မြန်မာ့တပ်မတော်အနေ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနှင့် နည်းပညာဖွံဖြိုးတိုးတက်ရေး ကဏ္ဍတွင် အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြင့် စိတ်ဝင်စားနေကြောင်း အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ဂျိန်းကာကွယ်ရေး စာစောင်(IHS)က ရေးသားထားသည်။ ပြီးခဲ့သည့် စက်တင် ဘာ ၁၀ရက်နေ့က အင်ဒိုနီးရှား ကာကွယ်ရေး ဒုဝန်ကြီးနှင့် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး၊ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား နည်းပညာဖွံဖြိုး တိုးတက်ရေး ပူးပေါင်ဆောင်ရွက်မှု တိုးမြှင်ရန် ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ အင်ဒိုနီးရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။