆောင် Mullah Omar အပေါ် သစ္စာစောင့်သိမည့် အ ကြောင်း နှင့် သူ၏နောက်လိုက်များကို အာမခံခဲ့သည့် အတိုင်း သူတို့အတွက် လုံခြုံသော နိဗ္ဗာန်ဘုံဖြစ်သည့် အာဖဂန်နစ္စတန်သို့ ပြန်နိုင်ရေး အကြိမ်ကြိမ်ကတိပေးခဲ့ကြသည်။

IS အဖွဲ့၏ နိုင်ငံတည်ထောင်ရန် အားထုတ်မှုမျိုးကို အယ်လ်ကိုင်းဒါး ခေါင်းဆောင်များက မည်သည့်အခါမျှ ကြိုးစားခဲ့ခြင်း မရှိပါ။ ၎င်းတို့က အစဉ်အလာအားဖြင့် အနောက်အုပ်စုမှ ပစ်မှတ်များကို တိုက်ခိုက်ရန်ကိုသာ အားသန်ခဲ့ကြသည်။

နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ အမွှာညီနောင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က တိုက်ခိုက်မှုသည် အယ်လ်ကိုင်ဒါး၏ အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည်။

Ayman al Zawahri သည် အယ်လ်ကိုင်ဒါး ခေါင်းဆောင် Osama bin Laden သက်ရှိထင်ရှားရှိစဉ်က ဒုတိယ ခေါင်းဆောင်အဖြစ် လူသိများသည်။ Ayman al Zawahri အား ဖမ်းဆီးရမိပါက ဒေါ်လာ ၂၅ သန်း ဆုငွေပေးမည်ဟု အမေရိကန်က ကြေညာထားသည်။

ဆက်စပ်ဖတ်ရှုရန်
ဂျီဟတ်ကို မြန်မာပြည် ခေါ်မသွင်းမိပါစေနှင့်

Your Thoughts …
Tags: Terrerism
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဂျီဟတ်, အဓိကရုဏ်း, လူမျိုးရေး, အကြမ်းဖက်

ဂျီဟတ်ကို မြန်မာပြည် ခေါ်မသွင်းမိပါစေနှင့်

by ညီစောလွင်
18 July 2014
18.4k

ခေတ် အဆက်ဆက် မွတ်စလင် သူပုန်ထမှုတွေ အင်အား ကြီးထွား မလာတာဟာ ငြိမ်းချမ်းစွာ နေလိုတဲ့ မွတ်စလင် လူများစုကြီးနဲ့ ဆိုင်ပါတယ်။ တချိန်တည်းမှာ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်း သားမှာမဆို အစွန်းရောက် အုပ်စုတွေ ရှိနိုင်တာ ကိုလည်း...

အစွန်းရောက်, မွတ်စလင်

အစွန်းရောက်ဝါဒများ တင်ပို့နေခြင်းကို ဆော်ဒီတွေ ရပ်သင့်ပြီ

by အဒ်ဟူစိန်
12 September 2014
6.3k

ဆော်ဒီ အာရေးဗီးယားသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကုလသမဂ္ဂသို့ ဒေါ်လာ သန်း ၁၀ဝ လှူဒါန်းခဲ့သည်။ သို့သော် လုံခြုံရေး ကောင်စီတွင် အလှည့်ကျ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ကို ငြင်းခဲ့သည်။ ယင်းသည် ဆွန်နီ အစ္စလမ်မစ် အစွန်းရောက်များနှင့်...

ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး အင်ဒိုနီးရှားတွင် တိုက်ခိုက်ရေး အကူအညီ လာယူ

ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး အင်ဒိုနီးရှားတွင် တိုက်ခိုက်ရေး အကူအညီ လာယူ

by ဧရာဝတီ
12 July 2013
6.8k

(ICG) အကြီးတန်း အကြံပေး Sidney Jones က စင်ကာပူ အခြေစိုက် The Straits Times သတင်းစာသို့ “JI အဖွဲ့နဲ့ RSO အဖွဲ့အကြား အဆက်အသွယ်ကို လေ့လာကြည့်ရင် အာဖဂန် ပြဿနာကို...

မိုးပေါ်သို့ ပက်လက်လှန် တံတွေးထွေးကြခြင်း

မိုးပေါ်သို့ ပက်လက်လှန် တံတွေးထွေးကြခြင်း

by ငြိမ်းချမ်းအေး
16 December 2014
4.9k

“ငါးခုံးမ တကောင်ကြောင့် တလှေ လုံး ပုပ်” ဆိုတဲ့ မြန်မာစကားပုံလိုပဲ အကြမ်းဖက်၊ အစွန်းရောက်၊ ရှေးရိုးစွဲ နောက်ပြန်တဲ့ အစိတ်အပိုင်းတခု ကြောင့် အခြား မသက်ဆိုင်တဲ့ လူအများနဲ့ ငြိမ်းချမ်းတဲ့ ဘာသာတရားရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည်...

ဘော်စတွန်က ပေးသော အတွေးများ

ဘော်စတွန်က ပေးသော အတွေးများ

by ခင်မောင်ထွေး (ပျဉ်းမနား)
25 April 2013
6.2k

ဘော်စတွန် မာရသွန်ပြိုင်ပွဲသည် ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်များကပင် မတားဆီးနိုင်ခဲ့ပါ။ မဖျက်ဆီးနိုင်ခဲ့ပါ။ အကြမ်းဖက် သမားတို့က အားကစားကို လက်နက်ဖြင့် ခြိမ်းခြောက် သော်လည်း အားကစားကတော့ မကြောက်ပါ။

အိုဘားမား, စစ်သွေးကြွ

ISIS စစ်သွေးကြွများကို ချေမှုန်းမည်ဟု အိုဘားမား ကတိပေး

by မာ့က်လန်ဒါ
12 September 2014
4.1k

အမေရိကန် ပြည်ထောင်စုက ISIS ကို အမှန် တကယ် ဖျက်ဆီးနိုင်စွမ်း ရှိ မရှိလည်း တွက်ဆနေသည်။ အုပ်စုတခု ကို ဖယ်ရှားရင်း အီရတ် စစ်ပွဲပြန်စသည့် ဆီသို့ ရောက်သွားနိုင်ခြင်း ကလည်း ကြီးမားသော စိန်ခေါ်မှုတခု...

Next Post
စီမံခန့်ခွဲမှု

လူထုစီမံခန့်ခွဲမှု ပြောင်းလဲရေး လိုပြီ

ကန်ကြီးထောင့်မြို့နယ်, အုပ်ချူပ်ရေးမှူး , မြေကွက်များ

ကန်ကြီးထောင့် အများပိုင်မြေကွက် အတွက် အာဏာပိုင်နှင့် ဒေသခံများ ပြဿနာဖြစ်နေ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate