မိကျောင်းကန် သပိတ်ခေါင်းဆောင် ဦးစိန်သန်းစုစုပေါင်း ထောင်ဒဏ် ၂၄ လကျခံရ
This article has been converted from Zawgyi One to Unicode
မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် စက်တင်ဘာ လ ၁၀ ရက်နေ့တွင် ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချမှတ်လိုက်သည်။ ဦးစိန်သန်းသည် လသာ၊ ပန်းဘဲတန်း၊ ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ် တရားရုံးများက ပုဒ်မ ၁၈ ၊ စည်ပင်ဥပဒေပုဒ်မ ၆၈ ဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြရာ ဦးစိန်သန်း အနေဖြင့် စုစုပေါင်း ထောင် ဒဏ် ၂၄ ကျခံရမည်ဖြစ်ကြောင်း သိရှိရသည်။ ဦးစိန်သန်း ခေါင်းဆောင်သော မိကျောင်းကန် မြေယာ အသိမ်းခံရသူများသည် ယခင် စစ်အစိုးရလက်ထက်တွင် သိမ်းယူခံထားခဲ့ရသော သင်္ဃန်းကျွန်း မြို့နယ် အပိုင်း ၁ ၊ ၂ ၊ ၃ တို့အား ပြန်လည် ရရှိရန် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်မှ စတင်ကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှ စတင်ကာ မြို့တော်ခန်းမအနီးရှိ မဟာဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းဖွင့် ဆန္ဒ ထုတ်ဖော် လျက်ရှိသည်။