သတင်းတို

ကျေးတမာနဲ့ ပေဖူးလွှာကဏ္ဍ စီစဉ်တင်ဆက်ခဲ့သူ ဘီဘီစီ ဦးနေဝင်းကွယ်လွန်

This article has been converted from Zawgyi One to Unicode

ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်၌ မြန်မာသောတရှင်များ အကြား လူကြိုက်များသည့် မေးပါများစကား ရ၊ ကျေးတမာနဲ့ ပေဖူးလွှာစတဲ့ ကဏ္ဍတွေကို စတင်တင်ဆက်ခဲ့သူ ဘီဘီစီဝန်ထမ်းဟောင်း ဦးနေဝင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ကရွန်ဝဲလ် ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန် ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး၊ ဇနီး ဒေါ်ခင်ဝင်းမြနဲ့ သားသမီး ၆ ဦးကျန်ရစ်ခဲ့ကြောင်း ဘီဘီစီ သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

Loading