• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဖွဲ့ခွဲ တည်ထောင်တဲ့ ရဲဘော် နှစ်ဦး ABSDF က ထုတ်ပယ်

by ကျော်ခ
8 September 2014
in သတင်း
A A
ABSDF, ABSDF ဗဟို စစ်ကော်မရှင် , UNRA , UPDF , PPSA, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသော ABSDF ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

4.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ကနေ ခွဲထွက်ပြီး သီးခြားအဖွဲ့တွေ တည်ထောင် တဲ့ ရဲဘော်တချို့ကို ABSDF ဗဟို စစ်ကော်မရှင်က စက်တင်ဘာ ၅ ရက်နေ့နဲ့ ၇ ရက်နေ့မှာ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။

ပြည်ထောင်စု ကာကွယ်ရေးတပ် (UNRA)နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (UPDF) တပ်ဖွဲ့ အဖြစ် သီးခြား ဖွဲ့စည်းခဲ့ကြ တဲ့ ရဲဘော် ခင်ကျော်နဲ့ ရဲဘော် ကျော်ကျော် (ကချင်) တို့ကို ABSDF က ချမှတ်ထားတဲ့ မူတွေကိုကျော်လွန်ပြီး လုပ်ကိုင်ခဲ့ကြတဲ့ အတွက် ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
16
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
48
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
266

ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က“မီဒီယာတွေပေါ်မှာ ဖော်ပြနေသလို ABSDF က နှစ်ဖွဲ့ကွဲတာ မဟုတ်ပါဘူး။ ညီလာခံကနေ ရွေးချယ် တာဝန်ပေးထားတဲ့ ဗဟို ကော်မတီဝင် ၂၃ ဦးလုံးကလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူး။ အခု ABSDF မှာရှိတဲ့ တပ်ရင်း တပ် ဖွဲ့တွေက တပ်မှူးတွေရော ရဲဘော်တွေရော ဘယ်သူမှမပါဘူး။ အခုက အဖွဲ့အစည်းကနေ အရေးယူ ထုတ်ထားတဲ့ နှစ်ယောက်ပဲ ထွက် သွားတဲ့ အနေအထားပဲ”လို့ ဧရာဝတီကို ပြောပါတယ်။

ရဲဘော် ခင်ကျော်နဲ့ ရဲဘော် ကျော်ကျော် (ကချင်) တို့အနေနဲ့ ABSDF ရဲ့ ချမှတ်ထားတဲ့ မူတွေကိုကျော်လွန်ပြီး UNRA အဖွဲ့အဖြစ် သီးခြားအဖွဲ့ ထူထောင်မှု၊ UPDF အဖွဲ့အစည်းအမည်ဖြင့် အစိုးရနဲ့ သီးခြား အပစ်အခတ်ရပ်စဲရေး လုပ်ရန် ကြိုးပမ်း တောင်းဆိုမှု၊ အဖွဲ့အစည်း အတွင်း ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့ စည်းကမ်းချက်တွေကိုမလိုက်နာမှု အဖွဲ့အစည်းအတွင်း ပြိုကွဲစေရန် ကြိုးပမ်း အားထုတ်မှုတွေ ရှိခဲ့တယ်လို့ ABSDF ထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဗဟိုစစ်ကော်မရှင်က ဖြေရှင်းနိုင်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် ရဲဘော် ခင်ကျော်နဲ့ ရဲဘော် ကျော်ကျော်တို့က လာရောက် ဖြေရှင်းခြင်း မပြုဘဲ သူတို့သဘောဆန္ဒနဲ့ သူတို့ ဆက်လက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ABSDF က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပြီး ဖြစ်ကြောင်း၊ အပစ်ရပ်ပြီးသား အဖွဲ့အစည်း တခုအောက် မှာ အဖွဲ့သစ်တခုတည်ထောင်ပြီး အပစ်ရပ်ရေး ထပ်လုပ်ဖို့ မဖြစ်နိုင်သလို ဦးကျော်ခင်တို့ သွားလိုတဲ့ အပစ်အခတ် ရပ်စဲရေး ရည်ရွယ်ချက်နဲ့ ABSDF မူနဲ့က ကွဲလွဲနေတယ်လို့ ဦးမျိုးဝင်း ကပြောပါတယ်။

“ABSDF က အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့တယ်ဆိုတာက တိုင်းပြည်အတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ဖို့ ကြိုးပမ်းတာ။ သူတို့ရည်ရွယ်ချက်က ဥပဒေဘောင်အတွင်းကနေ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလုပ်မယ် ဆိုတာ ပါတယ်။ ABSDF မှာ အဲဒီမူမရှိဘူးလေ။ လက်ရှိနိုင်ငံရေး ပြဿနာ မဖြေရှင်းနိုင်မခြင်း ဒီပုံစံအတိုင်းပဲ အဖွဲ့အစည်းကရှိမှာ”လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကာလ အတွင်းမှာ ဗဟိုဦးစီးချုပ်ကိုင်မှုတွေ များလာသလို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အပေးအယူတွေ များလာပြီး ရေရှည်မှာ ABSDF က ချမှတ်ထားတဲ့ မူဝါဒတွေအပေါ်မှာ တိတိကျကျ လိုက်နာလုပ်ကိုင်ဖို့အတွက် အခက်အခဲတွေ ရှိလာကြောင်း ရဲဘော် ဦးခင်ကျော် က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

