သတင်းတို

ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဟု ကော်မရှင်ဥက္ကဋ္ဌ ပြော

This article has been converted from Zawgyi One to Unicode

လာမည့် နိုဝင်ဘာလ အတွင်း ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပတော့မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယမန်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သုံးရပ်တွင် စုစုပေါင်း ၃၅ နေရာလစ်လပ်နေသော်လည်း အချိန်ကာလ တိုတောင်းသည့် အပြင် ငွေကုန်ကြေးကျလည်း များပြားမည်ဖြစ်သည့်အတွက် မကျင်းပရန် ဆုံးဖြတ် ခြင်းဖြစ်သည်ဟု သိရသည်။

Loading