မြန်မာ့တပ်မတော်အတွင်းရှိ တိုင်းစစ်ဌာနချုပ် အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ကလေးစစ်သား ၁၀၉ ဦးကို နှုတ်ထွက်ခွင့်ပြုကာ၊ မိဘများထံသို့ ယမန်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်၊ ယခုတကြိမ်သည် အများဆုံးပြန်လွှတ်ပေးခြင်းဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်ကတည်းက စစ်တပ်အတွင်းရှိ ကလေးစစ်သားများကို စိစစ်လွဲပြောင်းပေးနေရာ စုစုပေါင်း ၄၇၂ ဦး ရှိပြီဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။