• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

အချုပ်သား ထွက်ပြေးမှုဖြင့် အိမ်မဲ ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီး စစ်ဆေး

by ဆလိုင်းသန့်စင်
18 September 2014
in Crime
A A
ဧရာဝတီတိုင်း အိမ်မဲမြို့မ ရဲစခန်း, အချူပ်သား

အိမ်မဲမြို့ အဝင် ဆိုင်းဘုတ်(ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

5.7k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း မြောင်းမြခရိုင် အိမ်မဲမြို့မ ရဲစခန်းမှ အချုပ်သားများ ထွက်ပြေးမှုနှင့် ပတ်သက်ပြီး အိမ်မဲရဲစခန်းမှ တပ်ကြပ်ကြီး အဆင့်ရှိသူ တဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးအား ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

အိမ်မဲမြို့မ ရဲစခန်းတွင် ချုပ်ထားသည့် အချုပ်သား ၃ ဦးသည် စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်းက အချုပ်ခန်းတံခါးရှိ သံတိုင် ၂ ချောင်းကို သံဖြတ်လွှဖြင့် ဖြတ်တောက် ထွက်ပြေးသွားခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်တွင် ၎င်းအချုပ်သားများကို ပြန်လည် ဖမ်းမိခဲ့သည်ဟု ဆိုသည်။ တဦးကို အိမ်မဲမြို့နယ် ဝဲကြီး၀ ကျေးရွာတွင် ဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၂ ဦးကို ကမန်းတောင် ကျေးရွာအနီး တွင် ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
96
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
49
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
37

ထိုအချုပ်သား ၃ ဦး ထွက်ပြေးမှုနှင့် ပတ်သက်ပြီး အချုပ်ခန်း စောင့်ကြပ်သည့် ရဲတပ်ဖွဲ့ဝင်များအား တာဝန်ပေါ့လျော့မှုဖြင့် ဝါးခယ်မမြို့နယ် ရဲမှူးဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ တဦး က ပြောသည်။

“လောလောဆယ်တော့ စခန်းအဖွဲ့ ၇ ယောက်ကို ဖမ်းဆီးစစ်ဆေး ဆောင်ရွက် နေပါတယ်။ ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့ ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးနေတုန်းပါ”ဟု အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

အချုပ်သား ထွက်ပြေးမှုနှင့် ပတ်သက်ပြီး အချုပ်ခန်းစောင့်သူ ရဲဝန်ထမ်းများသာမက အိမ်မဲမြို့မ စခန်းမှူး ဒုရဲမှူး မင်းဆွေနှင့် ရဲ တပ်ဖွဲ့ဝင် ၃၀ ကျော်ကို စုံစမ်းစစ်ဆေးရေး ခုံရုံးဖြင့် စစ်ဆေးနေကြောင်း သိရသည်။

“အိမ်မဲမြို့မ စခန်းမှူး အပါအဝင် ကျန်တဲ့ တပ်ဖွဲ့ဝင်တွေပါ အစစ်ဆေးခံ နေရပါတယ်။ အစစ်ခံနေရသူ လူပေါင်း ၃၀ ကျော်လောက် ရှိတယ်။ တိုင်းဒ/န (ဒုစရိုက် နှိမ်နင်းရေးအဖွဲ့) တွေပါ အစစ်ခံရတဲ့ အထဲမှာ ပါတယ်”ဟု အိမ်မဲမြို့မ ရဲစခန်းမှ ရဲအရာရှိ တဦးက ဧရာဝတီကို ပြောသည်။

အချုပ်ခန်းအား ဖောက်ထွင်း ထွက်ပြေးသူများမှာ ခိုးမှု၊ တပ်ပြေးအမှု၊ ရဲဘက်ပြေး အမှုတို့ဖြင့် ဖမ်းဆီးခံထားရသူများ ဖြစ်ကြောင်း သိရသည်။

အိမ်မဲမြို့မ ရဲစခန်းမှူး ဒုရဲမှူး မင်းဆွေက “အိမ်မဲမြို့ပေါ်မှာ လမ်းဘေးက လေလွင့် ကလေးငယ်တွေကို စခန်းကို ခေါ်ယူ စစ်ဆေး ထိန်းသိမ်းထားပေးပြီး စာရိတ္တ ပြင်ပေးနေတယ်။ အဲဒီကလေးကို သူတို့က ပိုက်ဆံ ၅၀၀ ပေးပြီး သံဖြတ်လွှ တချောင်း ဝယ်ခိုင်း လိုက်တာ။ ကလေးကလည်း မုန့်ဖိုးရတာရယ်၊ မသိတဲ့ အနေအထားရယ်ကြောင့် ဝယ်လာပေးတော့ အခုလို ကိစ္စတွေ ဖြစ်သွားတာ” ဟု ပြောသည်။

အချုပ်ခန်း ဖောက်ထွင်း ထွက်ပြေးသည့် အချုပ်သား ၃ ဦးအား ယခင်ပုဒ်မများ အပြင် ပြစ်မှု အမှတ် ၉၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၂၄ ဖြင့် အိမ်မဲ ရဲစခန်းက ထပ်မံအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Your Thoughts …
Tags: Rule of Law
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
အမျိုးသား လွှတ်တော်ကြီးကို အင်တာနက်ဖုန်းဖြင့် ခေတ်မီတိုးတက်စေအံ့

အမျိုးသား လွှတ်တော်ကြီးကို အင်တာနက်ဖုန်းဖြင့် ခေတ်မီတိုးတက်စေအံ့

ဇာတိမြေ အလွမ်းစိတ်နဲ့ ပန်းချီဆရာပေါ်သိမ်း

ဇာတိမြေ အလွမ်းစိတ်နဲ့ ပန်းချီဆရာပေါ်သိမ်း

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate