• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ရေး တတိယမူကြမ်းမှာ သဘောတူညီမှုရမလား

by ကျော်ခ
12 September 2014
in Ethnic Issues
A A
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့, NCCT , UPWC , အစိုးရ , အပစ်အခတ် ရပ်စဲရေး

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုယ်စားလှယ်များ မတ်လ ၉ ရက်က တွေ့ဆုံစဉ်(ဓာတ်ပုံ – မေခ/ဧရာဝတီ)

1.6k
VIEWS
Share on FacebookShare on Twitter

အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အရေးကြီးတဲ့အချက်တွေ ပါဝင်တဲ့ တတိယမူကြမ်း အတွက် အဆင်သင့် ဖြစ်နေပြီလို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ (NCCT) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တတိယမူကြမ်းမှာတော့ ဒုတိယမှုကြမ်းအဆင့်မှာ တကြိမ်တည်း ဆွေးနွေးဆုံးဖြတ်ချက်မချနိုင်ခဲ့ဘဲ ကြန့်ကြာနေတဲ့ အရေးကြီး အချက်တွေ ပါဝင်ပြီး ဒီအချက်တွေကို အစိုးရနဲ့ မဆွေးနွေးခင် NCCT အဖွဲ့ထဲမှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့က မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် NCCT ခေါင်းဆောင်တွေက အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
42
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
47
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
483

တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေပါဝင်တဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့မှာ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ၂ ရက်ကြာဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေကို အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ အခု လကုန်ပိုင်းမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးမယ့် အချက်တွေထဲမှာ တပ်နေရာချထားရေး ကိစ္စတွေ၊ နှစ်ဘက်စစ်သည်တွေ လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် တွေ၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနဲ့ လက်မှတ်ထိုးပြီးရင် တပ်သား မစုဆောင်းရဆိုတဲ့ ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။

NCCT ဒုဥက္ကဋ္ဌ ပဒို ကွယ်ထူးဝင်း က “အချက်တွေအပေါ်မှာကတော့ အခုအပစ်အခတ်ရပ်စဲရေး လုပ်ပြီးလို့ရှိရင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတဲ့ကိစ္စ၊ ဦးဆောင်မှုအဖွဲ့ကို ဘယ်လိုဖွဲ့မလဲ ဆိုတဲ့ကိစ္စတို့၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးတဲ့ ကာလမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုရပ်တည်နိုင်မလဲ ဆိုတဲ့ကိစ္စ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မူဘောင်က ဘယ်လိုပုံစံနဲ့ ဆွေးနွေးမလဲ၊ ဘယ်သူက ပါဝင်သင့်သလဲ၊ ဒါကဆက်ညှိရမယ့် အပိုင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်တဲ့ အခါမှာ အခြေခံ အကြောင်းအရာ အချက်အလက်တွေကိုပဲ ချမှတ်သွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“နောက်တခုက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်ဆိုရင် ဘာအကြောင်းအရာ၊ အချက်အလက်ဆိုတဲ့ အခြေခံ ကျောရိုးတွေကိုပဲ ချသွားမှာပဲဖြစ်ပါတယ်။ ကျနော်တို့ NCA (တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး) ထဲမှာပါနိုင်သလောက်တော့ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်”လို့ သူက ပြောဆိုပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးတဲ့ အချိန်ကစပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အနာဂတ်နိုင်ငံရေးမှာ ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်ရမယ်ဆိုတဲ့ အချက် အဖြေမထွက်သေးတဲ့ အချိန်အတိုင်းအတာ တခု အ ထိ ကြာမြင့်မှာဖြစ်တဲ့အတွက် အဲဒီကြားကာလရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေမှာ အဖွဲ့အစည်းတွေ အနေနဲ့ တရားဝင် ရပ်တည်နိုင်ရေး ကလည်း အဓိကဆွေးနွေးရမယ့် အချက်ထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ကြားကာလအစီအစဉ် အပါအဝင် တတိယမူကြမ်းမှာ ပြန်လည်ဆွေးနွေးကြရမယ့် အဓိကအချက်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ လယ် ပိုင်းက ရန်ကုန်မြို့မှာ UPWC နဲ့ NCCT တို့အကြား ဆွေးနွေးခဲ့တဲ့ ဒုတိယမူကြမ်းမှာ အပြီးသတ်မဆွေးနွေးနိုင်ခဲ့တဲ့ အချက် တွေ ဖြစ်ပါတယ်။

ကြားကာလအစီအစဉ်နဲ့ ပတ်သက်ပြီး အစိုးရဘက်က နားလည်မှုလွဲနေတဲ့အပေါ် NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “သူတို့နားလည်မှုလွဲနေတာက ကျနော်တို့တောင်းဆိုတဲ့ဟာကို သူတို့က အာဏာခွဲဝေရေးလို့ သူတို့က နားလည် တယ်။ အာဏာခွဲဝေရေး တောင်းတာ မဟုတ်ဘူး။ ကျနော်တို့မှာ ရှိပြီးသား အာဏာ၊ လုပ်ပိုင်ခွင့်ရှိပြီးသားအာဏာကို ဒီကြား ကာလ မှာ ဆက်လက် အသိအမှတ်ပြုဖို့ကို ကျနော်တို့ တောင်းဆိုတာဖြစ်တယ်”လို့ ပြောပါတယ်။

အစိုးရ UPWC နဲ့ဆွေးနွေးရမယ့် တတိယ မူကြမ်းအဆင့်မှာ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့်မှာ တိုင်းရင်းသား ခေါင်းဆောင် တွေ ဘက်က တင်ပြထားတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ” ဖွဲ့စည်းရေး ပါဝင်မှာဖြစ်ပြီး ဒီအချက်ကို အစိုးရဘက်က တိတိကျကျ သဘောတူဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရဘက်က ပြောနေတဲ့ ၅ ပွင့်ဆိုင်ကိစ္စနဲ့ တိုင်းရင်းသားတွေဘက်က တောင်းဆိုနေတဲ့ ၃ ပွင့်ဆိုင် ကိစ္စဟာလည်း ထပ်မံ ညှိနှိုင်းရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ဘက်က တင်ပြထားတာကတော့ နိုင်ငံတော် အစိုးရကို ကိုယ်စားပြုသော တပ်မတော်၊ အစိုးရအဖွဲ့၊ လွှတ်တော်တို့ ပါဝင် ရမယ်။ တပွင့်အနေနဲ့ လာရမယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက တပွင့်အနေနဲ့လာရမယ်။ ပြီးတော့ နိုင်ငံ ရေး ပါတီများ၊ နိုင်ငံရေးပါတီတွေထဲမှာ တိုင်းရင်းသား ပါတီလည်း ပါမယ်၊ ဒီမိုကရေစီ အင်အားစုတွေလည်း ပါမယ်၊ ပြီးတော့ အစိုးရ အင်အားစုတွေလည်း ပါမှာပေါ့”လို့ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က ပြောပါတယ်။

တတိယမူကြမ်းအတွက် ချင်းမိုင်မြို့မှာ ဆွေးနွေးထားတဲ့ အချက်တွေကို NCCT နဲ့ UPWC တို့အကြား ရန်ကုန်မြို့မှာ ဒီလ ၂၂ ရက် နေ့မှာ စတင်ဆွေးနွေးကြဖို့ မူအားဖြင့် သဘောတူထားတယ်လို့ သိရပါတယ်။

တတိယမူကြမ်းအဆင့်မှာ ဆွေးနွေးမယ့် အချက်တွေနဲ့ပတ်သက်ပြီး အစိုးရဘက်ကရော တိုင်းရင်းသားတွေဘက်ကပါ သတင်း မီဒီယာတွေကို အလုံးစုံ ချပြတာမရှိသလို ဒီအဆင့်မှာညှိနှိုင်းကြမယ့် အချက်တွေဟာ အလုံးစုံ ပြေလည်မှု ရနိုင်၊ မရနိုင် ဆိုတာကို လည်း မသိရသေးပါဘူး။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်ရေးကိုတော့ ၂၀၁၅ ခုနှစ်အတွင်းမှာ ထိုးဖြစ်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ NCCT ခေါင်းဆောင် တချို့က ဆိုပါတယ်။

Your Thoughts …
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.6k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အိုဘားမား, စစ်သွေးကြွ

ISIS စစ်သွေးကြွများကို ချေမှုန်းမည်ဟု အိုဘားမား ကတိပေး

အမေရိကန်, ကောလိယ ချောင်း , ဟာဆန်မြစ် , မြန်မာ , ထိုင်း

ဟာဆန် ရေးဗားမှ ကောလိယ ချောင်းနံဘေးသို့

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate