သတင်းတို

ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာရေး အကူအညီပို ပေးရန် ကုလ တိုက်တွန်း

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်အတွက် ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပိုမို လုပ်ဆောင်ကြ ရန် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အဆင့်မြင်အရာရှိနှစ်ဦးက အားလုံးသော လူ့အ စည်း များနှင့်တွေ့ဆုံပြီးနောက် တိုက်တွန်းလိုက်သည်။ ဒေသတွင်း ဒုတိယအဆင်းရဲဆုံး မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တွင် လူဦးရေ ၃ သန်းကျော်ရှိနေပြီး၊ ထောင်နှင့်ချီရှိသော လူများသည် ဆိုးဝါးစွာ အခြေခံ လူ့အခွင့် အရေးချိုးဖောက်ခံနေရကြောင်း၊ အစားအစာ၊ ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာသွားလာနေထိုင် အသက်ရှင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူ အညီများ စသည်တို့တွင် အကန့်အသတ်များစွာ ရှိနေကြောင်းလည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Loading