သတင်းတို

လုံခြုံရေး အဆင့်မြင့် ၅ ထောင်ကျပ်တန် ထုတ်ဝေမည်

This article has been converted from Zawgyi One to Unicode

လုံခြုံရေး အဆင့်အတန်းမြင့်ပြီး၊ အရည်အသွေးပိုမိုကောင်းမွန်သည့် ကျပ် ၅ ထောင်တန်များကို လာမည့် အောက်တိုဘာလ ၁ရက်နေ့မှ စတင်ကာ ထုတ်ဝေတော့မည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ကြေညာချက်ကို ကိုးကား၍ ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ယင်း ၅ထောင်ကျပ်တန်ကို အတုအပပြုလု ပ်ခြင်းမှ ကာကွယ်နိုင်ရန် လုံခြုံရေးကြိုးပုံစံသစ်၊ ရေစာအသစ်၊ မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် အလွှာဖြင့်ဖုံးအုပ်ထားကြောင်း၊ လက်ရှိသုံးစွဲနေသည့် ၅ထောင်ကျပ်တန်များလည်း တရားဝင်ဆက်လက် တည်ရှိ နေမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

Loading