ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ကနေ မိုင်းဆတ်မြို့နယ်ဘက်အသွား ကားလမ်းပေါ်မှာ မူးယစ်ဆေးဝါး ပြုလုပ်တဲ့ ဓာတုဆေးရည်တွေတင်ဆောင်လာတဲ့ Tiger အမျိုးအစား အဖြူရောင်ကားကို မောင်းနှင်လာသူ နှစ်ဦးနဲ့ ဒေသခံ မူးယစ် တပ်ဖွဲ့စု (၃၀) တို့ အကြား မနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဓာတုဆေးရည်တွေသယ်ဆောင်လာတဲ့ အဆိုပါကားကို ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်းအရောက်မှာ မူးယစ် တပ်ဖွဲ့စု က စစ်ဆေး ရှာဖွေရန် ရပ်တန့်ခိုင်းရာမှာ မရပ်တန့်ပဲ လမ်းကို တားဆီးထားတဲ့ မောင်းတံကို တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေက အဆိုပါ ကားနောက်ကိုလိုက်ပြီး ဖမ်းဆီးဖို့ကြိုးစားရာမှာ ယာဉ်ပေါ်မှာပါလာသူ အမျိုးသား နှစ်ဦးက သေနတ်နဲ့ ပြန်လည်ခုခံဖို့ ကြိုးစားတဲ့ အတွက် ပူးပေါင်းတပ်က ပစ်ခတ်ရာမှာ မော်တော်ယာဉ်ကိုယ်ထည်ကို ၃ ချက်ထိမှန်ခဲ့သလို ဝဲဘက်ဘီးကိုလည်းထိမှန်ခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပွားစဉ်မှာဘဲ ယာဉ်ပေါ်မှာလိုက်ပါလာသူနှစ်ဦး က လျှိုအတွင်းကို ခုန်ချပြီး ထွက်ပြေးလွတ်မြောက် သွားခဲ့ ကြောင်း၊ ကျန်ရစ်ခဲ့တဲ့ယာဉ်ထဲမှာ မူးယစ်ဆေးဝါး ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကဖင်း (၃၂) ကီလို၊ မျောက်တံဆိပ်အနံ့ ဆေးရည် (၁) ပုလင်းကို တလီတာခန့်ပါဝင်တဲ့ ပုလင်း အလုံး (၆၀) ကို သိမ်းဆည်းထားတယ်လို့သိရပါတယ်။ လက်ရဖမ်းဆီးနိုင်ဖို့ ကြိုးစားတဲ့ မူးယစ် ပူးပေါင်းတပ်ဖွဲ့ကို လက်နက်နဲ့ ပြန်လည်ခုခံပြီး ထွက်ပြေးလွှတ်မြောက်သွားသူ နှစ်ဦးကိုလည်း အရေးယူပေးဖို့ တာချီလိတ်မြို့မရဲစခန်းမှာ မယ(ပ)၁၂၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ ဆောင်ရွက်ထားတယ်လို့သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။