• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ကာချုပ်မင်းအောင်လှိုင်ရဲ့ UNFC အပေါ် ဝေဖန်ချက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်

by ထက်နိုင်ဇော်
23 September 2014
in Ethnic Issues
A A
မင်းအောင်လှိုင်

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။(ဓာတ်ပုံ-မြဝတီ)

11.7k
VIEWS
Share on FacebookShare on Twitter

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကြောင့် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ ဖြစ်စေနိုင်တယ်လို့ ဝေဖန်ပြောဆိုလိုက်တာမို့ အဲဒီပြောဆိုချက်ကြောင့် လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်နိုင်မယ့် အခြေအနေတွေ ပေါ်ပေါက်လာပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်အရာရှိကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ကာချုပ် မင်းအောင် လှိုင်က ငြိမ်းချမ်းရေး အကြောင်းပြုပြီး ပြည်ပနဲ့ နယ်စပ်ဒေသတွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တချို့ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာပြီး ပြည်တွင်းပြည်ပ အထောက်အပံ့ အကူအညီနဲ့ နိုင်ငံရေးနဲ့ အခြား အင်အား တည်ဆောက် မှုတွေ၊ တောင်းဆိုမှုတွေ လုပ်လာကြောင်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ရဲ့ မကြာသေးမီက ထုတ်ပြန် ကြေညာချက်ကြောင့် ငြိမ်းချမ်းရေး အခက်အခဲ ဖြစ် လာနိုင်တာမို့ သတိထားဖို့လိုကြောင်း ပြောဆိုသွား ပါတယ်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
22
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
52
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
283

ကာချုပ်မင်းအောင်လှိုင်ရဲ့ UNFC ရဲ့ မကြာသေးမီက ထုတ်ပြန်ချက်ဆိုတာက ဘယ်ထုတ်ပြန်ချက်ကို ရည်ရွယ် သလဲ ဆိုတာ သေချာမရှင်းလင်း ပေမယ့် စစ်တပ်နဲ့ အပစ်ရပ်စဲပြီးနောက် အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ UNFC က ဦးဆောင် ဆွေးနွေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ဆိုလိုပုံရပါတယ်။ UNFC ရဲ့ ဖွဲ့စည်းပုံကို မကြိုက်လို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) က UNFC အဖွဲ့ကနေ ထွက်ခွာချိန်မှာ ကာချုပ်ရဲ့ UNFC အပေါ် ဝေဖန် ချက်က တိုင်းရင်းသားအဖွဲ့တွေအကြား ဖြစ်ပေါ်နေတဲ့ သွေးကွဲမှုကို ပိုပြီး ပြိုကွဲအောင်လုပ်ဆောင်လိုက်သလိုပဲလို့ ဝေဖန် လာနေကြပါတယ်။

အစိုးရ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေကြားမှာ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေး နေစဉ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တိုင်းရင်းသားတွေ သွေးကွဲအောင်၊ ငြိမ်းချမ်းရေး ထိခိုက်အောင် မပြောသင့်ဘူးလို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပြောဆိုပါတယ်။

“ UNFC မှာ KNUက ပြဿနာ ဖြစ်ပြီးတော့ လတ်တလောထွက်သွားတဲ့ ပဋိပက္ခရှိတယ်။ UNFC အဖွဲ့တွင်းမှာ ဖြစ်နေတဲ့ ကိစ္စ တွေဟာလည်း သူ့ အတွင်းရေးသာလျှင် ဖြစ်တယ်။ သူ့ရဲ့ Internal Issue ဖြစ်နေတဲ့ ကိစ္စပေါ် မှာ သုံးသပ်တဲ့ ပုံစံမျိုး ကတော့ ကြောင်းကျိုးဆီလျော်မှု မရှိတဲ့ ကိစ္စပဲ” လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါ တယ်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖောနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့ ဟာ မကြာခဏဆိုသလို တွေ့ဆုံမှုရှိပြီး အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာကြောင့် KNU အပေါ် တိုင်းရင်း သား အဖွဲ့အစည်းတွေက “ကိုယ့်လူ သူ့ဘက်သား” လေလားဆိုပြီး သံသယတွေနဲ့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ကာချုပ်မင်းအောင်လှိုင်တို့ကလည်း KNU လောက် ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုမှ မကြာခဏဆိုသလို လက်ခံတွေ့ဆုံတာမျိုး မရှိခဲ့တာကြောင့် တိုင်းရင်းသားတွေကြားမှာရှိတဲ့ သံသယကို ပိုမိုကြီးထွားစေခဲ့ပြီး သံသယကြီးကြီးနဲ့ စောင့်ကြည့်မှုတွေကို ပိုမိုဖြစ်ထွန်းစေခဲ့ပါတယ်။

KNU နဲ့ UNFC ကွဲပြဲချိန်မှာတော့ ကာချုပ် မင်းအောင်လှိုင်က UNFC ကို သတိထားဖို့ ပြောဆိုမှုက KNU ဘက် မှာ တပ်မတော်က တသားတည်း ရပ်တည်နေတဲ့ သဘောထားကို ထုတ်ဖော်ပြသလိုက်တာဆိုရင်လည်း မမှား နိုင်ပါဘူး။ ကာချုပ်မင်းအောင်လှိုင်ရဲ့ သတိပေးပြောဆိုမှုက တိုင်းရင်းသားတွေကြားမှာရှိနေတဲ့ မညီညွတ်မှုကို “မီးလောင်ရာလေပင့်” ဆိုသလို ဖြစ်စေတာတော့ အမှန်ပါပဲ။

ဒါ့အပြင် UNFC ရဲ့ မူဝါဒ ဖြစ်တဲ့ “ဖက်ဒရယ် ပြည်ထောင်စု” ပေါ်ထွန်းရေးနဲ့ “ပြည်ထောင်စု တပ်မတော်” ဖွဲ့စည်းရေးတွေကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ သဘောတွေ့ပုံမရပါဘူး။ UNFC က ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ပြည် ထောင်စုတပ်မတော် ပေါ်ထွန်းရေးအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နေမယ့်အစား အားလုံးလက်ခံနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတခု အသစ်ပြန်ရေးဆွဲဖို့ တလျှောက်လုံး တိုက်တွန်း တောင်းဆိုခဲ့တာပါ။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ မကြာခဏ ပြောဆိုနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပြန်ရေးဆွဲဖို့ မူဝါဒရှိနေတဲ့ UNFC ကို လက်မခံနိုင် တာက သိပ်တော့ မဆန်းလှပါဘူး။ KNU နဲ့ UNFC အကွဲအပြဲမှာ UNFC ကို ဝေဖန်ပြီး KNU ဘက်က ဝင်ရပ် တည်လိုက်တာ ကတော့ တပ်မတော် ကာကွယ်ဦးစီးချုပ်အနေနဲ့ ဘက်လိုက်မှုဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါတယ်။

KNU အနေနဲ့ လတ်တလော UNFC ကို ကျောခိုင်းထားပြီးပြီဖြစ်ပေမယ့် UNFC က ခွဲထွက်ဖို့တော့ မဆုံးဖြတ် ရသေးပါဘူး။ တကယ်လို့ KNU သာ UNFC ထဲကနေ လုံးဝထွက်ခွာသွား ပြီဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေ စုပေါင်း ဖွဲ့စည်း ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဖွဲ့ (NCCT) အဖွဲ့ အတွင်းမှာ လည်း အကြီးအကျယ် ပြောင်းလဲမှု တွေ ဖြစ်နိုင်ပါတယ်။

UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက “အခုလို ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမှာ သူ (ကာချုပ်) တယောက်အနေနဲ့ အခုလို ထုတ်ပြောတာ နည်းနည်း ထူးဆန်းနေတယ်။ သူ့အနေနဲ့ ဘာကို ဆိုတာလဲ မရှင်းလင်းပေမယ့် သံသယဖြစ်မိ တာက အခုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်ပြီး မလိုချင်တဲ့ သဘောလားလို့ မေးချင်တယ်။ နောက်တချက်က အစိုးရနဲ့ NCCT တို့ သဘောတူ ထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ တပ်မတော်ကိစ္စကိုလည်း စစ်တပ်က သိပ်သဘောမကျဘူး။ အဲဒါကြောင့်ဖြစ်မယ်” လို့ သုံးသပ်ပါတယ်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ ကာချုပ်မင်းအောင်လှိုင်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး လုပ်နေစဉ်အတွင်းမှာ စိုးရိမ်လွန်ကဲမှုတွေများနေတယ်လို့ ဆိုပါတယ်။

“သူတို့ဘက်က စဉ်းစားတာက UNFC က ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို အားသန်နေ တာရယ်၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း တွေဖြစ်တဲ့ NLD၊ UNA၊ UNFC အဖွဲ့တွေ ပေါင်းပြီးတော့ သူပြော သလိုဆိုရင် အတွင်း အပြင် ပေါင်းပြီးတော့ အင်အားကောင်းလာမှာကိုလည်း စိုးရိမ်ပုံရတယ်” လို့ ဦးခွန်ထွန်းဦး က ပြောပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက တပ်မတော်အနေနဲ့ UNFC ရဲ့ လုပ်ငန်း ဆောင်ရွက်မှု တွေကို အမြင်မရှင်းတာ ၊ သံသယ ဖြစ်တယ်ဆိုတာမျိုးဖြစ်တယ်ဆိုရင် အခုလုပ်ဆောင်နေတဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေမှာ ပွင့်ပွင့် လင်းလင်းပြောဖို့ လိုအပ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုလို့ရနေတဲ့ အနေအထားမျိုးမှာ တဖက်သတ်အမြင်နဲ့ ပြောဆိုတာမျိုးတွေ၊ စွပ်စွဲတာမျိုးတွေ လုပ်နေမယ်ဆိုရင် လက်ရှိသွားနေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ကတိမ်းကပါး ဖြစ်စေနိုင်တယ်လို့ သတိပေး ပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမှာ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေမယ့် ကိစ္စမျိုးကိုဘယ်အဖွဲ့ အစည်းကပဲ လုပ်လုပ်ဒါဟာ နိုင်ငံရေး ရာဇဝတ်မှု၊ နိုင်ငံရေး လူသတ်မှု ကျူးလွန်တာနဲ့ အတူတူပဲလို့ တိုင်းရင်း သား နိုင်ငံရေးပါတီ ၁၉ ခုနဲ့ ဖွဲ့စည်းထားသည့် တိုင်းရင်းသားညီနောင်များ ဖက်ဒရေးရှင်း (NBE) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောပါတယ်။

 

Your Thoughts …
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဗိုလ်တိုက်ဂါး

ဘယ်သူလဲ ဗိုလ်တိုက်ဂါး

အသောအထေ့

အသောအထေ့ကြားက ဘဝအမောများ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate