• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

“တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ အမျိုးသမီး မပါလို့မရဘူး”

by ဧရာဝတီ
26 September 2014
in Women
A A
အမျိုးသမီး

WON မှ ညှိနှိုင်းရေးတာဝန်ခံ ဒေါ်မာမာချို (ဓာတ်ပုံ - နန်းဆိုင်နွမ်/ ဧရာဝတီ)

2.1k
VIEWS
Share on FacebookShare on Twitter

အမျိုးသမီး နှင့် ငြိမ်းချမ်းရေး၊ အမျိုးသမီးနှင့် တန်းတူညီမျှရေး၊ အမျိုးသမီးနှင့် တရားမျှတရေး၊ အမျိုးသမီး ခေါင်းဆောင်မှု သင်တန်းများဖွင့်လှစ် ဆောင်ရွက်နေသည့် အမျိုးသမီးများ ကွန်ရက်(မြန်မာ) Women’s Organizations Network of Myanmar (WON) မှ ညှိနှိုင်းရေး တာဝန်ခံ ဒေါ်မာမာချိုကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်းထားသည်။ ဒေါ်မာမာချိုသည် ၁၉၉၇ ခုနှစ်မှ စပြီး ကြည့်မြင်တိုင် အရိုးဆေးရုံတွင် သူနာပြု ဆရာမ အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ခုနစ်တွင် World Vision တွင် အမျိုးသမီးနှင့် ကျန်းမာရေး ကဏ္ဍကို တာဝန်ယူခဲ့သူ ဖြစ်ကာ ၂၀၁၃ ခုနှစ်မှ စတင်၍ အမျိုးသမီးများကွန်ရက် (မြန်မာ) တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။

မေး။ ။ လက်ရှိ WON က ဘာတွေ လုပ်ဆောင်နေပါသလဲ။

RelatedPosts

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
26
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
635
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
722

ဖြေ။ ။ အထူးသဖြင့် အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသမီးနဲ့ တန်းတူညီမျှရေး၊ အမျိုးသမီးနဲ့ တရားမျှတရေး၊ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးနဲ့ နိုင်ငံရေး စတာတွေနဲ့ ပတ်သတ်ပြီး (Advocacy) ဝါဒဖြန့်ချိတာတွေ လုပ်ပါတယ်။

မေး။ ။ အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး ပညာပေး ကဏ္ဍတွေမှာရော ဘာတွေကို အဓိက ပေးပါသလဲ။

ဖြေ။ ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့အတွက် CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ်) CEDAW မှာပါတဲ့ အချက်တွေကို အဓိက ပညာပေးပါတယ်။ CEDAW ကို အစိုးရက အမျိုးသမီးတွေကို အကြမ်းဖက်မှု မရှိပါဘူး၊ ခွဲခြားဆက်ဆံတာတွေ မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်အထိ ရှိတုန်းပါပဲ။ အဲဒါတွေကို ကျမတို့ အမျိုးသမီးတွေ ကိုယ်တိုင်က မသိကြဘူး။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ခွင့် ရလာအောင် ကျမတို့ ပညာပေးမှုတွေ လုပ်ပါတယ်။ ကျမတို့ အမျိုးသမီးတွေကိုယ်တိုင်က ဒါတွေကို မသိတဲ့ အတွက် သိအောင် လုပ်ရမယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေ ပြီးတော့ အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ အပိုင်းတွေကို အမျိုးသမီးတွေ ကိုယ်တိုင် ခံစားရမှ၊ သိမှ အမျိုးသမီး အခွင့်အရေး ကိုယ်တိုင် တောင်းဆိုလို့ရမယ်။ ကျမတို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမှောင်ဖုံး ခံခဲ့ရတယ်။ အခွင့်အရေး ဆိုတဲ့ စကားတောင် မသုံးရဲဘူး။ အခု ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ကာလရောက်တော့ ကျမတို့အမျိုးသမီးတွေ ဒါတွေကို သိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ အမျိုးသမီးတွေ ဦးဆောင်တဲ့ အပိုင်း၊ ဆုံးဖြတ်ချက် ချတဲ့အပိုင်းမှာ ပါရမယ့် အတွက် အမျိုးသမီး ခေါင်းဆောင်မှု၊ ဦးဆောင်မှု (Leadership) ကိုလည်း ပညာပေးပါတယ်။

မေး။ ။ Women Leadership သင်တန်း ပေးတဲ့အချိန်မှာ ဘာတွေက အခက်အခဲ ရှိလဲ။

ဖြေ။ ။ ကျမတို့က အမျိုးသမီးတွေ အနေနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ပါရမယ်လို့ အော်နေပါပြီ။ လွှတ်တော်မှာ ၃၀ ရာခိုင်နှုန်း ပါရမယ်လို့ ပညာပေးတွေ၊ သင်တန်းတွေ ပေးခဲ့တယ်။ အကျိုးသက်ရောက်မှု ကတော့ အမျိုးသမီးတွေ ကိုယ်တိုင် ဦးဆောင်ရမယ်၊ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ကိုယ်ကိုယ်တိုင် ပါဝင်ရမယ် ဆိုတာတွေ သိနေပြီ။ ဒါပေမယ့် အခု ရပ်/ ကျေး အုပ်ချုပ်ရေးတွေမှာ အမျိုးသမီးတွေ ပါဝင်ရမယ်လို့ ပြောနေမယ့် ကျမတို့ ခွဲခြားဆက်ဆံ ခံရတာတွေ အခုထိ ရှိနေတုန်းပါပဲ။ ကျမတို့တတွေက မိသားစုမှာ ဦးဆောင်တဲ့ မိသားစုဝင်တွေ မဟုတ်တဲ့အတွက် ရပ်/ ကျေး အုပ်ချုပ်ရေး ပိုင်းမှာ ဝင်လုပ်လို့မရဘူး၊ ပယ်ချခံရပါတယ်။ ကျမတို့ အမျိုးသမီးတွေက ရပ်ကွက် အုပ်ချုပ်ရေးမှူး တက်လုပ်ချင်တယ် ဒါပေမယ့် ကျမတို့ကို အောက်ပိုင်း နေရာမှာပဲ ပေးနေတုန်းပါပဲ။

မေး။ ။ Leadership သင်တန်း ပေးတဲ့အခါမှာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှုတွေ ရလာမယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ကျမတို့ ကိုယ်တိုင်ကလည်း သင်တန်းတွေ ရခဲ့တယ်။ ပြီးတော့ သင်တန်းတွေကိုလည်း ကျမတို့က တဆင့် ထပ်ပေးတော့ အမျိုးသမီးတွေ တော်တော်များများက ငါတို့ ခေါင်းဆောင် လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ် ဆိုတာ အားလုံး သိလာတယ်။ သူတို့ကိုယ်သူတို့ ခေါင်းဆောင်လုပ်ဖို့ အတွက်လည်း အဆင်သင့် ဖြစ်နေပြီ။ ရပ်/ ကျေးက စပြီး ဟိုအပေါ်အထိ ကျမတို့ အမျိုးသမီးတွေက ၂၀၁၄၊ ၂၀၁၅ မှာ တော်တော်များများ ပါဝင်နိုင်မယ်လို့ ယုံကြည်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ကျမတို့ အဖွဲ့ဝင်တွေ ပါဝင်ရွေးချယ်ဖို့ အတွက် ပြင်ဆင်နေကြပါပြီ။

မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီး တွေ ပါဝင် ရွေးကောက် ယှဉ်ပြိုင်ဖို့အတွက် ဘယ်လို ပညာပေးမှုတွေ ဘယ်လို သင်တန်းတွေကို ပေးနေပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲ အပိုင်းတွေကိုလည်း နာလည်းအောင် အမျိုးသမီးတွေကို သင်တန်းတွေ ပေးနေတယ်။ အမျိုးသမီးတွေ မဲပေးခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေ ရမယ်၊ အမျိုသမီးတွေ ခေါင်းဆောင်ပိုင်း ရောက်တဲ့အခါ အမျိုးသမီးတွေနဲ့ ပတ်သက်တာတွေကို ဆွေးနွေးနိုင်မယ် ဆိုတာကိုလည်း ကျမတို့က ပို့ချ ပေးနေပါတယ်။ အမျိုးသမီးတွေ ငြိမ်းချမ်းရေး ပိုင်းမှာ ပါဝင်လာဖို့ အတွက် ကျမတို့လုပ်နေပါတယ်။

မေး။ ။ လွှတ်တော်မှာ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ဖို့ တောင်းဆိုတာတွေက တကယ်ရော ဖြစ်လာမယ်လို့ ထင်ပါသလား။

