• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

မြန်မာကို လုံခြုံရေး အကူအညီ ကန့်သတ်မည့် အမေရိကန် ဥပဒေကြမ်း သမ္မတရုံး ဝေဖန်

by လင်းသန့်
12 September 2014
in Military
A A
သမ္မတရုံး, လုံခြုံရေး အကူအညီ , အကြမ်းဖက်မှု တိုက်ဖျက်ရေး , အမေရိကန် အောက်လွှတ်တော်

၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ရန်ကုန်မြို့ ထရိတ်ဒါး(ယခု ဆူးလေ ရှန်ဂရီလာ) ဟိုတယ်တွင် ဗုံးကွဲပြီး နောက် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

8.5k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအား လုံခြုံရေး အကူအညီများပေးမှုကို ကန့်သတ်မည့် အမေရိကန် အောက်လွှတ်တော် အမတ် တချို့၏ ဥပဒေကြမ်း တင်သွင်းခြင်းသည် အကြမ်းဖက်မှု ဆန့်ကျင်ရေးအတွက် ခြိမ်းခြောက်ခံနေရသည့် မြန်မာနိုင်ငံကို အခက် အခဲဖြစ်စေနိုင်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောဆိုလိုက်သည်။

“အယ်လ်ကိုင်းဒါးက အိန္ဒိယ တိုက်နယ်မှာ Branch ဖွဲ့လိုက်တယ်လို့ ကြေညာတဲ့အထဲ မြန်မာနိုင်ငံက ပစ်မှတ်ထဲမှာ ပါတယ်။ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမှာ အထူးသဖြင့် အကြမ်းဖက်သမားတွေနဲ့သက်ဆိုင်တဲ့ သတင်း အချက်တွေနဲ့ ပတ်သက်ပြီး တော့ Exchange Programs တွေ၊ နိုင်ငံတကာ အကြမ်းဖက်တိုက်ခိုက်ရေး ကွန်ရက်နဲ့ဆက်နွယ်ပြီးတော့ ကျနော်တို့က အကြမ်း ဖက် တိုက်ဖျက်ရေးကို လုပ်တဲ့အခါ တပ်မတော်ရော ထောက်လှမ်းရေး အဖွဲ့အစည်းတွေ၊ ပြည်သူ လူထုရော အကုန်ဝိုင်းပြီး လုပ်ရမယ့်ဟာမှာ ဒါကိုသွားပြီး အတားအဆီးဖြစ်စေနိုင်တယ်”ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီကိုပြော သည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
186
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
257
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
403

မြန်မာနိုင်ငံအား အမေရိကန်က လုံခြုံရေး အကူအညီပေးမှု ကန့်သတ်မည့် ၂၀၁၄ ခုနှစ် မြန်မာ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ မူကြမ်းကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ်ကော်မတီတွင် စက်တင်ဘာ ၉ ရက်က အာရှ-ပစိဖိတ် ဆိုင်ရာ နိုင်ငံခြားရေး ဆပ် ကော်မတီက တင်သွင်းခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းအား ဥက္ကဌ Chabot နှင့် နယူးယောက်ပြည်နယ် အောက်လွှတ်တော်အမတ် Joe Crowley တို့က ဦးဆောင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကော်မတီဝင်အားလုံးက ထောက်ခံခဲ့ကြောင်း ဗီအိုအေ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါ မူကြမ်းအား အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီတခုလုံးထံ တင်ပြပြီး အောက်လွှတ်တော်၏ အတည်ပြုချက် ရယူသွားမည်ဟုလည်း ဆိုသည်။

လုံခြုံရေးအကူအညီ ပေးရန် ကန့်သတ်သည့် အဆိုပါ ဥပဒေကြမ်း တင်သွင်းရခြင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာ သည့် မြန်မာနိုင်ငံသည် ယခုအခါ နောက်ကြောင်းပြန်လှည့်လာနေသည့် ကိစ္စ အပါအဝင် အမေရိကန် အစိုးရက ယမန်နှစ်က ဆုံးဖြတ်ချက်တွင် မြန်မာအစိုးရ စစ်တပ်နှင့် ထိတွေ့ဆက်ဆံမည့် ဆုံးဖြတ်ချက်ပါဝင်ပြီး စစ်ဘက် ဆိုင်ရာ သင်တန်းပေးမှုလည်း ပါဝင်၍ ဖြစ်ကြောင်း အောက်လွှွတ်တော် အမတ် ဂျီုးခရိုလီက ဗီအိုအေကို ပြောဆို ထားသည်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ အမေရိကန်က မြန်မာနိုင်ငံအား စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားစဉ်က ပြုပြင်ပြောင်းလဲရေး မဖြစ်ခဲ့ကြောင်း၊ တပ်မတော်ကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပြီး မြန်မာ့ ပြုပြင်ပြောင်းလဲရေးနှင့် အတူ လိုက်ပါ လုပ်ဆောင်နေကြောင်း ရှင်းပြသည်။

“တပ်မတော် ပြုပြင်ပြောင်းလဲရေးမှာ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှု လိုအပ်တယ် လို့တော့ ကျနော်တို့က ယူဆ တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ကျနော်တို့ နိုင်ငံ Sanction လုပ်ခဲ့တဲ့ တောက်လျှောက်မှာ အပြုသဘောဆောင် တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မလာဘူး။ အိုဘားမား အစိုးရလက်ထက်မှာ Review ပြန်လုပ်ပြီးတော့ Engagement ပေါ်လစီပြောင်းလိုက်တယ်”ဟုလည်း သူက ဆိုသည်။

ဦးဇော်ဌေးက ဆက်လက်ပြီး“အခု အောက်လွှတ်တော်မှာ လုပ်သွားတဲ့ ကိစ္စက ဒါဟာ ကျနော်တို့ တပ်ကို Isolate (သီးခြား အထီးကျန်)ဖြစ်အောင် ထားချင်တဲ့ သဘောပေါ့။ ဒါက တော်တော်မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သွားမယ်”ဟု ပြောဆိုသည်။

တပ်မတော်က မဏ္ဍိုင် ၃ ရပ်လုံးတွင် လိုက်ပါ၍ ပြုပြင်ပြောင်းလဲရေး အားဖြည့်နေကြောင်း၊ ကလေးစစ်သားကိစ္စ၊ ပေါ်တာ ကိစ္စ၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု ကိစ္စများလည်း နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံများ၏ စစ်တပ်များနှင့်လည်း ပူးပေါင်းလက်တွဲ လုပ်ဆောင်လာနေကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂက ကမ်းလှမ်းထားသည့် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး စစ်တပ်တွင် ပါဝင်ရန် မြန်မာ ဘက် က ပူးပေါင်းပါဝင်မည်ဟု ပြောဆိုထားသော်လည်း အဆင်သင့် မဖြစ်သေးသည်မှာ စွမ်းဆောင်ရည်မြှင့်တင်ရေး ကိစ္စများရှိ၍ ဖြစ်ကြောင်းလည်း သူက ပြောဆိုသည်။

“တချိန်တည်းမှာ တပ်မတော် ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲအောင် ဆောင်ရွက်နေတယ်၊ အဲဒါကို အပြုသဘောနဲ့ ပိုပြီး ထိ တွေ့ ဆက်ဆံကာ အရည်အချင်းပြည့်တဲ့ တပ်မတော် အင်စတီကျူးရှင်း ဖြစ်လာအောင် ပံ့ပိုးကူညီမှုတွေ လုပ်ရမယ့်အစား အထီး ကျန်အောင် လုပ်တဲ့ဟာက ဒီအချိန်မှာ ကွန်ဂရက်စ် အမတ်တွေ အနေနဲ့ပြန်သုံးသပ်သင့်တယ်”ဟု ဦးဇော်ဌေး က ပြော သည်။

အမေရိကန် အောက်လွှတ်တော် အမတ်များ တင်သွင်းသည့်ဥပဒေကြမ်းတွင် မြန်မာစစ်တပ်သည် အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွား ရာ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း၊ မြန်မာစစ်တပ်သည် အရပ်သားများ၏ ကဏ္ဍများအပေါ် မလေးစားကြောင်း၊ မြန်မာ စစ်တပ်ကသာ မြန်မာ့စီးပွားရေးကို လွှမ်းမိုးချုပ်ကိုင်ထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကာ အကွယ်ဖြင့် အဓိက အာဏာချုပ်ကိုင်ထားသည့် မြန်မာ စစ်တပ်အား ဖွဲ့စည်းပုံပြင်ဆင်၍ အရပ်သား အုပ်ချုပ်မှုအောက်တွင် ထားရှိရန် လုံခြုံရေး ကန့်သတ်သည့် ယခု ဥပဒေကြမ်းတွင် တိုက်တွန်းထားသည်။

ယင်း ဥပဒေကြမ်းတွင် ထောက်ပြထားသည်မှာ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများ ဆက်လုပ်ဆောင်နေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်သည်ဟု ပြောနေသော်လည်း ပဋိပက္ခဒေသများတွင် တိုက်ပွဲများ ဖြစ်နေခြင်းတို့ကိုလည်း ထည့်သွင်း ထောက်ပြ ထား သည်။

ထို့အပြင် အမေရိကန်က အဓိက စိုးရိမ်နေသည့် မြောက်ကိုရီးယားနှင့် စစ်ရေးဆက်သွယ်မှုကိစ္စကိုလည်း အောက် လွှတ်တော် အမတ်များက ဥပဒေကြမ်းတွင် ထည့်သွင်းဖော်ပြထားပြီး အကြီးဆုံး အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ စ ပြင်ဆင်မပေးဘဲ ကန့်သတ်ထားသည့်ကိစ္စလည်း ပါဝင်ကြောင်း သိရသည်။

အမေရိကန် အောက်လွှတ်တော်အမတ်များ၏ မြန်မာနိုင်ငံအပေါ် ရှုမြင်နေသည်များတွင် သတင်းအမှားများအပေါ် အခြေခံချက် များ ပါဝင်နေပြီး အမေရိကန်အနေဖြင့် အခြေအနေမှန် သိလာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဦးဇော်ဌေးက ဆိုသည်။

“ဂျွန်ကယ်ရီလာတဲ့အချိန်မှာ ၂ နိုင်ငံ လွှတ်တော်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ Exchange Programs တွေ မြှင့်တင်ဖို့အတွက် သူတို့ ဖိတ်ခေါ်သွားတာတွေ ရှိတယ်။ ဒီ ချဲနယ်လ်တွေကိုပဲ အကျိုးရှိရှိ အသုံးချပြီးတော့ ကျနော်တို့ တွေ့ကြုံနေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ၊ သူတို့ဘက်က ကြားထားတဲ့ Information(သတင်း အချက်အလက်) တွေ၊ ဒါတွေကို နှိုင်းယှဉ်သွားဖို့ လုပ်သွားဖို့ သင့်တယ်။ အဓိက ကတော့ ဥပဒေပြု လွှတ်တော်တွေအချင်းချင်း ပူးပေါင်းဆက်ဆံဖို့ ကျနော်တို့ရဲ့ ပြည်သူ လူ ထုမှာ ဖြစ်နေတဲ့ ဟာတွေကို ပူးပေါင်းပြီး သတင်း အချက်အလက်ပြည့်ပြည့်စုံစုံ ရယူပြီး ဆောင်ရွက်ဖို့လိုတယ်”ဟုလည်း သူက ပြောဆိုသည်။

Your Thoughts …
Tags: USA
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

by အဲရစ်ကာ ကင်နက်ဇ် နှင့် မက်သယူး ပန်နင်တန်
23 May 2013
3.8k

လူ့အခွင့်အရေး ဆောင်ရွက်သူများကမူ အိုဘားမားအစိုးရသည် ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၏ အစိုးရအပေါ် လိုက်လျောမှုများက အလျင်စလိုနိုင်လွန်းသည်ဟု စွပ်စွဲကြသည်။

အိုဘားမား မြန်မာပြည် နိုဝင်ဘာ ၁၉ လာမည်

အိုဘားမား မြန်မာပြည် နိုဝင်ဘာ ၁၉ လာမည်

by လင်းသန့်
9 November 2012
6.4k

အမေရိကန် အစိုးရနှင့် ရန်ကုန်ရှိ အမေရိကန် သံရုံးက မည်သည့်နေ့ရက် လာရောက်မည်ကို အတည်မပြုသေး သော်လည်း အမည်မဖော်လိုသူ မြန်မာအစိုးရ အရာရှိတဦးကို ကိုးကား၍ နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည်ဟု ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြထားသည်

အိုဘားမားရဲ့ ရန်ကုန်ခရီးစဉ်အကြောင်း တစေ့တစောင်း

by အောင်ဇော်
18 November 2012
1.7k

ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေမှာ ရုံးတွေ ပလက်ဖောင်းတွေမှာ အမေရိကန်သမ္မတရဲ့ခရီးစဉ်အကြောင်း၊ ကြိုရောက်နေတဲ့ Secret Service လုံခြုံရေး အဖွဲ့ဝင်တွေအကြောင်း၊ အိုဘားမားကို သယ်ဆောင်လာမယ့် Air Force One လေယာဉ်ပျံနဲ့ သူစီးမယ့် မော်တော်ကားအကြောင်း တွေလည်းပါဝင်ပါတယ်။

Next Post
ငါးအသားလွှာ

ငါးအသားလွှာနဲ့ ဆီးသီးဆားရည်စိမ်ပေါင်း

နိုင်ငံရေး, လစ်ဘရယ်ဝါဒ, ရီပတ်ဘလီကန်ဝါဒ, ပိုလီအာခီ

ဒီမိုကရေစီနိုင်ငံများရှိ ပြင်ညီတာဝန်ခံမူ (၁)

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

22 hours ago
3.6k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate