• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ပျောက်ဆုံး တောင်တက်သမား ၂ ဦး အတွက် အသက်အာမခံ ထားခြင်းမရှိ

by နန်းဆိုင်နွမ်
22 September 2014
in Crime
A A
ခြေလျင်နှင့် တောင်တက် အသင်း, ခါကာဘိုရာဇီတောင် , အသက်အာမခံ , သဘာဝခေါ်သံ

ခါကာဘိုရာဇီ တောင်တက် ခရီးစဉ်တွင် လိုက်ပါသွားသည့် တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက် အသင်းမှ အဖွဲ့ဝင်များရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းက ပြန်လည်ရောက်ရှိလာစဉ် (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

18.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံးနေသည့် မြန်မာအမျိုးသား တောင်တက် သမား ၂ဦး အတွက် အသက် အာမခံ ထားခြင်း မရှိကြောင်း သိရသည်။

တောင်တက်သမား ၂ဦးဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူ တို့သည် ခါကာဘိုရာဇီတောင်ထိပ်ကို သြဂုတ်လ ၃၁ ရက် တွင် ရောက်ရှိခဲ့ပြီး တောင်အဆင်းတွင် ရာသီဥတုအခြေအနေကြောင့် ပျောက်ဆုံးကာ ရက်ပေါင်း ၂၀ ကျော်သည့် ယနေ့အချိန် အထိ ရှာဖွေနေရဆဲ ဖြစ်သည်။

RelatedPosts

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
67
မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
193
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
70

ထိုအခြေအနေကြောင့် တောင်တက်သမား ၂ ဦး အတွက် အသက်အန္တရာယ် စိုးရိမ်မှုများလည်း ရှိနေကြသည်။

တက္ကသိုလ်များ ခြေလျင် နှင့် တောင်တက် အသင်း သဘာ၀ ခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဌ ဦးမျိုးသန့်က မြန်မာ့ဓလေ့ အရ ခရီးသွားခါနီးတွင် အသက်အာမခံပါက နိမိတ်မကောင်းဟု ယူဆသဖြင့် အသက်အာမခံ မလုပ်ဆောင်ထားကြောင်း ယမန်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည့် တောင်တက်သမားများ အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ဖြေကြား ခဲ့သည်။

“အသက်အာမခံနဲ့ ထိခိုက်မှု အသက် အာမခံတွေ မရှိပါဘူး။ ထားဖို့ကလည်း တဦးတယောက်နဲ့ပဲ ဆိုင်တာပါ”ဟု ဦးမျိုးသန့်က ဧရာဝတီ သို့ ပြောသည်။

မြန်မာ့အာမခံ လုပ်ငန်းမှ (မီးအာမခံ) လက်ထောက် မန်နေဂျာ ဦးစောစိန်လင်း က အသက်အာမခံနှင့် ထိခိုက်မှု အသက်အာမခံ သည် တဦးတယောက်အနေဖြင့်လည်း ထားနိုင်ပြီး အသင်းအဖွဲ့အနေဖြင့်လည်း လာရောက် ထားနိုင်ကြောင်း၊ အသင်းအဖွဲ့အနေဖြင့် ထားပါက အသင်းအမည်နှင့် အသင်းဝင်အမည်များပါ ပေးရမည် ဖြစ်ကြောင်း မြန်မာပြည်တွင် အာမခံထားရှိမှု နည်းပါးနေသေးကြောင်းကို ဧရာဝတီသို့ ပြောသည်။

“တချို့လူတွေက အစွဲအလန်းပေါ့၊ အာမခံထားရင် မကောင်းဘူး။ တကယ်ဖွံ့ဖြိုးတဲ့ လုပ်ငန်းရှင်ဆိုရင် အဲ့ဒီလိုမဟုတ်ဘူး။ အာမခံ က ထားသင့်တာပေါ့။ လူဆိုတာ ဘယ်ချိန်မှာ ဘာဖြစ်မယ်ဆိုတာကို မမျှော်မှန်းတဲ့အန္တရာယ်တွေ ဖြစ်နိုင်တယ်”ဟု ဦးစောစိန်လင်း က ဆိုသည်။

တောင်တက်သမားများ အနေဖြင့်လည်း အသက်အာမခံ နှင့် ထိခိုက်မှုအသက် အာမခံထားမည် ဆိုပါက ထားနိုင်ကြောင်း သိရ သည်။

“တောင်တက်သမားတွေ အသက်အာမခံ ထားတဲ့ အလေ့အထက အရင်ကတည်းက မြန်မာပြည်မှာ မရှိဘူး။ အာမခံ ကိစ္စကလည်း အခုအချိန်လောက် မကျယ်ပြန့်သေးဘူး”ဟု ရန်ကုန်မြို့ရှိ အမည် မဖော်လိုသော တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက် အသင်း ဝင်ဟောင်း တဦးက ပြောသည်။

ခါကာဘိုရာဇီတောင် တက်သည့် မြန်မာအမျိုးသား ၂ဦး ပျောက်ဆုံးနေသည်ကို ရှာဖွေရန်အတွက် ယခုလ ၂၇ ရက် အပြီးရှာဖွေရန် ရက် သတ်မှတ်လိုက်ကြောင်းလည်း တောင်တက်သမားများကို ကူညီရှာဖွေ ပေးနေသော ထူးဖောင်ဒေးရှင်း ပြန်ကြားရေး တာဝန်ခံ ဦးဖြိုးကိုကို က ဧရာဝတီသို့ ပြောသည်။

တောင်တက်သမား ၂ဦး ကို သတ်မှတ်ရက် အတွင်း မတွေ့ခဲ့ပါက ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ၏ လမ်းညွန်ချက် အတိုင်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အတိအကျ မပြောနိုင်သေးကြောင်းနှင့် တောင်တက်သမား ၂ဦးကို အသက်ရှင်လျက်နဲ့ ပြန်လည်တွေ့နိုင်ရန် ကြိုးစား ရှာဖွေနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“လက်ရှိတော့ မြေပြင်ရှာဖွေရေး၊ ရဟတ်ယာဉ် ကောင်းကင်ရှာဖွေရေးနဲ့ သွားနေပါတယ်။ မြေပြင်ရှာဖွေရေးကနေတော့ သတင်း တွေ မရသေးဘူး။ တရုတ်ပြည် တိဘက်ကနေရှာဖွေတဲ့အုပ်စုဘက် တွေဆီကလည်း ဘာသတင်းမှ မရသေးဘူး။ ဒီမနက် သတင်းအရ တော့ ခါကာဘိုရာဇီ တောင်ဘက်မှာ ရာသီဥတုအခြေအနေ ဆိုးရွားနေပါတယ်”ဟု ဦးဖြိုးကိုကို က ပြောဆိုသည်။

ယမန်နေ့က ကျင်းပသည့် တောင်တက်သမားများ အတွေ့အကြုံ သတင်းစာရှင်းလင်းပွဲတွင် ဦးမျိုးသန့် က“တောင်တက်တဲ့ အတွေ့အကြုံအရ ပြောရရင်တော့ ရေခဲချောက် ထဲလည်း ရောက်ကောင်း ရောက်နိုင်တယ်။ လမ်းလည်း ပျောက်တာတွေ ဖြစ်နိုင်တယ်။ ရေခဲချောက်တွေအထိ ရှာဖွေဖို့ လုပ်ဆောင်နေပါတယ်။ ဒီရက်ပိုင်း အဲ့ဒီဒေသမှ ကျောက်တုံးတွေ ရေခဲတွေ နေ့စဉ်ပြိုကျနေပါတယ်” ဟု ပြောသည်။

ပျောက်ဆုံးနေသော မြန်မာ အမျိုးသား တောင်တက်သမား ၂ ဦးသည် အမြင့်ပေ ၁၉၂၉၆ ရှိ ခါကာဘိုရာဇီ တောင်ထိပ်ကို သြဂုတ် လ ၃၁ ရက်တွင် မြန်မာနိုင်ငံအလံကို စိုက်ထူးနိုင်ခဲ့ပြီး နိုင်ငံတော် သီချင်းနှင့် အသင်းသီချင်းတို့ကို ဆက်သွယ်ရေး စကားပြောစက်ဖြင့် Base Team နှင့် အပြန် အလှန် အဆက်သွယ်ရာမှ ကြားကြရကြောင်း သိရသည်။

တောင်အဆင်းတွင် လမ်းကြောင်း နှင့် ရာသီဥတု အခြေအနေကြောင့် Base Teamကို စက်တင်ဘာ ၅ ရက်တွင် ရောက်ရှိရန် သတ် မှတ်ထားခဲ့သော်လည်း ထိုတောင်တက်သမား နှစ်ဦးသည် မရောက်ရှိဘဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်ဟု ဦးမျိုးသန့် က ထပ်မံရှင်းပြ သည်။

တောင်တက်သမား၂ ဦး သတ်မှတ်ထားသည့် ရက်မရောက်ရှိလာသဖြင့် Base Team မှ ရွာလမ်းပြသည် အမြင့်ပေ ၁၅၈၀၀ နှင့် အမြင့်ပေ ၁၆၂၀၀ သို့ တက်ရောက်ရှာဖွေခဲ့ကြောင်းလည်း သိရသည်။

ယခင် ဦးတေဇ ကချင်ပြည်နယ် မဒွယ်ရေခဲတောင်တွင် ၄ရက်ခန့်ပျောက်ဆုံးခဲ့သည်ကို လာရောက် ကူညီရှာဖွေသည့် ထိုင်းနိုင်ငံ၊ Advance Aviation မှ B4 ရဟတ်ယာဉ်တစ်စီးနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ်မောင်းနှင်ခဲ့ဖူးသည့် အတွေ့အကြုံရှိ ထိုင်းနိုင်ငံ သား ရဟတ်ယာဉ်မောင်း နှစ်ဦး၊ အမေရိကန်၊ နီပေါ တောင်တက်ကျွမ်းကျင်သူများလည်း ရှာဖွေနေကြသည်ဟု ဆိုသည်။

ထို ခါကာကာဘိုရာဇီတောင်ကို မြန်မာ အမျိုးသား ၈ဦး တက်ရောက်ရာတွင် တောင်ထိပ်ကို ၂ဦးသာရောက်ရှိခဲ့ပြီး ကျန် ၆ ဦးမှာ Base Team တွင် ကျန်ခဲ့ကြောင်း၊ Base Team တွင် ကျန်ခဲ့သည့် ၆ ဦးသည် ရန်ကုန်သို့ စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။

ခါကာဘိုရာဇီ တောင်ထိပ်သို့ ၁၉၉၆ ခုနှစ်တွင် မြန်မာ-ဂျပန် ချစ်ကြည်ရေး ပူးပေါင်း တောင်တက်အဖွဲ့က တက်နိုင်ခဲ့ပြီး ဂန်လန်ရာဇီ တောင်ထိပ်ကို ယမန်နှစ်က မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့က တက်နိုင်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံတွင် ရေခဲတောင်ရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံတနိုင်ငံတည်းသာ ဖြစ်ပြီး ခါကာဘိုရာဇီ၊ ဂန်လန် ရာဇီ စသော တောင်များမှာ အမြင့်ဆုံးဖြစ်ကြသည်။

နီပေါ နိုင်ငံ ဟိမဝန္တာ တောင်တန်းတွင် တည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သော ဧဝရက် တောင်(Everest) သို့ မြန်မာနိုင်ငံ သား ၅ ဦး ယခုနှစ်မတ်လတွင် ပထမဆုံးအကြိမ် တက်ရောက်ရန် ထူးဖောင်ဒေးရှင်း အဖွဲ့မှ စီစဉ်ခဲ့သော်လည်း ရာသီဥတု ဒဏ်ကြောင့် အစီအစဉ် ဖျက်ခဲ့ရကြောင်း သိရသည်။

Your Thoughts …
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
တနှစ်တွင် သည်လ ပေပ၊ တလတွင် တရက်ထဲ

တနှစ်တွင် သည်လ ပေပ၊ တလတွင် တရက်ထဲ

ငြိမ်းချမ်းရေး, NCCT , UPWC

ရန်ကုန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာများ ညှိနှိုင်းမည်

Please login to join discussion
No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate