ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့် ( ၁၄၄ ) ကို ယနေ့မှစ၍ ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရုပ်သိမ်းလိုက်ခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရှိလာခြင်း၊ ဒေသခံ ပြည်သူများ၏ စား ဝတ်နေ ရေး အတွက် လွတ်လပ်စွာ သွားလာ ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်နိုင်ရန် အတွက်ဖြစ်ကြောင်း ပြည်နယ် အစိုးရ အဖွဲ့က ဆိုသည်။ စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်တဝန်း၌ ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့သည့် ပဋိပက္ခများကြောင့် ညမထွက်ရ အမိန့်ကို ထုတ်ပြန် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ စသည့် မြို့နယ် တချို့တွင်မူ ည ၁၀ နာရီမှ နံနက် ၄ နာရီ၊ ည ၁၁ နာရီမှ နံနက် ၃ နာရီ စသည့်ဖြင့် ဒေသ အခြေ အနေပေါ် မူတည်၍ ထုတ်ပြန်ထားဆဲ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။