၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိတာမို့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရနိုင်ခြေရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ သမ္မတလောင်း ရာထူးအတွက် ကိုယ်ပိုင် ကိုယ်စားလှယ် မရှိခဲ့ရင် လက်ရှိပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ”ရွေးကောင်းရွေးနိုင်တယ်” လို့ Reuters သတင်းက ရေးသားလိုက်ပါတယ်။
ဒီသတင်းကို နိုင်ငံတကာ စာနယ်ဇင်း တော်တော်များများက ပြန်လည်ဖော်ပြကြပြီး NLD က ဒီသတင်း မဟုတ်ဘဲ လွဲမှား ရေးသားတာလို့ ငြင်းဆိုပါတယ်။ ဦးရွှေမန်းကို သမ္မတလောင်းအဖြစ်ရွေးနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟို အလုပ်အမှုဆောင် ဦးဟံသာမြင့်နဲ့ ဦးဉာဏ်ဝင်းကို ကိုးကား ပြီး Reuters သတင်းကဖော်ပြပေမယ့် ဦးဟံသာမြင့် ကတော့ သူ အဲဒီလို မပြောဆိုခဲ့ဘူးလို့ ငြင်းဆိုပါ တယ်။
”ကျနော်တို့အနေနဲ့ Reuters ကို ဒီလိုမပြောခဲ့ဘူးဆိုတာ ကြေညာချက်ထုတ်ပြီး စာပြန်ပို့ထားပါတယ်။ Reuters လုပ်တာ က မှားတာမဟုတ်ဘူး။ ကျနော်မပြောဘဲနဲ့ ပြောတယ်လို့ ထည့်ရေးတာက မှားတာ။ သူ့သတင်းထဲမှာ ကျနော်ကပဲ ပြောသလိုလို ထည့်ရေးထားတယ်။ ကျနော် ပြောတဲ့အထဲမှာ ဦးရွှေမန်းဆိုတဲ့ စကားတလုံးမှမပါဘူး။ ဦးရွှေမန်းကို ထောက်ခံ မယ်ဆိုတာလည်း မပါဘူး” လို့ ဦးဟံသာ မြင့်က ဧရာဝတီကိုပြောပါတယ်။
Reuters သတင်းမှာတော့ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ သမ္မတ နေရာအတွက် ကိုယ်စားလှယ် လောင်း မရှိတဲ့အတွက် စစ်တပ်ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ လက်ရှိ အာဏာရပါတီက ဗိုလ်ချုပ်ကြီး ဟောင်းတယောက်ကိုပဲ “ထောက်ခံမှု ပေးကောင်း ပေးနိုင်တယ်” လို့ ဖော်ပြထားပါတယ်။
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးညာဏ်ဝင်းက စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် တိုက်ဖျက်ဖို့ ဖွဲ့စည်းခဲ့တဲ့ NLD ပါတီ အနေနဲ့ ဦးရွှေမန်းကို ထောက်ခံရေးဟာ အငြင်းပွားဖွယ်ရာ ဖြစ်လိမ့်မယ် လို့ပြောဆိုကြောင်း Reuters သတင်းမှာ ရေးသားထားပါတယ်။
NLD ပါတီဝင် အများအပြားကို စစ်တပ်က ဖမ်းဆီးထောင်ချခဲ့ပြီး စစ်တပ်အရာရှိဟောင်းတွေ အုပ်ချုပ်နေတာကို ဆန့်ကျင်မှုတွေ NLD ပါတီ အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။
“တကယ်လို့ ကျနော်တို့က ဦးရွှေမန်းကို သမ္မတ အဖြစ် ရွေးချယ်လိုက်ရင် ပါတီအတွက် ပြဿနာတွေ အများကြီး မြင့်တက်လာနိုင်တယ်။ ကျနော်တို့ ပါတီဝင်အများစုနဲ့ ပြည်သူတွေက တိုင်းပြည်ကို စစ်တပ် က လူတွေအုပ်ချုပ်တဲ့ အခြေအနေကို မကြိုက်ကြဘူး” လို့ ဦးဉာဏ်ဝင်းက ပြောထားပါတယ်။ သို့သော်လည်း ဦးရွှေမန်းဟာ NLD ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ အလားအလာအကောင်းဆုံး သမ္မတလောင်းဖြစ်တယ်လို့ ဦးညာဏ်ဝင်းက ဆိုပါတယ်။
နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေကတော့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးမှာ အလွန်နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့ကြပြီးတော့ လက်ရှိ အာဏာရပါတီအတွင်းမှာရှိတဲ့ တခြားသူ တွေထက် ပိုကောင်းမွန်တဲ့ ဆက်ဆံရေးတရပ် ရှိနေ တယ်လို့ သုံးသပ်ပါတယ်။
သူရဦးရွှေမန်း ကိုယ်တိုင်က ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားတဲ့ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ပေးဖို့ ထောက်ခံမယ့်သူလို့တောင် သတင်းတွေ ထွက်ခဲ့ပါ သေးတယ်။
ဒါပေမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဖို့ ဖွဲ့ စည်းထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ကော်မတီက ပုဒ်မ ၅၉(စ) ကို ပြင်ဆင်မပေးတော့ ဘူးဆိုတဲ့သတင်း ထွက်လာပြီးနောက်ပိုင်းမှာတော့ သူတို့ ၂ ဦးကို
အရင်လိုတွဲပြီး မတွေ့ကြတော့ပါဘူး။
မကြာသေးခင်ကတော့ လက်ရှိသမ္မတဦးသိန်းစိန် ကလည်း သူ့ခရီးစဉ်အတွင်းမှာ “ပြည်သူတွေသာ ဆန္ဒရှိရင် သမ္မတသက်တမ်း ထပ်ပြီးတာဝန်ယူဖို့ ဆန္ဒရှိတယ်” လို့ ပြောခဲ့ပါသေးတယ်။
Reuters သတင်းပါ အကြောင်းအရာတွေအရဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအလွန် လွှတ်တော် ထဲမှာ အများစုနဲ့ အနိုင်ရနိုင်တယ်လို့ ခန့်မှန်းထား ကြတဲ့ NLD ရဲ့ ထောက်ခံမှုဟာ ဦးသိန်းစိန်ထက် ဦးရွှေမန်းကို ပိုပြီး
မျက်နှာသာပေးမယ့်ပုံ ပေါ်လာ ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ NLD က လွှတ်တော် ကိုယ်စားလှယ် နေရာအများစု အနိုင်ရခဲ့မယ်ဆိုရင် NLD က ထောက်ခံတဲ့သူက သမ္မတဖြစ်လာနိုင်လို့ လက်ရှိ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တဲ့ အနေအထားမှာ NLD ဘက်က သမ္မတဖြစ်လောက်မယ့် လူမျိုးကို ခုချိန်ကစပြီးတော့ ပြည်သူလူထုနဲ့ မိတ်ဆက်ပေးသင့် တယ်လို့ မြန်မာ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီကို ပြောပါတယ်။
“သမ္မတဖြစ်နိုင်ဖို့ အလားအလာရှိတဲ့ ခေါင်း ဆောင် ၂ ယောက် ၃ ယောက်ကို ပြည်သူလူထုနဲ့ မိတ်ဆက်ပေးဖို့လိုတယ်။ ပြည်သူလူထုထဲမှာ သူတို့ ကို Promote လုပ်ဖို့လိုတယ်။ အဲလို မလုပ်ထားဘူး ဆိုရင် တဖက်ကနေပြီးတော့ အခု Reuters မှာ ရေးသလိုမျိုး သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံတာမျိုး ဖြစ်မလာဘူးလို့ ပြောလို့မရဘူး။ အဲလို အနေအထား ရှိနေတယ်” လို့ သူကဆိုပါ တယ်။