မြန်မာနိုင်ငံအား အမေရိကန်နိုင်ငံက လုံခြုံရေးအကူအညီပေးမှု ကန့်သတ်မည့်“ ၂၀၁၄ ခုနှစ် မြန်မာ့လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ မူကြမ်း”ကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ် ကော်မတီ တွင် အာရှ-ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီက တင်သွင်းလိုက်သည်။
ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ဆိုသော်လည်း၊ နောက်ကြောင်းပြန်လှည့်လာနေသည့်အတွက် အဆို ပါ ဥပဒေမူကြမ်းအား ဥက္ကဌ Chabot နှင့် နယူးယောက်ပြည်နယ် အောက်လွှတ်တော်အမတ် Joe Crowley တို့က ဦးဆောင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကော်မတီဝင်အားလုံးက ထောက်ခံခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ မူကြမ်းအား အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီတခုလုံးထံ တင်ပြကာ အောက်လွှတ်တော်၏ အတည်ပြုချက် ရယူသွားမည်ဟု ဗွီအိုအေ သတင်းတပုဒ်တွင် ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။