ဖြေ။ ။ တကယ်ဖြစ်လာဖို့ ဆိုတာကတော့ လက်ရှိမှာ ကျမတို့ အမျိုးသမီးတွေက အင်အား စုစည်းပြီးတော့ အမျိုးသမီး တွေရဲ့ အသံကို ထွက်အောင် ကြိုးစားရမယ်။ လွှတ်တော်ထဲကို ကျမတို့ တင်သွင်းမယ်။ ပြီးတော့ ကျမတို့ ကြိုးစားပြီးတော့ ပါဝင်ဖို့ ရအောင်လည်း လုပ်မယ်၊ ဒါပေမယ့် အခုအချိန်ထိတော့ ၃၀ ရာခိုင်နှုန်း အထိ မရသေးဘူးပေါ့။ ဖြည်းဖြည်းတော့ အမျိုးသမီး ဦးရေ များလာမယ်။ ဒါပေမယ့် ကျမတို့ရဲ့ စိန်ခေါ်မှုတခုကတော့ ကျမတို့လိုချင်တာ ပြင်ပ လူမှုကွန်ရက်က အမျိုးသမီးတွေကို လိုချင်တာ။ လက်ရှိပါနေတာကတော့ ကျမတို့လိုချင်တဲ့ အမျိုးသမီးတွေ မဟုတ်သေးဘူး။ ကျမတို့ လိုချင်တဲ့ အမျိုးသမီးတွေက တကယ်ပဲ လူမှု အဖွဲ့အစည်းမှာ ပါဝင်နေတဲ့ အမျိုးသမီး၊ အစိုးရ ဌာနမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး၊ တကယ် ပြည်သူတွေ တင်မြှောက်ထားတဲ့ အမျိုးသမီးတွေကို လိုချင်တာပါ။

မေး။ ။ လွှတ်တော်မှာ ပြောနိုင် ဆိုနိုင်တဲ့ အမျိုးသမီးတွေ ဖြစ်လာဖို့ရော ဘယ်လိုတွေ လုပ်ဆောင်သင့်ပါလဲ။

ဖြေ။ ။ ကျမတို့ ထောက်ခံမှုတွေ ရအောင် လုပ်ရမှာပေါ့။ အခုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့ သူတွေလည်း ရှိပါတယ်။ ပြီးတော့ တခြား အမျိုးသား လွှတ်တော်အမတ် တွေကို ဝါဒဖြန့်ရမယ်။ ကမ်ပိန်းလုပ်ရမယ်။ ပါဝင် ဆွေးနွေးပေးဖို့ ကျမတို့ ဘက်ကလည်း ပြင်ဆင်နေတယ်။ လွှတ်တော်ထဲမှာ ဝါဒဖြန့်ဖို့လည်း ပြင်ဆင်နေပါတယ်။

မေး။ ။ ခေါင်းဆောင်မှုနဲ့ ပတ်သတ်ပြီး ဘယ်ဒေသတွေကို အဓိက သင်တန်း ပေးပါသလဲ။

ဖြေ။ ။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ပြီးတော့ ကျမတို့ ကွန်ရက်တွေရှိတဲ့ ဒေသတွေမှာ လုပ်နေပါတယ်။ မြန်မာပြည်မှာ ဆိုရင် ကျမတို့ အမျိုးသမီးများ ကွန်ရက်က အကြီးကြီး ဖြစ်နေလာပြီ။ အခုဆိုရင် CEDAW နဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတဝှမ်းမှာ ရှိတဲ့ အမျိုးသမီးတွေကို ပေးနေပါတယ်။ ပြီးတော့ ကျမတို့ အနေနဲ့ကလည်း မန္တလေးမှာ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တွေမှာလည်း ရုံးခွဲဖွင့်ဖို့ရှိပါတယ်။

မေး။ ။ ကွန်ရက် အဖွဲ့ဝင်တွေ ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် ကျမတို့က နိုင်ငံတနိုင်ငံလုံးကို Cover လုပ်ထားတာပါ။ ကွန်ရက်တွေ အများကြီးနဲ့ ချိတ်ဆက်ပြီး လုပ်တဲ့အဖွဲ့ပါ။ ရှမ်းမြောက်ဆိုရင် ကွန်ရက် ၂၃ ဖွဲ့နဲ့ ဖွဲ့ထားတယ်။ အမျိုးသမီး အဖွဲ့ တော်တော်များများနဲ့ Cover ဖြစ်နေပါတယ်။

မေး။ ။ လက်ရှိ တပ်သား ရဲမေတွေ လွှတ်တော်ထဲ ရောက်လာတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အရပ်ဘက် လူမှုအဖွဲ့အစည်းမှာ ပါဝင်တဲ့ အမျိုးသမီးတွေ ဖြစ်ဖို့ အတွက်လည်း ကျမတို့ အမျိုးသမီးတွေကို Capacity မြင့်အောင် လုပ်ပေးနေပါတယ်။ တပ်သားရဲမေတွေချည်းပဲ ပါလို့ မဖြစ်ဘူးလေ။ အမျိုးသမီး အသံတွေ ပါဝင်ဖို့အတွက် ပိုပြီးတော့ ဒီထက် ပါဝင်ဖို့ ကြိုးစားရမှာပါ။

မေး။ ။ ရွေးကောက်ပွဲကလည်း နီးလားပြီဆိုတော့ အစ်မပြောသလို အမျိုးသမီး အမတ်အဖြစ် ဝင်ရောက်ရွေးမယ့် သူတွေက တကယ်ရော အရည်အချင်းပြည့်ဝတဲ့ သူတွေဖြစ်နေပြီလား။

ဖြေ။ ။ ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမယ့် အမျိုးသမီးတွေကတော့ လက်ရှိမှာလည်း အမျိုးသမီး ကွန်ရက်တွေမှာ ခေါင်းဆောင်တွေ လုပ်နေပါတယ်။ အခု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကွန်ရက်ထဲက အမျိုးသမီးတွေက ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ထားဝယ် မှာလဲ ရှိပါတယ်။ ပြည်နယ်က အမျိုးသမီးတွေက သူတို့ ပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေ အကြောင်း သူတို့ ပိုသိတယ်လေ။ လွှတ်တော်ထဲ ပါဝင်ဖို့ တွန်းပို့နေပါတယ်။ ပြီးတော့ လိုအပ်ရင်လည်း ကျမတို့က အနီးကပ် Camp သွင်းပြီးတော့ သင်ကြားပေးဖို့ ရှိပါတယ်။ သူတို့ Capacity မြှင့်တင်ဖို့အတွက် ကတော့ ကျမတို့ ထောက်ပံ့သွားမှာပါ။ လက်ရှိတော့ ကျမတို့ ပြင်ဆင်ပေးနေတဲ့ ကျမတို့ Member ထဲက အမျိုးသမီးကတော့ ၁၀ ဦးလောက် ရှိနေပါပြီ။

မေး။ ။ အမျိုးသမီး အရေးနဲ့ ပတ်သက်ပြီး ဧရာဝတီကတဆင့် ဘာတွေများ ထပ်မံ ဖြည့်စွက် ပြောဆိုချင်ပါသလဲ။

ဖြေ။ ။ ကျမတို့ ပြောနေတဲ့ အမျိုးသမီး အင်အားတွေ ပါဝင်လာအောင် ဆိုတာတွေက အစိုးရပိုင်းမှာ ပါနေတဲ့ အမျိုးသမီးတွေ ထဲကမှ မဟုတ်ပါဘူး။ ကျမတို့တတွေ တကယ် အရပ်ဖက် လူမှုအဖွဲ့အစည်းမှာ ရှိတဲ့ အမျိုးသမီး၊ တကယ်အရည်အချင်းရှိတဲ့ အမျိုးသမီး၊ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့အမျိုးသမီးတွေ အတူတကွ ပါဝင်ကြဖို့ ကျမ တောင်းဆိုတယ်။ ပြောလည်းပြောချင်တယ်။ ကျမတို့ အစိုးရပိုင်းမှာ ရှိတဲ့ အမျိုးသမီးတွေပဲ သွားလို့မရပါဘူး။ ကျမတို့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုရင် အားလုံး အတူတကွ လက်တွဲညီညီ ဟန်ချက် ညီညီ သွားနိုင်ဖို့ လိုအပ်တယ်ဆိုတာ ပြောချင်တယ်။ ဟန်ပြ အမျိုးသမီးတွေ ထည့်နေတာကိုလည်း ကျမတို့ မလိုလားဘူး။ တကယ်ပဲ အရည်အချင်းရှိပြီး တိုင်းပြည်ဟာ တိုးတက် နေဆဲ အချိန်မှာ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် အမျိုးသမီးခေါင်းဆောင်နဲ့ အမျိုးသမီးတွေ အများကြီး ဖြစ်လာမယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ ဆိုရင် အမျိုးသမီး မပါလို့မရဘူး။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးတွေကိုလည်း ချန်ထားလို့မရဘူး။ ဒီအမျိုးသမီးတွေရဲ့ ထက်မြက်တဲ့ ဉာဏ်ပညာနဲ့ ဦးဆောင်သွားမယ် ဆိုရင် ကျမတို့ တိုင်းပြည်က အများကြီး တကယ်ပဲ ဖွံ့ဖြိုးပြီး တကယ်ပဲ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မယ် ဆိုတာကို ကျမ ပြောချင်ပါတယ်။ အဲအတွက်လည်း ကျမ မျှော်လင့်ပါတယ်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အေးချမ်းမြတ်မိုး

ဥပဒေလောကသားတွေ ရှက်တတ်ရဲ့လား

DKBA

ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလ အစိုးရစစ်တပ်နှင့် DKBA တိုက်ပွဲ ဖြစ်ပွား

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate