မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတိုးတက်စေရန် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅ သန်းကူညီမည်ဖြစ်ပြီး၊ ပထမဆုံးအနေဖြင့် ရန်ကုန်- မန္တလေး လမ်းတလျှောက်၌ လိုအပ်သည့် ဆက်သွယ်ရေး ကွန်ယက်များ တပ် ဆင်မည်ဖြစ်သည်ဟု ယနေ့ထုတ်အစိုးရသတင်းစာတွင် ရေးသားထားသည်၊ လက်ရှိတွင်လည်း ဂျပန် ကုမ္ပ ဏီများဖြစ်သည့် KDDI ၊ Sumitomoတို့က မြန်မာ့ဆက်သွယ်ရေး(MPT) နှင့် ပူးပေါင်း၍ အခြေခံအဆောက် အအုံများ တည်ဆောက်ခြင်း၊ ဆက်သွယ်မှု အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာ ဆက်သွယ်ရေး ကဏ္ဍများ တိုးမြှင့်ခြင်း တို့ကို စက်တင်ဘာ ၁ရက်နေ့က စတင်ကာ ဆောင်ရွက်နေသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။