သတင်းတို

လူမှုရေးနှင့် စီးပွားရေးအပိုင်း သုတေသန ပြုရန် ကိုရီးယား - မြန်မာ အကြံပေးအဖွဲ့ တည်ထောင်မည်

This article has been converted from Zawgyi One to Unicode

တောင်ကိုရီးယားနှင့် မြန်မာ နိုင်ငံတော်အဆင့် အကြံပေးအဖွဲ့တည်ထောင်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက အင်္ဂါနေ့က ကြေညာခဲ့သည်။ လူမှုရေးနှင့် စီးပွားရေး ကိစ္စများကို သုတေသန ပြုရန် Korea Development Institute နှင့် Myanmar Development Institute ဟု အမည်ရ အကြံပေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ ၂ နိုင်ငံ စီမံကိန်း မဟာ ဗျူဟာကို ရေးဆွဲကာ၊ မြန်မာ အကြံပေးအဖွဲ့အတွက် သုတေသနလုပ် ဆောင်ရန် လိုအပ်သည့် အထောက် အကူပစ္စည်းများ၊ ကျွမ်းကျင်သူများ၊ လေ့ ကျင့် သင်တန်းပေး မှုများကို တောင်ကိုရီးယားမှ ထောက်ပံ့သွား မည်ဖြစ်ပြီး၊ ယခုနှစ် စတင်မည့် ၄နှစ်တာ စီမံကိန်းကို ဒေါ်လာ သန်း၂၀ ထည့်ဝင်သွားမည်ဟုသိရသည်။

Loading