သူ့အနေနဲ့ ABSDF ရဲ့မူလက ချမှတ်ထားတဲ့ မူဝါဒတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် UNRA ကိုဖွဲ့စည်းခဲ့တာ ဖြစ် ကြောင်း ဒီလ ၆ ရက်နေ့က မွန်ပြည်နယ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

UNRA နဲ့ သက်ဆိုင်ရာဌာနတွေ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကျောင်းသား ငြိမ်းချမ်းရေးအဖွဲ့ (PPSA) ရဲ့ ဇူလိုင်လ ၁၄ ရက်နေ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆီ ပို့တဲ့စာထဲမှာ ဦးခင်ကျော် ဦးစီးတဲ့ UNRA အဖွဲ့က တပ်မတော်နဲ့ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် တွေ့ဆုံလိုကြောင်း တင်ပြထားတာကို တွေ့ရပါတယ်။

အဲဒီစာထဲမှာ ABSDF အဖွ့ဲ အပစ်အခတ်ရပ်စဲရာမှာ သဘောထားမညီညွှတ်လို့ တရားဝင်အဖွဲ့ဝင် အဖြစ်က အနားယူပြီး တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဟာမိတ်အဖြစ် သတ်မှတ်ပြီး ၂၀၁၄ မတ်လ ညီလာခံမှာ အနားယူခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားကြောင်း၊ အများစုဟာ KNU/KNLA တပ်မဟာ (၅) ဖာပွန်ဒေသမှာ အခြေပြုထားကြောင်း၊ နိုင်ငံခြားရှိ ရဲဘော်တွေအပါအဝင် စုစုပေါင်း အင်အား ၃၀၀ ခန့်ရှိကြောင်း တင်ပြထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် အစိုးရက ဒီမိုကရေစီ အပြည့်အဝ ကျင့်သုံးတဲ့အခါမှာ လက်နက်စွန့်လွှတ်ပြီး သာမာန် အရပ်သားအဖြစ် နေထိုင်သွားမှာ ဖြစ် သလို တွေ့ဆုံရာမှာလည်း ကိုယ်ကျိုးအခြေခံအခွင့်အရေးတွေကို မပြောဆိုဘဲ တိုင်းပြည် ပြုပြင်ပြောင်းလဲရေး အပြုသဘောဆောင် ကိစ္စရပ်တွေကိုသာ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

PPSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောသန်းနိုင် က“အခုက ကျနော်တို့က ဘာတွေ ဆက် လုပ်ကြမလဲဆိုတော့ အမျိုးသား နိုင်ငံရေး ဦးတည်ချက်နဲ့ပဲ နဂိုကျောင်းသားတပ်မတော်က ချမှတ်ထားတဲ့ ဦးတည်ချက် လေးရပ် အတိုင်း ပြည်ထောင်စု ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ထားပါတယ်ခင်ဗျ”လို့ ဧရာဝတီ ကို ပြောပါတယ်။

ရဲဘော် ခင်ကျော်နဲ့ ရဲဘော် ကျော်ကျော် (ကချင်) တို့ အသစ်ဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ ကော်မတီမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေဟာလည်း ABSDF က ရဲဘော်တွေ မဟုတ်ကြောင်း ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောပါတယ်။

ဒါ့အပြင် ABSDF မှာ တပ်ရင်း ၉ ရင်းရှိပြီး ဒီ ရဲဘော်ဟောင်းနှစ်ဦး ထုတ်ပယ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအတွင်းမှာ သဘောထား ကွဲမှုတွေ မရှိသလို၊ သက်ရောက်မှုတွေ မရှိဘူးလို့လည်း ပြောဆိုပါတယ်။

ABSDF ဟာ ရှစ်လေးလုံး လူထု အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ အထင်ကရ ကျောင်းသားတပ်မတော်အဖွဲ့ ဖြစ်ပြီး အစိုးရနဲ့ ၂၀၁၃ ခုနှစ် သြဂုတ် လဆန်းပိုင်းမှာ ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး ဖြစ်ပါတယ်။

Your Thoughts …
Tags: ABSDF
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.8k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

by ဟိန်းထူးဈာန်
6 November 2024
13.8k

အင်းတော် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်ပြီး SNA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို မှတ်ချက်တောင်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.7k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

တော်လှန်ရေးအဖွဲ့များ သတိပြုရမည့် ပအိုဝ်း PNO နှင့် ရှမ်းနီ SNA

by ကိုဦး
15 February 2025
6k

ရှမ်းနီ SNA ကိုလည်း စစ်တပ်က PNO ပြည်သူ့စစ်ကဲ့သို့ ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် သဘောထားသည်။

Next Post

အကြမ်းဖက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုကြောင့် မောင်တောနယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်

ဒေါက်တာ ဒေါ်ညိုညိုသင်း, ရန်ကုန်တိုင်း ဒေသကြီး အစိုးရ, ရန်ကုန်တိုင်း လွှတ်တော်

“အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate