ပြီးခဲ့သည့် စနေနေ့ ညက အဓိကရုဏ်းဖြစ်ပွားခဲ့သည့် မြစ်ခြေကျေးရွာ၏ အခြေအနေမှာမြို့မိမြို့ဖများ၊ ဘာသာရေး ခေါင်းဆောင်များ အကြား ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးကိုလည်း တိုးမြှင့်ချထား မှုကြောင့် တည်ငြိမ်အေးချမ်း လှျှက်ရှိကြောင်း သိရသည်၊ စနေနေ့ည ပိုင်းက အမျိုးသမီးနှစ်ဦး ငွေကြေးကိစ္စ အကြောင်းပြုပြီး စကားများရာမှ အစပြုပြီး အိမ်တလုံး၊ ဆိုင်ခန်းတခန်းအပါအဝင် ဗလီတလုံး ဖျက်ဆီးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။