• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

အိမ်အကူအား နှိပ်စက်ပြီး တိမ်းရှောင်နေသည့် မော်ဒယ်လ် လင်မယားကို ရဲတပ်ဖွဲ့ ဖမ်းမမိသေး

by ဆလိုင်းသန့်စင်
9 September 2014
in Crime
A A
အိမ်အကူ မိန်းကလေး, မော်ဒယ်လ်သရုပ်ဆောင် သီရိကိုကိုနိုင်

လက်တွင် အပူလောင် ဒဏ်ရာများရရှိထားသော နော်ထက်ထက်နှင့် သူ၏ မိခင် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

13.8k
VIEWS
Share on FacebookShare on Twitter

အသက် ၁၅ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်ကို ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည့် ဗီဒီယို သရုပ်ဆောင် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူတို့သည် တရားရုံးက ဖမ်းဆီးမိန့်ဝရမ်း ထုတ်ပြန်ပြီးနောက် ယနေ့တိုင် တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှ အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်နေသူ နော်ထက်ထက်ကို အိမ်ရှင် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ် သူ ဦးကြည်လှမြင့်တို့က ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
156
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
37

ထိုသို့ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်သည့်အတွက် နော်ထက်ထက်၏မိခင် နော်မိချိုက တရားလိုပြုလုပ်၍ ပုသိမ်မြို့ အမှတ် ၂ ရဲစခန်း ၌ ယခုနှစ် မတ်လအတွင်းက အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရဲစခန်းက အမှုကို လွှဲပြောင်းရယူပြီးနောက် တရားရုံးသို့ တင်ပို့၍ တရားစွဲဆိုခဲ့ပြီး ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်၊ အိမ်အမှတ် – ၃၀ တွင်နေထိုင်သည့် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့် တို့အား ဗဟန်းတရားရုံးက ယခုနှစ် ဇွန်လ ဒုတိယပတ်မှစတင်၍ ဖမ်းဆီးမိန့် ဝရမ်း ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးမိန့် ဝရမ်း ထုတ်ပြန်ပြီးနောက် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံသည် အဖမ်းမခံဘဲ ၂ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်သည်ဟု ဗဟန်း ရဲစခန်းက ပြောသည်။

ယင်းအမှုအား အမှုစစ်အရာရှိအဖြစ် တာဝန်ယူခဲ့သည့် ဒုရဲအုပ် ထွန်းမွှေးက“သူတို့ကို ဒီနှစ် ၆ လပိုင်းထဲမှာ ဗဟန်းတရားရုံးက ဖမ်း ဝရမ်း ထုတ်ထားတယ်။ တရားခံပြေး အနေနဲ့ပေါ့။ နှစ်ယောက်စလုံးက အိမ်ကိုတံခါးပိတ်ပြီး ထွက်ပြေး တိမ်းရှောင်နေတယ်လေ။ အဲဒီ ဖမ်းဝရမ်းကို ရဲစခန်းက အတည်ပြုဆောင်ရွက်ပြီး ဖမ်းမိနိုင်ရေးကြိုးပမ်းနေတယ်။ မိပြီဆိုရင် တရားရုံးကို ပြန်တင်ပေးရမယ်”ဟု ဧရာဝတီကို ပြောပြသည်။

သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူတို့အား ဗဟန်းတရားရုံး၌ စွဲဆိုထားသည့် ပုဒ်မများမှာ ၃၂၃ (တုံးသောလက်နက်ဖြင့် သာမာန်နာကျင် စေမှု)၊ ၃၂၄ (ချွန်သောလက်နက်ဖြင့် သာမာန် နာကျင်စေမှု)၊ ၃၄၆/၁၁၄ (မတရား ဖမ်းဆီးချုပ်နှောင်မှု)နှင့် ၅၀၆/၁၁၄ (ခြိမ်းခြောက် မှု) တို့ ဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသူ နော်ထက်ထက်သည် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြ မြို့နယ် မဲကျော် ကျေးရွာအုပ်စု ဝဲဒေါင့် ကျေးရွာတွင် နေထိုင်သူ ဖြစ်သည်ဟု ဆိုသည်။

နော်ထက်ထက် သည် ရန်ကုန်မြို့ရှိ သီရိကိုကိုနိုင်၏ နေအိမ်သို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင်ရောက်ရှိပြီး အိမ်အကူ အဖြစ် တလလျှင် လုပ်အားခငွေ ကျပ် ၂၅၀၀၀ နှုန်းဖြင့် လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

အိမ်အကူ သက်တမ်း ၂ လကျော် ကြာမြင့်ချိန် ယခုနှစ် မတ်လအတွင်း၌ သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူတို့က ခေါင်းကွဲသည်အထိ တံမြက်စည်းဖြင့် ရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ ပလာယာ၊ ကပ်ကြေးများဖြင့် ထိုးနှက်ခြင်း၊ ထမင်း မကျွေးဘဲ အခန်းအတွင်း၌ ပိတ်လှောင်ထားခြင်းနှင့် ဆီပူအိုးထဲသို့ လက်နှစ်၍ နှိပ်စက်ခြင်းများ ပြုလုပ်ခံခဲ့ရသည်ဟု နော်ထက်ထက်က ပြောသည်။

ထို့နောက် နော်ထက်ထက်၏ ဒဏ်ရာများကို ရန်ကုန်၌ ဆေးကုမပေးဘဲ သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူတို့က ပုသိမ်မြို့ရှိ သီရိကိုကိုနိုင် ၏ ဖခင် ဧရာဝတီတိုင်း ဒေသကြီး ဆိပ်ကမ်းအာဏာပိုင် အရာရှိ ဦးကိုကိုနိုင် နေအိမ်သို့ ပို့ဆောင်ခဲ့ကြသည်။

အပူလောင် ဒဏ်ရာ၊ ဖူးယောင်ညိုမည်း ဒဏ်ရာ၊ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာများဖြင့် ရောက်ရှိလာသည့် နော်ထက်ထက်အား ဆိပ်ကမ်း အာဏာပိုင် အရာရှိ ဦးကိုကိုနိုင်က ပုသိမ်မြို့ရှိ “လမင်း” အထူးကု ဆေးခန်းတွင် ဆေးကုသပေးခဲ့ရာ ၎င်းဆေးခန်းက ရဲမှုခင်း ဖြစ် နေသည့် အတွက် လက်မခံသောကြောင့် ပုသိမ် အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ ကုသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုမှုခံနေသော ကရင်တိုင်းရင်းသူ နော်ထက်ထက်၏ သတင်းကို ပုသိမ်ရှိ ကရင်နှစ်ခြင်း ခရစ်ယာန် သာသနာမှ အမျိုးသမီးရေးရာ အဖွဲ့က ကြားသိပြီးနောက် ဆေးရုံ၌ လိုက်လံစုံစမ်းရာမှ မိန်းကလေးငယ်၏ အမှုကို ဖော် ထုတ်နိုင်ပြီး မိဘများကိုလည်း အကြောင်းကြား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကလေးက အခုချိန်အထိ စိတ်ဒဏ်ရာရနေတယ်။ စိုးရိမ်ထိတ်လန့်တာတွေ အားငယ်တာတွေ ရှိနေတုန်းပဲ။ လူသားမဆန်စွာ ညှဉ်း ပန်း နှိပ်စက်ခဲ့သူတွေကို တာဝန်ရှိသူတွေအနေနဲ့ ဖမ်းဆီးပြီး ဥပဒေအရ အပြစ်ပေး အရေးယူနိုင်အောင် ဝိုင်းဝန်း ကူညီပေးစေချင်ပါ တယ်”ဟု ကရင်နှစ်ခြင်း ခရစ်ယာန် သာသနာအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ နော်စိန်ချစ်က ပြောသည်။

လက်ရှိတွင် နော်ထက်ထက်ကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ အဖွဲ့ (MCC) က ထိန်းသိမ်း စောင့်ရှောက်ထားပြီး မိန်းကလေးငယ်၏လက်မှ ဆီပူလောင် ဒဏ်ရာကို ၅ ကြိမ်မြောက် ခွဲစိတ် ကုသပေးရန် စီစဉ်နေကြောင်း သိရသည်။

“သူ့လက်က မီးလောင်ထားတဲ့ ဒဏ်ရာက ဆရာဝန်နဲ့ပြတာတော့ ပြန်ခွဲစိတ်ရမယ် ပြောတယ်။ ညာဘက်လက်က လုံးဝကို ဘာမှ မလုပ်နိုင်ဘူး ဖြစ်နေတာလေ။ ခွဲစိတ်ခကတော့ ၁၀ သိန်းလောက်ကုန်မယ်ဆိုတော့ ငွေမလောက်လို့ အလှူရှင်ရှာနေတယ်။ လက် ကဒဏ်ရာပြီးရင် သူ့တကိုယ်လုံးကို ပြန်စစ်ဆေးတာတွေ လုပ်ရဦးမယ်။ ဘာလို့ဆိုတော့ အခုတောင် နဖူးက အရိုက်ခံထားရတဲ့ ဒဏ်ရာက ယောင်နေတယ်။ အတွင်းထဲမှာ ဒဏ်ဖြစ်နေတာပေါ့နော်”ဟု MCC ဌာန တာဝန်ခံ ဒေါ်မေလျံက ပြောပြသည်။

တာဝန်ရှိသူများအနေဖြင့် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သည့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူတို့ကို အမြန်ဆုံး ဖမ်းဆီးပြီး ဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ရေး ကြိုးပမ်းရန် အိမ်အကူ မိန်းကလေးငယ်ကို ကူညီပေးနေသူများက ပြောဆိုကြသည်။

Your Thoughts …
Tags: Child Abuse
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

Child Psychology, Child Care, အကြောက်လွန်ရောဂါ, စိုးရိမ်သောက, ခြိမ်းခြောက်မှု, ဇီဝဖြစ်စဉ်, စိတ်ဒဏ်ရာ, စာနာစိတ်, ကိုယ်ချင်းစာစိတ်, Self confidence, Self esteem

အကြောက် တရားနဲ့ ကလေးများ

by ခေတ်ဘုန်းသစ်
2 June 2014
7.7k

“အဖေနဲ့ အမေ တယောက် ယောက်ကိုတော့ ကြောက်အောင် လုပ်ထားမှ”၊ “သားက ကျမကို သိပ်ကြောက်တာ” ဆိုတာ တွေက ကျမတို့ ဝန်းကျင်မှာ အမြဲတစေ ကြားနေရတဲ့ စကားတွေ ပါပဲ။ ကလေးတို့ကို လိမ္မာအောင်လို့ အကြောက်နဲ့...

Child Abuse ဆိုတာကတော့ ကလေးငယ်တွေကို အနိုင်ကျင့်ခြင်း၊ မတော်မတရား ပြုမူဆက်ဆံခြင်းပဲ ဖြစ်ပါတယ်

မိဘတိုင်း သိထားသင့်တဲ့ Child Abuse အကြောင်း

by ဟယ်လ်သင်
1 July 2019
6.8k

Child Abuse ဆိုတာကတော့ ကလေးငယ်တွေကို အနိုင်ကျင့်ခြင်း၊ မတော်မတရား ပြုမူဆက်ဆံခြင်းနဲ့ ကလေးငယ်တွေရဲ့ လုံခြုံမှုကို ထိခိုက်စေခြင်းတို့ပဲ ဖြစ်ပါတယ်။

ကလေးသူငယ် ရိုက်နှက်ခံရမှု, ရန်ကုန်တိုင်း လွှတ်တော်, ဒေါ်ညိုညိုသင်း

မစုဝေ ရိုက်နှက်ခံရမှု အိမ်ရှင်အမျိုးသမီး အားပေးကူညီခဲ့ ဟုဆို

by သူဇာ
2 December 2015
17.2k

အိမ်ရှင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နွယ်က ထိထိရောက်ရောက် တားမြစ်ခဲ့ခြင်းမရှိဘဲ ဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်ပြီး တိမ်းရှောင်စေရန် ပြုလုပ်ခဲ့ခြင်းအပေါ် အားပေးကူညီမှု ပြုလုပ်ခဲ့ကြောင်း

ဗဟန်း , ဖေ့စ်ဘုတ် , ရိုက်နှက်မှု , မိန်းကလေးငယ်

ရန်ကုန် ဗဟန်းက မိန်းကလေးငယ် ရိုက်နှက်ခံရသည့် ဖြစ်ရပ် ရဲတပ်ဖွဲ့ စုံစမ်းနေ

by သူဇာ
20 November 2015
33.7k

အသက်မပြည့်သေးသည့် မိန်းကလေး ငယ် တဦးကို အ၀တ်ဗလာ ချွတ် ကြိုးတုပ် ရိုကက်နှက်ခဲ့သည်ဆိုသော အမျိုးသမီးကို အရေးယူနိုင်ရန်နှင့် ထိုမိန်းကလေးငယ် အသက် အန္တရာယ် ကင်းရှင်းရေး အတွက် ဗဟန်း ရဲစခန်း က လိုက်လံစုံစမ်း ရှာဖွေနေကြောင်း...

၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး, ဆရာဝန် လင်မယား

အိမ်အကူ မိန်းကလေးကို ရိုက်နှက်သည့် ဆရာဝန် လင်မယားအမှု ရဲတပ်ဖွဲ့ မစစ်ဆေးနိုင်သေး

by မေစစ်ပိုင်
3 October 2014
17.3k

အသက် မပြည့်သေးသည့် အိမ်အကူ မိန်းကလေးကို ရိုက်နှက်သော ဆရာဝန် လင်မယားအမှု ၁ လခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း စစ်ဆေး မေးမြန်းရန် နေပြည်တော် ကျန်းမာရေး ဦးစီးဌာနသို့ ခွင့်ပြုချက် တောင်းခံနေဆဲ ဖြစ်သည်

ထိုင်းနိုင်ငံ, ကလေးသူငယ် ဖမ်းဆီးထိန်းသိမ်း, HRW , လဝက , ရွှေ့ပြောင်း အခြေချသူများ

ကလေးငယ် ထောင်ချီ၍ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရ

by လင်းသန့်
3 September 2014
3.8k

ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုဖြင့် အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်း ခံထားရသော ကလေး ငယ်များသည် စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ ထိခိုက် နာကျင်မှုများ ရှိနေကြောင်း

Next Post
ရခိုင် တိုင်းရင်းသား, လွတ်လပ်ရေး ကြိုးပမ်းမှု , ဦးဥတ္တမ , စစ်တွေ , ရန်ကုန်မြို့

ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားများ ကျင်းပ

Sexy, မော်ဒယ်လ်

Sexy မော်ဒယ်လ်တွေ ကပြမယ့် ပါတီ ကျင်းပမယ့်နေရာ အပြောင်းအလဲရှိ

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate