သတင်းတို

ဗြိတိန် ၂ ဦး အသတ်ခံရသည့် လိပ်ကျွန်းလူသတ်မှု၊ သံသယရှိ ၂ဦး၏ ဓာတ်ပုံများ ရဲက ရရှိ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်သည့် တရားခံဟု ယူဆရသူ ထိုင်းလူမျိုး ၂ ဦး၏ ဓာတ်ပုံကို ပြင်သစ်ကမ္ဘာလှည့်ခရီးသွားတဦးက ထိုင်းရဲတပ်ဖွဲ့ အားပြန်လည်မျှဝေပေးခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ အခင်းဖြစ်ပွားချိန်က လုံခြုံရေးကင်မရာမှတ်တမ်း၌ ပါရှိသည့် သံသယရှိသူ တဦး၏ ပုံစံမှာလည်း အဆိုပါ ထိုင်း ၂ ဦးအနက် တဦး၏ ရုပ်ပုံနှင့် ကိုက်ညီပြီး၊အရပ်၊ ခန္ဓာကိုယ်အရွယ်အစား၊ ဘယ်ဘက်နားတွင် နားကွင်းစွပ် ထား မှု စသည်များမှာ တပုံစံတည်းဖြစ်သည့်အတွက် လူသတ်မှု တရားခံဟု ယူဆထားသူပင်ဖြစ်သည်ဟု ရဲက ယုံကြည်ထားသည်၊ အဆိုပါ ထိုင်းလူမျိုး ၂ ဦးကမူ လူသတ်မှုတွင် မည်သို့မျှ မပတ်သက်ဟု ဆိုသော်လည်း ရဲတပ်ဖွဲ့အား DNA နမူနာပေးရန်လည်း ငြင်း ဆိုထားသည်၊ ယင်းလိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သင်္ကာမကင်းသူများထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာလည်း ပါဝင်ပြီး ခေါ်ယူစစ်ဆေးခံခဲ့ရသည်။

Loading