• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

စောမူတူးစေးဖိုး ဘာမှားလို့လဲ

by စောလေးမူ
16 September 2014
in Ethnic Issues
A A
စောမူတူးစေးဖိုး ဘာမှားလို့လဲ

KNU ဥက္ကဌ စောမူတူးစေးဖိုး (ဓာတ်ပုံ - Reuters)

8.5k
VIEWS
Share on FacebookShare on Twitter

၂၀၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် KNU ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်သောကိုယ်စားလှယ် UNFC  အစည်းအဝေးမှ ထွက်ခွာသွားခဲ့သည်။ အဲဒီ သတင်းနဲ့ ပတ်သက်၍ လူတွေက အမျိုးမျိုး ဝေဖန်ခဲ့သည်။  KNU ဥက္ကဌ  တဦးတည်းကို ဦးတည်သော ဝေဖန်ချက်များဖြစ်သည်။ KNU ဥက္ကဌ ကို ဝေဖန်ပြစ်တင်ကဲ့ရဲ့မူများသည် အခုမှ မဟုတ်ပါ။

စောမူတူးစေးဖိုးသည် နွားကျောင်းသား(Cowboy)ဘဝကနေ KNU ဥက္ကဌကြီး အဆင့်ထိ ရောက်အောင် ဘဝကို ရုန်းကန်တက်လှမ်းလာခဲ့သူ တယောက်ဖြစ်သည်။ ဗြိတိသျှခေတ်တွင် ၇ တန်းအောင်သည်အထိ ပညာဆည်းဖူးခွင့်ရခဲ့သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
446
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
275
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.5k

ငြိမ်းချမ်းရေးခရီးစဉ်အစတွင် G.O.C (General Office of Command) ရာထူးမှ ထုတ်ပယ်ခြင်းခံရတဲ့သူ ဖြစ်သည်။ G.O.C ရားထူးထုတ်ပယ်မှုကို မထောက်ခံသောလူစုက အား သာတဲ့အတွက် G.O.C ဘဝမှာ ပြန်လည်မြဲခဲ့ရသူလည်း ဖြစ်သည်။ ကရင်လူမျိုးတွေ အချင်းချင်း ဖူး စောမူတူးစေးဖိုးကို ကဲ့ရဲ့ပြစ်တင်ရှုတ်ချကြတော့သည်။

မှားသလား မှန်သလား မစဉ်စား၊ တဖက်သတ်လား နှစ်ဖက်သတ်လား မဆင်ခြင်တဲ့ ဝေဖန်မူမျိုးကို ကျနော် သဘောမတွေ့ပါ။   သို့သော် ကျွန်ပပျောက်ရေးဆောင်ရွက်တဲ့ အမေရိကန် သမ္မတလင်ကွန်းအား ဆန့်ကျင်သော လူစုက လုပ်ကြံမှု၊ ဗြိတိသျှ အစိုးရနှင့် ငြိမ်းချမ်းရေး စကားပြောရန်စေလွှတ်ခံရသူ အိုင်းရစ်တော်လှန်ရေးခေါင်းဆောင် Genaral Michael Collins ကို နောက်ဆုံး သူ့အဖွဲ့အစည်းထဲကလူက လုပ်ကြံတဲ့ဖြစ်ရပ်နှင့်နှိုင်းစာလျင် ကရင်လူမျိုးတွေက အများကြီး သိမ်မွေ့ပါသည်။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ခိုင်မာသော တပ်ပေါင်းစု တည်ဆောက်နိုင်ရေး တကယ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု KNU ၁၅ ကြိမ်ကွန်ဂရက်က ချမှတ်ခဲ့ပါသည်။ ခိုင်မာသော တပ်ပေါင်းစုတည်ဆောက်ရန် KNU က ၁၅ ကြိမ်မြောက် ကွန်ဂရက်ကျမှသာ ချမှတ်ခြင်း မဟုတ်ပါ။ အရင့်အရင်ခေါင်းဆောင်တွေ လက်ထက်ကတည်းက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ကံဆိုးချင်တော့ ၁၉၉၃ နောက်ပိုင်း KIO   အဖွဲ့က တပ်ပေါင်းစုဆန္ဒမပါဘဲနဲ့ တဖွဲတည်း အပစ်ရပ်လုပ်ဆောင်ခဲ့ပါသည်။ ဆက်တိုက် ဆိုသလို ကျန်တိုင်းရင်းသားအဖွဲ့ထဲက လိုက်လုပ်ခဲ့သဖြင့် KNU တဖွဲ့တည်းသာ ကျန်ခဲ့သည်ဟုဆိုလျင် မမှားပါ။ KNU တဖွဲ့တည်းသာ ကျန်ခဲ့ရသည့်အပြင် KNU အတွင်းထပ်ကွဲပြီး ဒုက္ခရောက်ခဲ့ရပါသည်။

KNU ဥက္ကဌ ဖူးလက်ထက် အရင့်အရင်က ကရင်လက်နက်ကိုင်အချင်းချင်း သတ်ဖြတ်ကြတာတွေ ရပ်ပစ်နိုင်ပြီး အတိုင်းအတာတခုအထိ နားလည်မှုပြန်လည်တည်ဆောက်နိုင်ခဲ့ပါသည်။ ဒါ ဝမ်းသာစရာ မဟုတ်ဘူးလား။ လူများ မျက်ရည်ကျမှ ပြုံးနိုင်သူများအတွက် ဒါ ဝမ်းနည်းစရာတခု ဖြစ်မည်။ ငြိမ်းချမ်းရေးလုပ်ဆောင်သောအခါ KNU အတွင်းတွင် ဖြစ်စေ၊     ဦးသိန်းစိန် အစိုးရနှင့် ဦးအောင်မင်း ဦးဆောင်သော စစ်တပ်အတွင်းတွင်ဖြစ်စေ အမြင်မတူမှုများ၊ မကြိုက်သူများ ရှိခဲ့ပါသည်။ ကျနော် မှတ်မိပါသေးသည်။ တပ်မဟာ (၁) ဆက်ဆံရေးရုံး ဖွင့်ပွဲနေ့ မိန့်ခွန်းတွင် KNU ဥက္ကဌ ဖူးက ကျနော်တို့ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းမှာ နောက်မဆုတ်ဘဲ အောင်မြင်သည်အထိ လုပ်ဆောင်မည်၊ ထိုနည်းတူ ကျနော်တို့ ကရင်အမျိုးသား တောင့်တ လိုချင်နေသော အခွင့်အရေးများ ရကို ရစေရမည်ဟု ပြည်သူကို ရဲရဲဝံ့ဝံ့ ကတိပေးခဲ့သည်။ ရန်သူရှေ့မှောက်မှာ ပြောရဲတဲ့သတ္တိ ရှိသည်။

နောက်တခု ပြောချင်ပါသေးသည်။ တဆိတ်ရှိ ကားပါမစ် နှစ်ဆိတ်ရှိ ကားပါမစ်။ ကားပါမစ်နှင့်ပတ်သက်ပြီး ဥက္ကဌ ဖူးစောမူတူးစေးဖိုး G.O.C ဘဝကနေ တပ်သုံးရန် လျှောက်ထားခြင်းဖြစ်သည်။ အကောင်အထည်ပေါ်လာသောအချိန်တွင် သူ KNU ဥက္ကဌ ဖြစ်နေပြီးဖြစ်သည်။ ကျနော် သိရသလောက် အခွန်မဲ့ လိုင်စင်ကားစီးရေ ၆၀ နှင့် ၆၀% အခွန်ပေးဆောင်ရမည့် ကားစီးရေ ၁၁၀ ကျော် ရခဲ့ပါသည်။ အဲဒီအခါ မဝယ်နိုင်ဘူးဟု ဆိုသောအသံများ ထွက်ပေါ်လာပါသည်။ အဲဒီတွင် ကားပါမစ်နှင့် ဗမာပြည်တွင်းလိုင်စင်ဖြင့် ကားစီးရေ ၂၀ (ကားတန်ဖိုးမပေးရ) နှင့် အလဲအလှယ် ပြုလုပ်ရသည်။ Toyota Vigo အစီး ၂၀ ဖြစ်သည်။ တပ်မဟာ ၅ က ကားလမ်း အခက်အခဲ ကြောင့် ကိုတာ Quota ၂ စီးကို တပ်မဟာ ၇ အား ပေးလိုက်ပါသည်။။

ကားပါမစ်ကြောင့် ဥက္ကဌ ဖူး စောမူတူးစေးဖိုး မည်မျှရခဲ့သည်တော့ ကျနော်မသိပါ။ သို့သော် ပြောချင်တာက မမှန်မကန်သောပြောဆိုမှုသည် လူတဦးတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်တာပဲ အဖတ်တင်ပါသည်။

မနှစ်က ရန်ကုန်၊ မန္တလေး ဗုံးပေါက်ကွဲမှုတွင် KNU အတွင်း ဂယက်ရိုက်မှု အများဆုံးဖြစ်ပေါ်ခဲ့သည်။ သို့သော် KNU ဥက္ကဌဖူးသည် KNU အတွင်း အကွဲအပြဲမဖြစ်စေရန်သာမက   ဦးသိန်းစိန်အစိုးရနှင့် လုပ်ဆောင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်း မပျက်စေရန်လည်း လက်တွေ့ပြ ဦးဆောင်ခဲ့သူတယောက်ဖြစ်ပါသည်။ သူ့ကို အမျိုးမျိုး သမုတ် ခေါ်ဝေါ်ခဲ့ကြသည်။ သို့သော်  သူက အပြုံးမပျက်။ အမျိုးသားရေး တာဝန်ကို ကိုယ်အားဉာဏ်အားရှိသမျှ ထမ်းဆောင်ခဲ့သည်။ ထမ်းဆောင်နေဆဲလည်း ဖြစ်သည်။

UNFC အတွင်း အကွဲအပြဲဖြစ်အောင် KNU က လုပ်ဆောင်နေသည်ဟု ပြောချင်သူ မရှားပါ။ pro သိန်းစိန်၊ ငြိမ်းချမ်းရေးအတုအယောင်သာ လိုလားသူ စသဖြင့်လည်း ပြောကြသေးသည်။ KNU ဥက္ကဌသည် အကြိမ်ပေါင်းများစွာ သမ္မတ ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်တို့နှင့် တွေ့ခွင့်ရခဲ့သည်။ ထို့ကြောင့် ဥက္ကဌကြီးကို မယုံသင်္ကာ အများစု စိတ်ထဲ ဖြစ်ပေါ်နေမည်။ တချို့လူတွေ စိတ်ထဲ အမျိုးသားရေးကို သွားရောင်းစားပြီဟု ထင်မိပြောမိနိုင်သည်။ ၂၀၁၄ နှစ်ဦးပိုင်းတွင် အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့ ဘာ အမှားအယွင်း တခုမှ မလုပ်ဆောင်ခဲ့သေးဘူး”ဟု ပြောသည်ကို ပြန်သတိထားစေလိုပါသည်။

ကိုယ့်အဖွဲ့အစည်း တိုးတက်ရာ တိုးတက်ကြောင်းသည် ကိုယ့်အပေါ်မှာသာ မူတည်ပါသည်။ တခြား အဖွဲ့အစည်းအပေါ်သာ မူတည်ခဲ့လျင် ကိုယ့်အဖွဲ့အစည်းသည် ကိုလိုနီခံအဖွဲ့အစည်း၊ ကျွန်အဖွဲ့အစည်းသာဖြစ်မည်။ ယခု ဥက္ကဌသည် KNU အဖွဲ့အစည်း၏ အချုပ်အချာ အာဏာပိုင်စိုးမူကို ကာကွယ်ရန် တာဝန်အရှိဆုံး ပုဂ္ဂိုလ် တယောက်ဖြစ်သည်။ ကာကွယ်ရန် တာဝန် ပျက်ကွက်ပါက သူသည် အဖွဲ့အစည်းအပေါ် သစ္စာဖောက်သူဟု မုချဧကန် ကျနော်ရှုမြင်ပါမည်။ ပြောဆိုပါမည်။

သို့သော် ရင်နှင့်ဖွယ်ရာ အဖြစ်အပျက်များကို မည်သူများ လုပ်ခဲ့သနည်း။ ၂၀၁၃ ခုနှစ် KNU ဥက္ကဌရုံးမှ ထွက်စာ သို့မဟုတ် ဦးသိန်းစိန်နှင့် မင်းအောင်လှိုင်ကို သွားတွေ့မည်ဟု ထုတ်ပြန်သည့်စာ၊ ဒီစာသည် EC (Executive Committee) အတွက်သာ သိစေရန် ပေးသောစာဖြစ်သည်။ အဘယ့်ကြောင့် တကမ္ဘာလုံးသို့ ပြန့်နှံ့ခဲ့ရပါသနည်း။ ထောင်သောင်းမကသောသူက ဒီစာကို ဖတ်ရလျင် ထောင်သောင်းမကသောသူများ EC ဖြစ်ကုန်ကြပြီလား။ လုံးဝမဖြစ်သင့် မလုပ်သင့်တဲ့ အရာတခုကို မည်သူတွေလုပ်သနည်း။

ပူပူနွေးနွေး နောက်တခုက UNFC သို့ ဥက္ကဌ ရေးသောစာနှင့် မရှေးမနှောင်း ဒုတိယ ဥက္ကဌ ပေးသော စာကိစ္စ။ ပုဂ္ဂိုလ်၂ ဦးဆီက ထွက်လာသောစာများ ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည်။ ကမ္ဘာပေါ်တွင် ဘယ်နိုင်ငံ ဘယ်အစိုးရ  ဘယ်အဖွဲ့အစည်း ဘယ်လုပ်ငန်း ဖြစ်စေ ပနှင့် ဒု အတွဲ မညီသည်ကို ရှာတွေ့ မည် မဟုတ်ပါ။  KNU အဖွဲ့အစည်း အတွင်းမှာသာ ဖြစ်နေရသည်မှာ ဖြစ်ရပ်ဆန်းဟု ဆိုချင်သည်။

ဒါကို ထောက်ခြင်းအားဖြင့်  KNU အတွင်း စည်းလုံးညီညွတ်မှုသည် လျော့ရဲ နေသည်သာမက အာဏာလုမှု ပါရှိနေပြီဖြစ်ကြောင်း တချက်ကြည့်ရုံလေးနဲ့ သိသာထင်ရှား နေပါသည်။

နောက်ဆိုရင် ဥက္ကဌနဲ့ပြောဖို့မလိုဘူး၊ ဒုဥက္ကဌနဲ့သာပြောပါ ဆိုတဲ့ အခြေအနေ ဆိုက်ရောက်မည့် အလားအလာ ပေါ်လာနိုင်ကြောင်း ကျနော် သုံးသပ်မိပါသည်။ ဒီအခြေအနေအထိ မရောက်အောင် ကမ္ဘာပေါ်တွင် ပြန့်နှံ့နေထိုင်ကြကုန်သော ကရင်လူမျိုးတွေမှာ တာဝန်ရှိကြပါသည်။ ကျနော်တို့ ကရင်တွေဟာ အရှေ့ဆိုအရှေ့၊ အနောက်ဆို အနောက် ညီညီညာညာ ပန်းတိုင်ဆီ လှော်ခတ်ဖို့ လိုပါသည်။

ဒီနေရာတွင် သူငယ်ချင်းတယောက်က ဥက္ကဌကို မေးတာ မှတ်မိပါသည်။ “ဖူးကို ထောက်ခံတဲ့ လူများရဲ့ သားနဲ့ ဘာကြောင့် ပြတ်ပြတ်သားသား မလုပ်ဆောင်ခဲ့သလဲ” ဟု မေးသောအခါ ဥက္ကဌက ဒေါသတကြီး မျက်နာနီရဲစွာဖြင့် “ငါ အကွဲအပြဲကို လုံးဝမြင်ချင်တဲ့လူ မဟုတ်ဘူး” ဟု ပြန်ပြောသည်။ ဟုတ်ပါသည်။ KNU အတွင်း အကွဲအပြဲက ရေတွက်လို့ မရအောင် ဖြစ်ပျက်ခဲ့ဖူးပြီ မဟုတ်ပါလော။ ကွဲတိုင်းပြဲတိုင်း ဘယ်သူတဦးတယောက်ကိုမျှ အကျိုးမပေးရုံမက အဖွဲ့အစည်း၏ တိုးတက်မှုကိုလည်း နှေးကွေးစေသည့်အပြင် တော်လှန်ရေးခရီးအတွက် ဆိုးကျိုးကိုသာ ရခဲ့ကြသည် မဟုတ်ပါလော။

KNU အဖွဲ့ စည်းလုံးညီညွတ်ရေးမှသာ ကရင်အမျိုးသားထုတရပ်လုံး လိုလားသော တော်လှန်ရေးပန်းတိုင်ဆီ အရောက်လှမ်းနိုင်မည်ကို သတိမူကြကုန်လော့။

(စောလေးမူသည် ကေအန်ယူ ဗဟိုစစ် ဌာနချုပ် မှ တာဝန်ရှိသူတဦးဖြစ်သည်။ ဝေဖန်ထောက်ပြ အကြံပြုလိုသူများ [email protected] သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။)

Your Thoughts …
Tags: KNU
စောလေးမူ

စောလေးမူ

Contributor

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.5k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Next Post
ငရုတ်ကောင်း ကမ်းခြေ, ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ , ဧရာဝတီတိုင်း

ဧရာဝတီတိုင်း ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်း ဒေသခံများ ကန့်ကွက်

ရသအက်ဆေး, ခက်မာ

အိပ်မက် ဆန်သွားသော ရှတသည့် ရသအက်ဆေးများ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate